By Manawmaya Journal, Shweproperty.com
Updated at 17 February 2019
မိမိတို့နေသောအိမ်သည် ကိုယ်ပိုင်ဖြစ်စေ၊ အငှားဖြစ်စေ အိမ်၏ခြေရင်းနှင့် ခေါင်းရင်းဘက်မှ အိမ်နှစ်အိမ်သည် ညီအစ်ကိုမောင်နှမအရင်းများ၏ အိမ်များဖြစ်နေပါက နို့ညှပ်အိမ်ဟု ခေါ်ပါသည်။ ထိုအိမ်မျိုး၌ မနေကောင်းကြောင်း ရှေးလူကြီးသူမတို့က မိန့်မှာလေ့ရှိပါသည်။
စီးပွားလာဘ်လာဘ အလွန်ပိတ်စေတတ်၏။ သူတစ်ပါးတို့၏ပြသနာကြားတွင် ကိုယ်က ဘာမှ မလုပ်ရဘဲနှင့် ကြားညပ်တတ်၏။ စိတ်ရှုပ်ထွေးရ တတ်၏။
အိမ်ခြံမြေများ ဝယ်ယူတော့မည်ဆိုလျှင်၊ အ သစ်တက်တော့မည်ဆိုလျှင်၊ အိမ်ငှားတော့မည်ဆို လျှင် သတိပြုဆင်ခြင်နိုင်ရန် ရေးသားလိုက်ရခြင်း ဖြစ်ပါ၏။
ယခု နို့ညှပ်အိမ်အကြောင်းကိုတော့ သိပြီ။ သို့သော် မိမိတို့၏အိမ်က ထိုသို့ဖြစ်နေပြီး ပြောင်း၍ လည်း မလွယ်ဘူးဆိုလျှင်ကော ဘာလုပ်ရပါမည် နည်း။
ထိုအတွက် ဆေးနည်းမှာလည်း အလွယ် လေးပင်ဖြစ်သည်။ ကျွနု်ပ်တို့၏ အဘကြီး ဒေါက် တာမင်းသိင်္ခ္က ဖြေဆေးပေးသွားခဲ့ပါသည်။
အိမ်၏ခေါင်းရင်းဘက်နံရံနှင့် ခြေရင်းဘက် နံရံတွင် ဇာဂနာတစ်ချောင်းစီ ညှပ်ထားခြင်း၊ ကပ် ထားခြင်း၊ ချိတ်ဆွဲထားခြင်း ပြုလုပ်လိုက်ရန်သာ ဖြစ်ပေသည်။ နို့ညှပ်နှင့်ဇာဂနာမှာ ကက်ကင်းလည်း ဖြစ်ပါသည်။
Ref : Manawmaya Journal
Photo Credit : Pinterest
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ