By Manawmaya Journal, Shweproperty.com
Updated at 24 April 2019
မနက်အာရုံတက်တိုင်း၂၇ခေါက်တိတိရွတ်ဖတ်ပေးပါကမိမိဘဝတွင်စိန်ရွှေငွေကျောက်သံပတ္တမြား၊အိမ်တိုက်ခြံကားမလိုချင်မှအဆုံးပေါများချမ်းသာလာစေ၏။
တောစောင့်နတ်၊တောင်စောင့်နတ်၊ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုး၊လူမိန်းမ၊လူယောက်ကျား၊တိရစ္ဆာန်များ၊စုန်းကဝေ၊အစိမ်းသရဲ၊နာနာဘာဝများ၊အတွင်း၃၇မင်း၊အပြင်၃၇မင်း၊ဘုတ်၊ဘီလူး၊နတ်စိုးနတ်ဝါးများပါချစ်ခင်လာ၏။
၊တောင်းတိုင်းတတိုင်းရ၏သတိပြုရန်မှာ၂၇ခေါက်သာရွတ်ရန်နှင့်မနက်အာရုံတက်ချိနိရွတ်ပါ၊ကာမေသုကံရှောင်ပါအဖြတ်အတောက်မှန်မှန်နှင့်ခက်လေးလေးဘဲရွတ်ပါ၊
မာတင်္ဂဂါထာတော်
(က) ယဒိ ပဿန္တိ မံစိတ္တံ တံ ပဿန္တိ
မနောရမ္မံ ။ယထာ ဥမ္မတ္တကောဝိယ ဒဿနေန မနောရမ္မံ ။
(ခ) ယေယေ ပဿန္တိ မံစိတ္တံ စိတ္တံ ဟောတိပိယံ ပိယံ ။ ပိယေန စိတ္တေန ဟောန္တိ ဒိသွာမမ ပိယံ ပိယံ ။
ဤမာတင်္ဂဂါ ထာကြီးသည် လောကီဘက်တွင် အလွန်တရာ အစွမ်းထက်လှသော ဂါထာတော်ဖြစ်ပါ၍ ရှေးရှေးသော သူတော်ကောင်းတို့ လျိူ့ဝှက်စွာရွတ်ပွားကြသော ဂါထာတော်ပင်ဖြစ်ပါသည် ။
ပုံမှန်အားဖြင့် နေ့စဉ် အရုဏ်တက်ချိန်တွင် (၉) ခေါက် ရွတ်ဖတ်သင့်ပါသည် ။အလယ်အလတ် (၁၈) ခေါက် အများဆုံး (၂၇) ခေါက် နေ့စဉ် မှန်မှန်ရွတ်ဖတ်သင့်ပါသည် ။
(၂၇) ခေါက်ထက်ပိုလာပါက အနှောက်အယှက်ဝင်တက်ခြင်း စိတ်လေလွင့်ခြင်း စိတ်ဂယောက်ဂယတ် ဖြစ်တက်ခြင်း ငိုလား ရယ်လား ဖြစ်တက်ခြင်း ဖြစ်နိုင်ပါ၍ သတိထားသင့်ပါသည် ။
အခေါက်ရေများများစားစား မရွတ်ဖတ်သင့်သောဂါထာလဲဖြစ်ပါသည် ။ဤမာတင်္ဂ ဂါထာတော်သည် ( အချစ်တော်ကြီး ဂါထာ ) ဟူ၍လည်း သက်မှတ်တော်မူခဲ့ကြသည် ။
ထို့ ပြင်အချိူ့သော လောကီ ဆရာကြီးများ ဆရာတော်ကြီးများသည် ဤဂါထာတော်ကိုပင် ဆွဲငင်အားကောင်းသော (၁၅၀၀) အချစ်တော်ဂါထာတော်ကြီးဟု့ တင်စားခေါ်ဝေါ်ကြသည် ။
ဤဂါထာတော်ကြီးကို အခေါက်ရေ များများရွတ်မိပါက ဘုမ္မိဣတ္ထိများ ဒေဝီဣတ္ထိများ ဒေဝကုမ္မာရီများ ဒေဝယုဝတီများ ရုက္ခဒေဝီများ ရုက္ခဣတ္ထိများ ဥစ္စာစောင့်မိန်းမများ သူယောင်မများ အဖျက်ဝိဇ္ဇာမများ ရောက် ရှိလာကြကုန်တက်သည် ။
ထိုသို့အဖျက်အဆီးများ ဝင်လာနိုင်၍ ဂါထာရွတ်ရာတွင် အခေါက်ရေမများသင့်ဟု့ ဆိုလိုပါ သည် ။
ဤ မာတင်္ဂဂါထာတော်၏ အကျိူးအာနိသင်မှာ တောင်းတိုင်းရစေတက်သည် ။ တောင့်တတိုင်းလည်းပြည့်စုံစေရ၏ ။ လူမိန်းမ လူယောက်ျားများ တောစောင့်နတ် တောင်စောင့်နတ်များ ဘုမ္မစိုးရုက္ခစိုးနတ် များ အာကာသစိုးနတ်များ ချစ်ခင် နှစ်သက်လာစေသည် ။
စုန်းကဝေ အစိမ်းသရဲများ နာနာဘာဝများ (၃၇) မင်း အတွင်းနတ်အပြင် နတ်များမြေဘုတ်ဘီလူးများ နတ်ဆိုး နတ်ဝါးများပင် ချစ်ခင်နှစ်သက်လာစေပါသည် ။
ရှေးအခါ သာသနာပြု့ ပုဂ္ဂိုလ်အကျော်အမော်များ ဆရာတော်ကြီးများသည် ဤမာတင်္ဂဂါထာတော်ဖြင့် တဖက်တစ်လမ်းက သာသနာပြု့သွားကြခဲ့ဘူးသည်ဟု့လည်း သိမှတ်ခဲ့ရသည် ။
Ref : Manawmaya Journal
Photo Credit : Lighthousemortgageco
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ