By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 18 May 2018
မြန်မာနိုင်ငံတွင် မြေယာ၊အိုးအိမ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆၊ ပြည်ထောင်စုဥပဒေပြုစာရင်းဇယား (၁)အရ မြေယာစီမံခန့်ခွဲမှုနှင့် ရွာမြေ၊ မြို့မြေတို့ စီမံခန့်ခွဲရေးကို ပြည်ထောင်စုအစိုးရက စီမံဆောင်ရွက်ခွင့်ရှိပြီး ထိုသို့စီမံရာတွင် မြေယာဝန်ကြီးဌာနများမှ လိုက်နာကျင့်သုံးရသော ဥပဒေသအများစုအနက်မှ မြေသိမ်းအက်ဥပဒေအကြောင်း စာဖတ်သူတို့ ဗဟုသုတ ရရှိစေရန်ဖော်ပြလိုက်ပါတယ်။
မြေယာသိမ်းယူရာတွင် သင့်တင့်မျှတမှုရှိစေရန် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေတစ်ခု ဖြစ်ပါတယ်။ ထပ်မံ၍လည်း ဥပဒေတွင်း ပါဝင်သောအချက်များ ကောင်းမွန်ပီး မျှတမှုရှိရန် ပြင်ဆင်ဖြည့်စွက်လျက်ရှိပါသည်။ မြေသိမ်းအက်ဥပဒေအရ မြေသိမ်းရာတွင် သာမန်မြေသိမ်းခြင်းနှင့် အလျင်အမြန်မြေသိမ်းခြင်း ဟူ၍နှစ်မျိုးရှိပေသည်။
သာမန်မြေသိမ်းရာတွင် သိမ်းမည့်နေရာကို တည်နေရာ၊ အတိုင်းအထွာစစ်ဆေး၍ ကြောငြာထုတ်ပြန်ရသည်။ အဆိုပါနေရာတွင် နေထိုင်သူမိသားစုများရှိပါက အနည်းဆုံး၇ရက် ကြိုတင်အကြောင်းကြားရသည်။ ထိုနောက် မြေရှင်မှ သဘောတူညီမှုမရှိပါက ရက်၃၀အတွင်း တင်သွင်းနိုင်သည်။ မြေသိမ်းအရာရှိက ကန့်ကွက်သူအား ကြားနာခွင့်ပေး၍ ထိုကန့်ကွက်ချက်ကိုစုံစမ်းပြီး မြေသိမ်းအရာရှိ၏ အစီရင်ခံစာကို အထက်အဖွဲ့အစည်းသို့ တင်ပြရပါသည်။
အဆိုပါအစီရင်ခံစာကို ရရှိပါက အစိုးရမှမြေကို သိမ်းယူရန်လိုအပ်သည်ဟု သတ်မှတ်ပါက ထိုမြေနှင့်ပတ်သတ်သည့်အချက်လက်များကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာရပေသည်။
အဆိုပါသိမ်းမည့်မြေကို လက်ရောက်သိမ်းမည်ဖြစ်ကြောင်း၊ မြေရှင်မှ လျော်ကြေးမည်မျှလိုချင်သည်ကို လာရောက်တောင်းခံနိုင်ကြောင်းကို နိုင်ငံတော်ပိုင် သတင်း၊ ကြေငြာစာတို့တွင် သိမ်းမည့်မြေအနီးပတ်ဝန်းကျင်ရှိ အများပြည်သူတို့သိရှိစေရန် ကြေညာပေးရမည်။ထိုသို့ကြေညာပီး ၁၅ရက်ကြာသည့်အခါ မြေကိုလာရောက်သိမ်းယူကြောင်း အမိန့်ချကာ မြေသိမ်းဌာနသို့ လွဲပြောင်းပေးအပ်ရမည်။
လျောင်းကြေးတောင်းခံရာတွင် မြေ၏ကာလတန်ဖိုးကိုသာ လျော်ကြေးအဖြစ်တောင်းခံနိုင်သည်။ လျော်ကြေးသတ်မှတ်ရာတွင် မရိတ်သိမ်းရသေးသောသီးပင်စားပင်များ၊ ပျက်စီးဆုံးရှုံးမှုများ၊ ပြောင်းရွေ့စရိတ်များ၊ ထိခိုက်နစ်နာမှုများကို ထည့်သွင်းစဉ်းစားကာ လျော်ကြေးပေးရမည်။ လျော်ကြေးမကျေနပ်ပါက မြေရှင်မှ တရားရုံးအဆုံးအဖြတ်ကို ထပ်မံခံယူနိုင်ပေသည်။ မြေသိမ်းအရာရှိမှ သိမ်းမည့်မြေနှင့်ပတ်သတ်သည့် အချက်အလက်စာရင်းများကို တရားရုံးသို့လွဲအပ်ပေးရမည်။ တရားရုံးမှအကြောင်းကြားစာပေးပို့သောအခါ အများပြည်သူရှေ့၌ကြားနာရမည်။
အလျင်အမြန်မြေသိမ်းခြင်းတွင် သိမ်းယူနိုင်သောမြေအမျိုးအစားများမှာ မြေလွတ်မြေရိုင်းများသာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအတွက်ဖြစ်စေ၊ စပ်တပ်ရေးရာကတွက်ဖြစ်စေ အရေးတကြီးလိုအပ်ခြင်းကြောင့် သိမ်းယူ့ခြင်းဖြစ်သည်။အဆိုပါမြေသိမ်းခြင်းတွင်၄၈နာရီအနည်းဆုံး ကြိုတင်အသိမပေးဘဲ မသိမ်းယူရပါ။ ကြားနာခြင်းကို လိုက်နာရန်မလိုကြောင်း အစိုးရမှညွန်ကြားနိုင်ပါသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ကြောငြာစာထုတ်ပြန်ပီး နစ်နာသူများအား လျော်ကြေးလက်ခံရန် ကမ်းလှမ်းရမည်။ လက်မခံပါက အဆိုပါနစ်နာမှုများကို မြေလျော်ကြေးများဆုံးဖြတ်ရာတွင် ထည့်သွင်းရမည်။
မြေသိမ်းရာတွင် မြေသိမ်းအရာရှိသည် မြေသိမ်းအက်ဥပဒေကို လွန်ဆန်ကာ ကျူ းကျော်ဆောင်ရွက်နေပါက အသိမ်းခံရသော မြေပိုင်ရှင်မှ တရားစွဲဆိုခွင့်ရှိပါသည် ဟုဖော်ပြထားသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Telegraph
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ