By Kumudra, Shweproperty.com
Updated at 9 August 2018
ပုံစံ ၁၀၅ ဆိုသည်မှာ မြေပုံစာရွက်ဖြစ်ပြီး ပုံစံ ၁၀၆ ဆိုသည်မှာ မြေရာဇဝင် အတိုချုပ် ဖြစ်ပါသည်။
ပုံစံ ၁၀၅ / ၁၀၆တို့မှာပိုင်ရှင်အမည်၊ မြေအမျိုးအစားနဲ့ အကျယ်အဝန်းတို့ကို ဖော်ပြထားပါတယ်။မြို့နယ်မြေစာရင်း ဦးစီးဌာနကထုတ်ပေးတဲ့ မြေပုံမြေရာဇဝင်တွေမှာ မြေပုံကို မြေ စာရင်းပုံစံ ၁၀၅၊ မြေရာဇဝင်ကို ပုံစံ ၁၀၆ အိုးအိမ်ဦးစီး ဌာနက ထုတ်ပေးတဲ့ မြေပုံရဲ့အပေါ်မှာ (ဆ -၂၂) လို့ ရေးသားထုတ်ပေးလေ့ ရှိပါတယ်။ ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံကတော့ ပုံစံနံပါတ် မရှိပါဘူး။
မြေပုံမြေရာဇဝင်လျှောက်ထားဖို့ လိုအပ်တဲ့ အချက်ကတော့ အမည်ပေါက်ဖြစ်ပါက (၁) နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ (၂) မြေခွန်မြေခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊ (၃) လျှောက်ထားရတဲ့ အကြောင်းအရာ၊ အမည်ပေါက်မဟုတ်ပါက ပိုင်ဆိုင်ရသည့်အကြောင်းအရောင်းအဝယ် ဆက်စပ်စာချုပ်များ ဒါမှမဟုတ် တရားရုံးအနိုင် ဒီဂရီ ဒါမှမဟုတ် ပိုင်ဆိုင်ရသည့်အကြောင်း တရားရုံး ကျမ်းကျိန်လွှာ ပါရှိရမည်။
မြေပုံရာဇဝင် လျှောက်ထားကြတဲ့ အကြောင်းအရာအချို့ကတော့ အိမ်အသစ်ဆောက်ဖို့ မြေပုံမြေရာဇဝင် လျှောက်ထားခြင်း၊အကြီးစားပြင်ဆင်ရန်အတွက် လျှောက်ထားခြင်း၊မြေကွက်ခွဲရန်အတွက် လျှောက်ထားခြင်း၊ ခြံစည်းရိုးကာဖို့အတွက် လျှောက်ထားခြင်း၊ မိမိပိုင်ဆိုင်ကြောင်း မှတ်တမ်းထားဖို့အတွက် လျှောက်ထားခြင်း၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဖို့အတွက် လျှောက်ထားခြင်း၊ အပိုင်ပေးစာချုပ်ချုပ်ဆိုဖို့အတွက် လျှောက်ထားခြင်း၊ စွန့်လွှတ်စာချုပ်ချုပ်ဖို့အတွက် လျှောက်ထားခြင်း၊ အမှားပြင်စာချုပ် ချုပ်ဖို့အတွက် လျှောက်ထားခြင်းနဲ့ ဘဏ်မှ ငွေချေးဖို့အတွက် လျှောက်ထားခြင်းတို့ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အဝီစိတွင်းတူးဖို့အတွက် လျှောက်ထားပြီး ရရှိတဲ့ မြေပုံရာဇဝင်တစ်ခုနဲ့ အရောင်းအဝယ်ကိစ္စ မပြုလုပ်နိုင်ပါဘူး။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုဖို့ အတွက် မြေပုံရာဇဝင်မှလွဲပြီး ကျန်မြေပုံ ရာဇဝင်တွေနဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့မရပါဘူး။ လျှောက်ထားတဲ့ အကြောင်းအရာကို ပြောင်းလဲ အသုံးပြု၍ မရပါဘူး။
အိုးအိမ်ဦးစီး ဌာနက မြေပုံမြေရာဇဝင်တွေမှာ ဌာနက ညွှန်ကြားရေးမှူးချုပ်အဆင့် လက်မှတ်ရေးထိုးပေးပါမှသာ တရားဝင် အတည်ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပေးတဲ့ မြေပုံမြေရာဇဝင်တွေမှာလည်း မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက လက်မှတ်ရေးထိုးပေးပါတယ်။ သက်ဆိုင်ရာမြို့နယ်က ထုတ်ပေးတဲ့ (၁၀၅) ပုံစံမှာ သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဌာနမှူး ကိုယ်တိုင် လက်မှတ်ရေးထိုးမှ တရားဝင်ပါတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ