By Win Ning Land, Shweproperty.com
Updated at 8 February 2019
တချို.သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ဌားရာတွင် အောက်ပါအိမ်များကိုု ရှောင်းရှားကြသည် ။ နေရမည်ဆိုုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည်..... ၁ ။ လမ်းဦးတိုုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုုက်သည့် လမ်းဘက်သိုု. ကျားရုုပ်လုုပ်၍ လှည့်ထားရမည်။ အိမ်ရှေ.တွင် အများသုံုး သောက်ရေအိုုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကိုု အပြင်ဘက် လှည့်ပေးထားပါ။
၂ ။ လှည်းဦးတိုုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။
ဆောင်ရန်မှာ ကျားရုုပ်ပြုလုုပ်ရန်။
၃ ။ လှေဦးတိုုက် ။ ။ ရေလမ်းမှာသွားလာနေသော ရေယာဉ်များ ထိပ်တိုုက်ဝင်ရောက် ဆိုုက်ကပ်သောနေရာ။
၄ ။ ရေဦးတိုုက် ။ ။ ရေကြောင်းနှင့် မိမိအိမ် ထိပ်တိုုက်တွေ.ပြီးရေ စတင်စီးဆင်းသောနေရာ၊ ရေစီးဆုံုသည့်နေရာတွင် ရှိသောအိမ်။
၅ ။ အိမ်တံစိုု. ။ ။ မိမိအိမ်ကိုု တခြားတစ်အိမ်က အလည်တည့်တည့် ကန်.လန်.ဆောက်ထားခြင်း။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ တံစိုု.ကိုုထားသောအိမ်ဘက်သိုု. မှန်တစ်ချပ်ထောင်ထားရန်။
၆ ။ နိုု.ညုုပ် ။ ။ မိမိအိမ်သည် ညီအစ်ကိုုကြား ၊ သိုု.မဟုုတ် သားအဖကြား ရောက်ရှိနေသောအိမ်။
ဆောင်ရန်မှာ အိမ်တစ်ဖက်တစ်ချက်တွင် ထညပ်( ငါးကင်ရာတွင် သုံုးသောဝါးညှပ်) ထားရမည်။
၇ ။ စေတီဦးတိုုက် ။ ။ စေတီပုုထိုုး ဘုုရားကျောင်းများကမိမိအိမ်ထက်နိမ့်ပြီး ကပ်လျက်တည်ရှိသောအိမ်ကိုု ဆိုုလိုုသည်။
အဓိကအားဖြင့်ချွန်ထက်သည့်အရာများက မိမိနေအိမ်နှင့် မျက်နှာချင်းဆိုုင်ဖြစ်နေခြင်းမျိုးဖြစ်သည်။ ဆောင်ရန်မှာ အနီးရှိ ဘာသာရေးအဆောက်အဦး တစ်ခုုခုုတွင် ကော်ဇော်ခင်းခြင်း၊ ကျောက်ပြားခင်းခြင်း ၊ နဝကမ္မလှူဒါန်းခြင်း ၊တံမြက်လှည်းခြင်း စသည့်တိုု.ပြုပေးရန်။ ၈ ။ ကြမ်းဦးတိုုက် ။ ။ အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာတွင် ခြေဖဝါးချ လ ျှင်ကြမ်းအလျားလိုု်က်အတိုု်င်း မိမိခြေချောင်းမှာ တည်နေခြင်းဖြစ်သည်။
ဆောင်ရန်မှာ ဖယောင်းပုုဆိုုး၊ ကော်ဇောခင်းပေးပါ။
နေအိမ်အတွင်း ခြ၊ တောင်ပိုု.ရှိနေလ ျှင်လည်း အရောင်းအဝယ်ပျက်သည်များ ရှိပါသည်။
မိမိနေအိမ်မျက်နှာစာသည် တခြားအိမ်၏ နောက်ဖေးဘက်ကျနေလျှင် ရောင်းလျှင် လူကြိုက်နည်းသည်။
Ref : Win Ning Land
Photo Credit : Picturethispost Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ