By Trend Myanmar, Shweproperty.com
Updated at 29 September 2016
အကြည့်တစ်ချက်မှာပဲ ဒီမခန်းဖွယ် ဒတ်ချ်ရွာလေးဟာ ဒဏ္ဍာရီပုံပြင်တွေထဲက နေရာတစ်နေရာလို့တောင် ထင်မှတ်စေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ လူတွေ နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြပြီး ဒီဒေသရဲ့ သဘာဝအလှမှန်သမျှကို အပြည့်အဝ ခံစားခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံက ဆန်းပြားတဲ့ ဒီဒေသလေးမှာ နေထိုင်သူတွေဟာ ရေစီးဆင်းရာလမ်းကြောင်း၊ မြောင်းတွေကနေတဆင့် မိမိအိမ်၊ လုပ်ငန်းခွင်နဲ့ ကျောင်းတွေကို တပျော်တပါး လှော်ခတ်ကူးလူးသွားလာခွင့်ရရှိကြပါတယ်။ မြို့တစ်ခုလုံးကို ဒီဒေသဆီသို့ အလည်အပတ်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ရေစီးဆင်းရာလမ်းကြောင်း၊ ရေမြောင်းသွယ်သွယ်လေးတွေ တစ်ခုနဲ့တစ်ခု ပေါင်းစုံရာ ရေမြောင်းကွန်ယက်တွေပေါ် တည်ဆောက်ထားပါတယ်။
Giethoorn ကို ၁၂၃၀ ခုနှစ် ဝန်းကျင်မှာ Mediterranean က လာတဲ့ဒုက္ခသည်တွေက စတင် တည်ဆောက်ခဲ့ပြီး လူသိများကျော်ကြားတဲ့ ဂီတ/ဟာသအဖွဲ့တစ်ဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အချိန် ၁၉၅၈ ခုနှစ်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ ဒီဒေသအနေနဲ့ ၁၈ ရာစုကတည်းက ဒတ်ချ်ရွာလေးရဲ့ သဘာဝအလှအပနဲ့ မူလအနေအထားကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာ လူအများစုက Venice of Holland သို့မဟုတ် Venice of the North လို့ ပြောဆိုကြပါတယ်။
Ref & Photo Credit : Trend Myanmar
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ