By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 11 January 2018
E-commercial ခေတ်ရောက်ရှိလာပြီးနောက်ပိုင်းမှာ ဆိုရင်ဖြင့် လုပ်ငန်းရှင်များက ကိုယ့်ရဲ့product တွေကို online website တွေမှာကြော်ငြာရောင်းချလာကြပါတယ်။ ဥပမာအားဖြင့် Global online shop website တွေဖြစ်ကြတဲ့ eBay, Alibaba, Amazon.com အစရှိတဲ့ တွေဆိုရင်အတော်အောင်မြင်နေကြတဲ့ online shop websiteတွေပါ။ ကိုယ့်ရဲ့ ထုတ်ကုန်ကို လူသိများအောင် ပြုလုပ်ရာမှာ Online website တွေကနေတစ်ဆင့် ကြော်ညာခြင်းက အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်နေပါပြီ။ ဒါ့အပြင်လည်း Social App တွေဖြစ်တဲ့ Facebook, Twitter, WhatsApp, Instagram, LinkedIn, YouTube အစရှိတဲ့ app တွေကနေလည်း တစ်ဆင့်ကြော်ညာ ရောင်းချနေကြပါပြီ။
ယခုရေးသားတင်ပြချင်တာကတော့ အခြား productတွေမဟုတ်ပဲနဲ့ လူသားတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အိမ်ရာတွေကို ကြောငြာရောင်းချခြင်းဖြစ်ပါတယ်။
Online Websites တွေမှာ ကြော်ငြာခြင်းရဲ့ အဓိကအားသာချက်ကတော့ အချိန်တိုတိုအတွင်းမှာ အမြန်ဆုံး ကိုယ့်ရောင်းချလိုတဲ့ အိမ်ရာကို Internet သုံးစွဲနိုင်တဲ့ နေရာအနှံ့အပြားက ဝယ်ယူလိုသူတွေက Clickတစ်ချက်နှိပ်လိုက်ရုံနဲ့ ဝင်ရောက်လေ့လာပြီး ဝယ်ယူနိုင်ပါတယ်။ Online ကနေတစ်ဆင့် ငွေကြေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်တဲ့ အတွက်ကြောင့်လည်း ရောင်းသူနဲ့ ဝယ်ယူသူ နစ်ဦးနှစ်ဖက်လုံးအတွက် အချိန်ကုန် ငွေကုန်သက်သာစေနိုင်ပါတယ်။ Online ဖြစ်တဲ့အတွက် Offline Businesses တွေလို ပိတ်ချိန် ဖွင့်ချိန် ကန့်သတ်ထားခြင်းမရှိတာကြောင့် ရောင်းချမှု၊ဝယ်ယူမှုတွေကို အချိန်မရွေး လွတ်လပ်စွာ ပြုလုပ်နိုင်ပါတယ်။ပြီးတော့ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်တွေ လည်း သက်သာစေနိုင်ပါတယ်။
နေုာက်ထပ်အချက်တစ်ခုကတော့ အိမ်ရာ ရောင်းချလိုသူနဲ့ ဝယ်ယူသူတိုက်ရိုက် ဆွေးနွေးနိုင်တာမို့ ယုံကြည်စိတ်ချရမှုရှိသလို အခြားအခကြေးငွေပေးရတာတွေလည်း မရှိနိုင်တာကြောင့် ငွေကုန်သက်သာမှုရှိစေပါတယ်။အခုဆိုရင် မြန်မာနိုင်ငံမှာလည်း အိမ်ခြံမြေဝက်ဘ်ဆိုက်များစွာ ရှိနေပါပြီ။
ဒါ့ကြောင့် E-commercial ခေတ်ရောက်လာပြီဆိုတော့ လမ်းပေါ်တက်၊ ထီးဆောင်းပြီး အိမ်ရှာနေတဲ့ ဘဝကို စွန့်လွှတ်သင့်ပါပြီ။ အဲယားကွန်းခန်းထဲ ကွန်ပျူတာတစ်လုံးအရှေ့ထိုင်ပြီး မြန်မာနိုင်ငံရဲ့ ထင်ရှားပြီး စိတ်ချရတဲ့ အိမ်ခြံမြေဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွေထဲကို Click တစ်ချက်နှိပ်ပြီး ကိုယ်လိုချင်တဲ့မြို့နယ်၊ ဈေးနှုန်းတွေကို ရွေးချယ် ရှာဖွေလိုက်ပါ။
အားသာချက်၊ အားနည်းချက်က နေရာတိုင်းမှာရှိပေမယ့် လူတိုင်း၊ အိမ်ရှာနေသူတိုင်း ဒါမှမဟုတ် အိမ်ခြံမြေ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလိုသူတိုင်းဟာ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။
သင်က အိမ်ရောင်းချလိုသူပဲဖြစ်ဖြစ် ဝယ်ယူလိုသူပဲဖြစ်ဖြစ် အိမ်ရာ Listing တွေများစွာကို တစ်နေရာတည်းမှာ သိရှိနိုင်ဖို့ဆိုရင် Online အိမ်ခြံမြေဝက်ဘ်ဆိုက်တွေက သင့်ကို အထောက်အပံ့များစွာပေးနိုင်မှာ အသေအချာပါပဲ။
Written By :Saint Sandi Htet (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ