By The Kumudra, Shweproperty.com
Updated at 8 March 2020
မြေကွက်တိုက်ခန်း တွေနဲ့ပတ်သက်ပြီး မေးမြန်းထားချက်တွေနဲ့ ဖြေကြားချက်များကို ဖော်ပြပေးလိုက်ပါတယ်........
မေး။ ။ အစိုးရကနေ လူနေဖို.မြေကွက် အသစ်တွေကို မြို.ပြင်မှာ ချထားပေးတဲ့အခါမှာ ဘယ်လို ပုံစံနဲ. ချထားပေးပါသလဲ။
ဖြေ။ ။ အစိုးရကနေ လူနေရပ်ကွက်သစ်တွေကို မြို.ပြင်မှာ အကွက်ရိုက်ပြီး ချပေးတဲ့အခါ ပါမစ်မြေအဖြစ်ချထားပေးပါတယ်။ မြေအရောင်းအဝယ်သမားတွေကတော့ ဓာတ်ပုံပါတဲ့ မြေချပါမစ်လို. ခေါ်ကြတယ်။ မြေကွက်အသစ်ဖော်ထုတ်တဲ့အခါ လယ်မြေ၊ ရွာမြေတွေပါသွားခဲ့ရင် အဲသည်လယ်သမား၊ ရွာသူရွာသားတွေကို မြို.ကွက်သစ်မှာ မြေကွက်တွေ ပြန်ပေးလေ့ရှိပါတယ်။
အဲသည်လယ်သမားနဲ. ရွာသူရွာသားတွေကိုတော့ ရပ်ကွက်နဲ. မြေကွက်မှတ်တွေပါတဲ့ စလစ်စာရွက်တစ်ရွက်ပေးပါတယ်။ အဲသည် စလစ်စာရွက်ပေါ်မှာ မြေကွက်ချထားပေးတဲ့ ဌာန၊ ဥပမာ မြို.ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ရုံးအမည်တံဆိပ်အပိုင်းနဲ. တာဝန်ခံအရာရှိရဲ. လက်မှတ်ပါရှိပါတယ်။ ပြီးတော့မှ မြေချပါမစ်ရအောင် ဆက်လျှောက်ထားပြီး ယူရပါတယ်။
နယ်မြေတွေမှာတော့ စလစ်မြေစာရွက် စာတမ်းထုတ်ပေးတယ်လို. သိရပါတယ်။ ပြီးတော့ မိမိအမည်ပေါက်ကို ပုံစံ (၁၀၅) မြေပုံထွက်လာအောင် ဆက်လက် လျှောက်ထားရတယ်လို. သိရပါတယ်။ အဲသည်နောက်မှ နှစ် (၃၀) ဂရန်၊ အနှစ် (၆၀) ဂရန် မြေငှားစာချုပ်ကိုင်ထားမှ စိတ်ချရမှာ ဖြစ်ပါတယ်။
မေး။ ။ အခန်းဝယ်ထားတဲ့ ကိုယ့်တိုက်ခန်းသက်တမ်းကုန်ဆုံးသွားလို. မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင် အခန်းပြန်ရနိုင်ပါသလား။
ဖြေ။ ။ဝယ်ထားတဲ့တိုက်ခန်းက သက်တမ်းကုန်ဆုံးလို. ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီးရင်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အခန်းပြန်မရနိုင်ပါဘူး။ ဝယ်ထားတဲ့အခန်းကို ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာ မရှိတော့ပါဘူး။ မြေရှင်က တိုက်အသစ်ပြန်ဆောက်ရင်တော့ မိမိအထပ်၊ မိမိအခန်းနေရာပြန်ရဖို. တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်ရှိပါတယ်။ တိုက်သစ်ဆောက်တာ မြေရှင်ရဲ. စိုက်ထုတ်ကုန်ကျစရိတ်တွေရှိပါတယ်။ မိမိအခန်းဆောက်လုပ်ကုန်ကျစရိတ်ကုန်ကျငွေကို ထပ်ပေးရတဲ့ သဘောပါ။ အပြင်လူက လာဝယ်တဲ့ ဈေးအတိုင်းပေးစရာမလိုပါဘူး။ အကြောင်းက အရင်တိုက်အဟောင်းအခန်းဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေရှိနေလို. အရင်အခန်းပိုင်ရှင်ဖြစ်နေလို.ပါ။
Ref : The Kumudra
Photo Credit : mizzima
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ