By Shwe Mom, Shweproperty.com
Updated at 11 November 2016
ရှေးဟောင်းမြို့တော် အတ္တလန္တစ်မြို့ဟာ သမိုင်းထဲမှာ တကယ်ရှိခဲ့ကြောင်း၊ အဆိုပါ မြို့ကြီးဟာ ဘီစီ 1500 ခန့်က Santorini ကျွန်းရှိ မီးတောင်ပေါက်ကွဲမှုမှတစ်ဆင့် ကြီးမားလှတဲ့ ဆူနာမီလှိုင်းလုံးတွေကြားမှာ တိမ်မြုပ်ပျောက်ကွယ်သွား ခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက အခိုင်အမာ ဆိုခဲ့ပါတယ်။
National and Kapodistrian University of Athens မှ သိပ္ပံပညာရှင်တွေက ရှေးဟောင်း အတ္တလန္တစ်မြို့တော်ကြီးဟာ ဂရိကျွန်းမှာ တည်ရှိ ခဲ့တယ်လို့ ယုံကြည်ရပြီး၊ ကိုးမီတာအမြင့်ရှိတဲ့ ပင်လယ်လှိုင်းလုံးကြီးတွေအောက်ကို မိနစ်ပိုင်းအတွင်း ကျရောက်ပျောက်ကွယ် သွားခဲ့ရတာ ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။
မြေငလျှင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေကို ပြန်လည်လေ့လာတဲ့အခါမှာ Santorini tsunami ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Minoan မီးတောင်ပေါက် ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီလှိုင်းလုံးတွေဟာ ပေသုံးဆယ်လောက် မြင့်မားပြီး၊ ရှေးဟောင်းမြို့တော်ကြီး တစ်ခုလုံး ဘာမှပြင်ဆင်ချိန် မရလိုက်ပဲ နစ်မြုပ်ခဲ့ရပါတယ်။
အဆိုပါ သိပ္ပံပညာရှင်အဖွဲ့က Minoan မီးတောင်ဟာ ပင်လယ်အဝနဲ့ ဆက်စပ်နေခဲ့တယ်လို့ ယူဆရပြီး မှန်ကန်တဲ့သက် သေပြမှုမျိုးတော့ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဆူနာမီလှိုင်းလုံးတွေဟာ မီတာ 60 အမြင့်ရှိတဲ့ Santorini ကိုတောင် အများကြီး ရိုက်ခက်ခဲ့တဲ့ အထောက် အထားတွေ တွေ့ရတဲ့အတွက် အတ္တလန္တစ်မြို့ ပျောက်ကွယ်သွားမှုဟာ ခိုင်လုံတဲ့အ ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အဲဒီဆူနာမီလှိုင်းလုံးကြီးတွေကြောင့် ရှေးယခင်က ရှိခဲ့ဖူးတဲ့ ကျွန်းတွေလည်း ပျောက်ကွယ်ခဲ့ရပြီး ရေမျက်နှာပြင် အ ပြောင်းအလဲ ရွှေ့လျှားဖြစ်ပေါ် ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာဆိုပါတယ်။ ဒါ့အပြင် မီးတောင်ပေါက်ကွဲ မှုနဲ့အတူ မြေငလျှင်ကြီးလည်း ဖြစ်ပေါ်ခဲ့ပြီး မြေမျက်နှာသွင်ပြင် ပျက်ရွေ့ဖြစ်ပေါ်မှုတွေကလည်း ကြီးမားခဲ့တယ်လို့ သိရပါတယ်။
ဂရိစာပေပညာရှင် ပလေတိုက အတ္တလန္တစ်မြို့တော်အကြောင်းကို ဘီစီ 350 ခန့်က ရေးသားခဲ့ဖူးပြီး၊ နှောင်းခေတ်လူတွေက အဆိုပါ မြို့တော် မှာနေတဲ့သူတွေဟာ ရေထဲမှာ နေကြတဲ့သူတွေလို့ အထင်ရောက်တာမျိုး ရှိသလို၊ အချိုကတော့ ပ လေတို စိတ်ကူး ယဉ်ပြီး လျှောက်ရေး ခဲ့တာလို့လည်း ထင်မြင်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အတ္တလန္တစ်တစ်ကယ်ရှိခဲ့ကြောင်း သက်သေတွေ တဖြည်းဖြည်း တင်ပြလာနိုင် ခဲ့ကြပြီး၊ ယခုအခါမှာတော့ အဆိုပါ ရှေးဟောင်းမြို့ကြီးဟာ တစ်ခေတ်တစ်ခါက တကယ်ရှိခဲ့ကြောင်း လူတော်တော်များများ မှတ်ယူထားကြပြီလို့ ဆိုပါတယ်။
Ref & Photo Creidt : Shwemom
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ