By Social Media, Shweproperty.com
Updated at 5 January 2019
အိမ်၏ ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည် ၊ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက် ဟုခေါ်သည် ။နေသောမိသားစုသည် စီးပွားတက်၏ ။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည် ၊ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ၊ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည် ။လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ ပြူစုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ၊ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်းဟုခေါ်သည်။တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်သည်။ရေဆန်အိမ်ဟုခေါ်သည်။ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏ ။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ် အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏။မကျန်းမမာဖြစ်တတ်၏ ။ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏ ။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံ ၊အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။
Ref : Social Media
Photo Credit : Gringosabroad
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ