By Union House Myanmar, Shweproperty.com
Updated at 13 November 2019
#Unicode
အငှါးတင်ထားသော အိမ်ကို ဝယ်ဖို့ရန်စဉ်းစားထားသူများအတွက်ရော ၊ ဆက်လက်ငှါးရမ်းဖို့ရန် စိတ်အားထက်သန်နေကြသော အိမ်ရှင်များအတွက်ရော ၊ ကြာမြင့်စွာငှါးရမ်းနေထိုင်သူအတွက်ပါ (၃)ဦးလုံး မဖြစ်သင့်တဲ့အရှုပ်အရှင်းဇယားများကို မဖြစ်အောင် ယခုလိုပဲတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ..........
အငှါးတင်ထားတဲ့ အိမ်ရှင်တွေအနေနဲ့ အိမ်ကိုရောင်းလိုသောအခါ…....
မိမိတို့ရောင်းလိုတဲ့ အိမ်ငှါးတင်ထားတဲ့ အိမ်ကို ဥပဒေနဲ့အညီ အရောင်းအဝယ်လုပ်ရန် မှတ်ပုံတင်ဖို့လိုပါတယ်
ဦးစွာ အိမ်ငှါးကို မိမိအိမ်ကို ရောင်းလိုက်ပြီလို့အသိပေးပြီး ဝယ်သူနဲ့အိမ်ငှါးနဲ့ကိုပေးတွေ့ပေးရပါမယ်
အိမ်ငှါးမှ ကန့်သတ်ထားတဲ့ နှစ် ၊ လ မပြည့်သေး၍ ဆက်လက်နေထိုင်ခွင့်ရှိသေးသည်ဆိုပါက အိမ်ဝယ်နှင့်အိမ်ငှါး ညှိုနှိုင်းပြီး အိမ်ကို ဆက်လက်ငှါးရမ်းနေထိုင်နိုင်မည်ဖြစ်ပါတယ်
မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး အိမ်ကိုရောင်းလိုက်ပြီးတဲ့နောက်မှာတော့ အိမ်ပိုင်ရှင်အသစ်မှအိမ်လခများကို လွှဲပြောင်းရယူနိုင်ပြီပဲဖြစ်ပါတယ်
ရောင်းဝယ်ခြင်း နဲ့အိမ်လခလွှဲပြောင်းရယူခြင်း စာချုပ်ကို ချုပ်ဆိုရာမှာ မိမိတို့နေထိုင်တဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူ းရုံးမှာ အသိသက်သေများနှင့် စာချုပ်ချုပ်ဆိုခြင်းက ခိုင်မာတဲ့အထောက်အထားပဲဖြစ်ပါတယ်
မိမိပိုင် အိမ်တွင် အိမ်ငှါးကို (၁၂) နှစ်ကျော်ကြာအောင်ငှါးရမ်းထားလိုက်သည်ဆိုပါက…….
ပုဒ်မ ၂၈ အရ တရားစွဲဆိုမှု ကာလအပိုင်းအခြားကုန်သွားပြီဖြစ်ပြီး အိမ်ငှါး၏ သဘောအတိုင်းအိမ်မှာဆက်လက်နေထိုင်ခွင့် ပြု ရမည်ဖြစ်ပြီး နေပိုင်ခွင့်ကာလတွေ ရရှိနေအုန်းမှာပဲဖြစ်ပါတယ်
သို့သော်…..အိမ်ငှါးမှ အိမ်ကို ပိုင်ဆိုင်ခွင့် ရမည်တော့မဟုတ်ဘဲ အိမ်ရှင်မသိအောင် အိမ်ကိုရောင်းချတာမျိုးတွေ လုပ်လိုက်သည့်အခါမှာတော့ အိမ်ရှင်မှ ကန့်ကွက်ခြင်း ၊ တရားစွဲခြင်း ကိုပြုလုပ်နိုင်ပါတယ်......
#Zawgyi
Ref : Union House Myanmar
Photo Credit : Mckissock
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ