By Wai Phyoe, Shweproperty.com
Updated at 8 January 2018
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှပြဋ္ဌာန်းထားသော မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေများမှ မြေငှားစာချုပ်(ဂရန်)အသစ်ထုတ်ပေးခြင်းနှင့် ပတ်သက်သော သိရှိထားသင့်သည့် အချက်များကို ထုတ်နုတ်ရေးသား ဖော်ပြလိုက်ပါတယ်.......
(က) လိုင်စင်မြေ၊ ပါမစ်မြေနှင့် စကွာတာမြေများအား မြေငှားဂရန်မြေအဆင့်တိုးမြှင့် သတ်မှတ်ပေးရန် လျှောက်ထားနိုင်ပါသည်။
(ခ) လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပါမစ်မူရင်း၊ လိုင်စင်မူရင်းနှင့် စကွာတာမြေဖြစ်က မှတ်ပုံတင်စာချုပ်စာတမ်း၊ နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာမူရင်းများ တင်ပြလျှောက်ထားရပါမည်။
(ဂ) ဌာနမှအထောက်အထား မိတ္တူများအား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေး ပါသည်။
(ဃ) လျှောက်ထားသူ၏ တင်ပြသော အထောက်အထားနှင့်မြေစာရင်းရှိ အထောက်အထား တူညီမှန်ကန် မှုရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာခြင်း၊ အမည် ပေါက်မဟုတ်ပါက သတင်းစာတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပါသည်။
(င) ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်း ပေးသွင်းစေ၍ ဌာနမှူးနှင့် လျှောက်ထားသူတို့နှစ်ဦးနှင့် နှစ်ဖက်သက်သေ(၁)ဦးစီဖြင့် နှစ်(၆၀)မြေငှားစာချုပ် (ဂရန်)များပေါ်တွင် လက်မှတ်ရေးထိုး၍ ပါမစ် (သို့မဟုတ်) လိုင်စင်မူရင်း ပြန်လည်အပ်နှံစေပြီး နှစ်(၆၀) မြေငှားစာချုပ်(ဂရန်)ထုတ်ပေးပါသည်။
(စ) လျှောက်ထားသူမှ ယင်းမြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်း ခွန် အက်ဥပဒေအရ သတ်မှတ်ထားသည့် နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွား ရောက်ကပ်ရမည်ဖြစ်ပါသည်။(ဆ) မြေငှားစာချုပ်(ဂရန်)ထုတ်ပေးခံရသူအမည်ဖြင့် သတ်မှတ်ထားသည့်နှုန်းထားဖြင့် (၃)လ (၁)ကြိမ်၊ (၁)နှစ်လျှင် (၄)ကြိမ် မြေငှားရမ်းခ စည်းကြပ်သွားမည်ဖြစ်ပါသည်။
Written By : Wai Phyoe
Photo Credit : wikipidia
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ