By The Modern Weekly, Shweproperty.com
Updated at 13 May 2018
အိမ်ခြံမြေဝယ်ယူသူအနေနဲ့ ရောင်းချတဲ့ မြေရဲ့အမျိုးစားကို အသေးစိတ်စစ်ဆေးပြီး ခိုမာမှုအရှိဆုံးပုံစံ လွှဲပြောင်းထားသင့်တယ်လို့ သိရပါတယ်။
“အများစုက ဘိုးဘွားပိုင်မြေဆိုရင် ခိုင်မာမှုအရှိဆုံးလို့ ထင်ကြတယ်၊ ဒါပေမယ့် တကယ့်ဥပဒေမှာက ပါမစ်မြေ၊ စလစ်မြေနဲ့ ဂရန်မြေပဲရှိတယ်၊ ဘိုးဘွားပိုင်မြေဆိုပြီးသတ်မှတ်ထားတာမရှိတော့ တကယ်ခိုင်မာတဲ့မြေက ဂရန်မြေပဲရှိတယ်”လို့ အိမ်ခြံမြေကျွမ်းကျင်သူ ဦးကြည်စိုး (IC)ကပြောပါတယ်။
လက်ရှိရန်ကုန်မှာ အဓိကအရောင်းအဝယ် ပြုလုပ်နေတဲ့ မြေအမျိုးအစားတွေကတော့ ပါမစ်မြေ၊ စလစ်မြေနဲ့ ဂရန်မြေတို့ပဲဖြစ်ပါတယ်။ ဝယ်ယူသူအများစုဟာ မူလမြေပိုင်ရှင်ဆီက ကိုယ်စားလှယ်လွှဲစာ (GP,SP) စတာတွေနဲ့ ဆက်လက်နေထိုင်နေကြတာ များပါတယ်။
SP( အထူးကိုယ်စားလှယ်လွှဲစာ)
ကိုယ်စားလှယ်လွှဲစာများစုမှာ အထွေထွေကိုယ်စားလှယ်လွှဲစာထက် အထူးကိုယ်စားလှယ်လွှဲစာ (SP) ကိုအဓိက အသုံးပြုကြတာဖြစ်ပါတယ်။ လက်တွေ့မှာတော့ (SP) နဲ့နေထိုင်သူတွေဟာ လွှဲပေးတဲ့ မူလပေးသူ သေဆုံးတာ၊ စိတ်ပုံမှန်အခြေအနေ မဟုတ်တာနဲ့ ထောင်ကျတာတွေ ဖြစ်ပေါ်ခဲ့ရင် ပျက်ပြယ်သွားစေတယ်လို့ သိရပါတယ်။
“အခုက အခွန်ကိုကြောက်လို့ SPနဲ့နေကြတယ်၊ ဒါကမခိုင်မာဘူး၊ အချိန်မရွေး ပျက်ပြယ်သွားနိုင်တယ်”လို့ ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
ဂရန်မြေထက် အမည်ပေါက်လျှောက်ထားရတာလွယ်တဲ့ ပါမစ်မြေနဲ့ စလစ်မြေတွေမှာလည်း ပါမစ်အမည်ပေါက်လူ အရေအတွက် တစ်ဦးထက်ပိုနေတဲ့ ပြသနာတွေ တွေ့နေရတာကြောင့် ပါမစ်မြေ ဝယ်ယူသူတွေဘက်က စလစ်မြေအဖြစ်ပြောင်းပြီး အစိုးရက ချထားပေးတဲ့ ဂရန်မြေကိုသာ လျှောက်ထားသင့်တယ်လို့ သိရပါတယ်။
လက်ရှိမြို့စွန်ပိုင်းတွေမှာ ရောင်းချတဲ့ လယ်မြေအများစုဟာလည်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ကသာ ထိန်းချုပ်တာကြောင့် လူနေထိုင်ခွင့်ရဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
Ref : The Modern Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ