By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 28 June 2018
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေတွင် အားမခံကြေးနှင့် မြေခွန် သတ်မှတ်ခြင်း ကြီးကြပ်ခြင်း နှင့် အခွန်ကောက်ခံခြင်းများကို ဗဟိုကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ အခန်း(၅) တွင်ပါဝင်သော အာမခံကြေးနှင့် မြေခွန် အကြောင်း သိမှတ်စရာများကို ဖော်ပြပေးလိုက်ပါတယ်။
ဥပဒေ၏ အခန်း(၅) အာမခံကြေးနှင့် မြေခွန်
၁၃။ ဗဟိုကော်မတီသည်မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ၊ အသုံးပြုခွင့်ရရှိသူက လုပ်ငန်း အမျိုးအစားအလုပ် ပေးသွင်းရမည့် အာမခံကြေးနှုန်းထားကို သတ်မှတ်ရမည် ဟုဥပဒေတွင်ပြဌာန်းထားသည်။
၁၄။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် အတွက် ကောက်ခံရမည့် မြေခွန်နှုန်းထားနှင့် သင့်တင့်သော မြေခွန်ကင်းလွတ်ခွင့်ပြုသည့်ကာလကို လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစား အလိုက် သတ်မှတ်သည်။
၁၅။ ဦးစီးဌာနသည်-
(က)မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူထံမှ မြေခွန်ကို လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ခွင့် ကုန်ဆုံးသည့်နေ့မှစ၍ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းပြုရမည် ဟု ဥပဒေတွင် ဖော်ပြထားသည်။
(ခ) မြေလွတ် မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့် အသုံပြုခွင့်ရရှိသူ၏ မြေခွန်ပေးသွင်းခြင်းကို ကြီးကြပ်စစ်ဆေးရမည် ဟုလည်း ပါဝင်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Wikipedia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ