By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 31 May 2018
အိမ်ပိုင်ရှင်တွေက အိမ်ငှားနဲ့ အဆင်မပြေတဲ့အခါ၊ ဒါမှမဟုတ် အိမ်ငှားသူက ဥပဒေနဲ့ မညီညွတ်တဲ့ ကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့အခါမှာ အိမ်ငှားသူကို ဖယ်ထုတ်ခွင့်ရှိ၊မရှိ ၊ နဲ့ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်လာရင် ဖယ်ထုတ်ပိုင်ခွင့်ရှိ သလဲဆိုတာကို ဖော်ပြပေးထားပါတယ်။
အိမ်ရှင်က အိမ်ခန်းကို အဆင့်မြင့် ပြန်လည် ပြုပြင်ချင်သောအခါ ၊ အိမ်ငှားက သတ်မှတ်ထားတဲ့ ငှားရမ်းခ မပေးသောအခါ ၊ အိမ်နီးချင်း(သို့) ပတ်ဝန်းကျင်အနီးကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အခါ နဲ့ ငှားရမ်းနေထိုင်သော အဆောက်အအုံ၊ မြေကို ပျက်စီးစေသောအခါ ဖယ်ရှားခွင့်ရှိကြောင်းကို (၁၉၆၀) ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေတွင် ဖော်ပြထားသည်။
- ဥပဒေအရ တရားရုံးသို့ မိမိဖယ်ရှားလိုသည့် ရည်ရွယ်ချက်ကိုလျှောက်ထားပြီး အိမ်ငှားသူကို ဖယ်ရှားပေးရန် နို့တစ်စာပေးပို့စေရတယ်။
- ဖယ်ရှားပြီးရင်လည်း တရားရုံးသို့ ဒဏ်ကြေးပေးဆောင်ပြီး လျှောက်ထားတဲ့ အကြောင်းအရာအလိုက် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြီးဆုံးအောင် လုပ်ရမယ်။
- ဒါပေမယ့် အိမ်ရှင်က အိမ်ငှားကို ထွက်ခွာစေလိုတဲ့ ဆန္ဒကြောင့် အန္တာရာယ်ပြုခြင်း၊ တမင်နှောင့်ယှက်ခြင်းတွေ ပြုလုပ်ခဲ့ရင် ဥပဒေအရ အရေးယူခြင်းခံရနိုင်တယ်။
- ဒါ့အပြင် ဖယ်ရှားပေးဖို့ အမိန့်ချမှတ်ပြီး အိမ်ငှားက ဆက်လက်နေထိုင်နေရင် ရာဇသတ်ကြီးပုဒ်မ (၄၄၁) နဲ့ (၄၄၂) အရ ငှားရမ်းခနှစ်ဆထက်မပိုသော ငွေဒဏ် (သို့) ထောင်ဒဏ်နှစ်ရပ်စလုံး စီရင်ခံရနိုင်သည် ဟုဥပဒေမှာဖော်ပြထားပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Stopforeclosureshelp
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ