By Myanmar Property News, Shweproperty.com
Updated at 30 December 2017
မြေ၀ယ်ချင်လို့ ဘယ်လိုများ ၀ယ်ရမလဲဆိုတဲ့ မြေ၀ယ်နည်းများကို မေးမြန်း လာတဲ့အတွက် ဒီတစ်ပတ် မြေ၀ယ်ယူပုံ လေးကို ရေးသားတင်ဆက်လိုက်ပါ
တယ်။
လူကြီးမင်းတို့ဟာ ဂရံမြေတစ်ကွက်ကို ၀ယ်ယူရန်အတွက် မြေအမည်ပေါက် ပိုင်ရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့သည် ဆိုပါစို့။
ဒါဆိုပထမဆုံးလုပ်ရမယ့်အလုပ်ကမြေဈေးကို ညှိရပါမယ်။ ပိုင်ရှင်ခေါ်ဈေးနဲ့ လူ ကြီးမင်းတို့ရဲ့ ပေးနိုင်မယ့်ဈေးကိုညှိရပါမယ်။ ဈေးညှိပြီးလို့ ကြိုက်ပြီဆိုတာ နဲ့ ၀ယ်ယူမည့်မြေကွက်ရဲ့ ဂရံမြေခွန်နှင့် အရောင်းအ၀ယ် စာချုပ်တို့ကိုေ တာင်း ယူကြည့်ရှုပြီး အမည်ပေါက်မြေပိုင်ရှင်က ရောင်းခြင်း ဟုတ်/မဟုတ် ကို လေ့ လာရပါမယ်။
အမည်ပေါက်မြေပိုင်ရှင် ရောင်းသည်ဆိုပါက အရောင်းအ၀ယ်အတွက် စ ရံငွေ ပေးချေလို့ရပါပြီ။ စရံငွေ အချို့ ပေးချေသည့်နေ့၌ ယင်းမြေကွက်၏ မြေ ဂရံ မူရင်းအားမှန်ကန်ခြင်း ရှိ / မရှိ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ (သို့) အိုးအိမ်ဦးစီးဌာန အစရှိသည်တို့၌ သွားရောက် စစ်ဆေးရပါမည်။
မှန်ကန်ပါက ယင်းမြေကွက်နှင့် သက်ဆိုင်ပတ်သက်သော စာချုပ်စာတမ်းများ ကို မိတ္ထူတစ်စုံကူးယူထားရပါမည်။ ၎င်းအပြင် နိုင်ငံပိုင်သတင်းစာ၌ ယင်းမြေ ကွက်နှင့်ပတ်သက်ပြီး စရံငွေတချို့ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုသူများ ရှိပါက လာရောက်ကန့်ကွက်နိုင် ကြောင်း သတင်းစာကြော်ငြာ ထည့်သွင်းရ ပါမည်။
အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုနိုင်ရန် အတွက် မြေကွက်ပိုင်ရှင်အား ၎င်း၏ ကုန်ကျစရိတ်နှင့် အရောင်းမြေပုံကူးယူပေးရန် တောင်းဆိုရပါမည်။
သတင်းစာ၌ ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်သွင်းပြီး (၁၄) ရက်ပြည့် သည့်တိုင် လာရောက်ကန့်ကွက် မည့်သူမရှိပါက အရောင်းအ၀ယ်အား ဆက် လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မြေကွက်နှင့်ပတ်သက်ပြီး နောက်ဆုံးကျန်ငွေအား ၀ယ်ယူသူမှ ရောင်းချသူ သို့ ပေးချေမည့်နေ့တွင် ရောင်းချသူထံမှ ရောင်းချမည့် မြေကွက် နှင့်တကွ ဂရံမူရင်း၊ မြေခွန်မူရင်း၊ ရေခွန်မူရင်း၊ မီတာခွန်နှင့် ယင်းမြေကွက်နှင့် စပ်ဆိုင် ပတ်သက်သော စာချုပ်စာတမ်း မူရင်းအားလုံးကို ၀ယ်ယူမှတောင်းခံရမည့် အပြင် ယင်းမြေကွက်အား ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ၀ယ်သူမှ စ ရိတ်စကကျခံပေးပြီးရောင်းချသူမှ သက်ဆိုင်ရာ ရုံးဌာနအသီးသီးတွင် လက် မှတ်ရေးထိုးဆောက်ရွက် ပေးမည်ဖြစ်ကြောင်း အရောင်းအ၀ယ် စာချုပ်၌ က တိပြုလက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။
ရောင်းချသူအနေနှင့် ၀ယ်ယူသူအမည်ပေါက်ရေးအတွက် ရုံးဌာနအသီးသီး တွင် လိုက်လံဆောင်ရွက်ရန် အခက်အခဲရှိပါကရောင်းချသူအားရန်ကုန်မြို့
စာချုပ်စာတမ်းများမှတ်ပုံတင်ရုံး၌ ယင်းမြေကွက်အားစီမံခန့်ခွဲပိုင် ခွင့်အတွက် အထူးကိုယ်စားလှယ်လွှဲစား (S.P) ကိုပေးအပ်ရမည်ဖြစ်ပါသည်။
Ref : Myanmar Property News
Photo Credit : Leisaindia
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ