By Manarmaya Journal, Shweproperty.com
Updated at 8 July 2018
အိမ်ရှင်မတို့မည်သည် မိမိတို့အိမ်ကို ကျက် သရေ မင်္ဂလာရှိစေဖို့ရာအတွက် ဦးဆောင် လှုပ်ရှား ရသည့် အရှင်သခင်ဖြစ်လိမ့်မည် ထင်သည်။ သီရိဂေ ဟာဖြစ်ဖို့ရာအတွက် ပြုပြင်စရာတွေ ပြုပြင်ရမည်။ လိုအပ်ချက်တွေရှိလျှင် ဖြည့်စွက်ရမည်။ ထိန်းသိမ်း သင့်သည့် ရှေးထုံးကို ထိန်းသိမ်းရပေမည်။
အချို့ အချို့သော ကိစ္စများသည် ဘာမျှအလေးထားစရာ မလိုဟုမှတ်ယူပြီး ဥပေက္ခာပြုလိုက်ပါက နောက်ဆုံး ဆီးမနိုင်၊ ကားမရအခြေသို့ ရောက်သွားနိုင်သည်။ အိမ်ထောင်တစ်ခု သာယာဖို့ဟူသည် လွယ်လွယ် ကလေးတော့ မဟုတ်။ အိမ်ဝန်းကျင်၊ အိမ်အနေအ ထားတို့သည် တည့်မတ်ရသလို မှီတင်းနေထိုင်သူ တို့၏ စိတ်ဓာတ်ကိုလည်း ထိန်းတတ်ဖို့လိုပေသည်။ သည်တော့ ဘာတွေကို ဆင်ခြင်ရမည်နည်း။
၁။ ထမင်းကို မတ်တပ်ရပ်၍ မစားပါနှင့်။
၂။ လမ်းလျှောက်၍ ထမင်းမစားပါနှင့်။
၃။ ဆန်အိုးထဲ၌ ဆန်မပြတ်ပါစေနှင့်။
၄။ ရေချိုးခန်းနှင့် ရေအိမ်အတွင်းဘုရား၊ ရဟန္တာနှင့်ဆိုင်သော ပစ္စည်းများ၊ ပုံတော်များ ယူ မသွားပါနှင့်။
၅။ အိမ်သာနှင့် ရေချိုးခန်း တွဲ၍နေပါက အိမ်သာဘက်က ရေနှင့် မျက်နှာမသစ်ပါနှင့်။
၆။ မီးဖိုချောင်၌ သန်းရှာခြင်း၊ သန်းတုတ် ခြင်း မပြုပါနှင့်။
၇။ မီးဖိုချောင်၌ ခြေသည်း၊ လက်သည်း မလှီးပါနှင့်။
၈။ ပန်းကန်အသေးပေါ် အကြီးကို ဆင့်မ တင်ပါနှင့်။
၉။ မီးဖိုချောင်၌ ကျင်ကြီးကျင်ငယ်မစွန့်ပါ နှင့်။
၁၀။ ဆီအိုး၊ ဆန်အိုး၊ ဆားအိုးများကို ဖွင့် မထားပါနှင့်။ ဆားအိုး၊ ဖွဲအိုး၊ ပြာအိုးများကို ထပ်၍ မထားပါနှင့်။
၁၁။ အိပ်ရာနေရာ ခေါင်းပြုရာအရပ်သည် မြင့်မြတ်သော အရပ်ဖြစ်ရမည်။
၁၂။ ခေါင်းပြုသည့်နေရာအထက်တွင် ဘုန်း ကံနိမ့်စေသော ပစ္စည်းများ တင်မထားရပါ။
၁၃။ အိပ်ခန်းထဲ၌ ဘုရား၊ ရဟန္တာပုံတော် များ မထားကောင်းပါ။
၁၄။ မိမိထက်ငယ်သောသူကို အိမ်ဦးခန်းမှာ မအိပ်စေသင့်ပါ။
၁၅။ ထမင်းဝိုင်း၌ မကောင်းသော စကား များကို မပြောပါနှင့်။
၁၆။ ဘုရားလှူသော ပစ္စည်းများကို စွန့် သည့်အခါ သန့်သည့်နေရာတွင် စွန့်ပစ်ပါ။
၁၇။ ဘုရားစင်နှင့် ခြင်ထောင်ကြိုးကို မသွယ်တန်းကောင်းပါ။
၁၈။ ဘုရားစင်ရှေ့တွင် လင်စုံမယားဖက် မအိပ်ကောင်းပါ။
၁၉။ ပန်းအိုးနှုတ်ခမ်းပဲ့များ မထားကောင်း ပါ။
၂၀။ ဘုရားစင်၌ ဘုရား၊ တရား၊ သံဃာနှင့် မပတ်သက်သည့် ပစ္စည်းများ မထားရ။
၂၁။ ညှိုးနွမ်းသော ပန်းများ ဘုရားကပ်လှူ ခြင်းမပြုရပါ။
၂၂။ ဖယောင်းတိုင်အတို၊ အမွှေးတိုင်အတို များနှင့် မီးမပူဇော်ကောင်းပါ။
၂၃။ ဘုရားခန်း၊ ကျောင်းဆောင်၊ ဘုရားစင် တို့ကို သန့်ရှင်းပေးပါ။
၂၄။ ဘုရားစင်၌ လောကီပစ္စည်းများ မတင် ရ။
၂၅။ ဘုရားစင်၌ နွမ်းသောပန်းနှင့် ဆူးပါ သောအပင်များ မထားသင့်ပါ။
၂၆။ တံမြက်စည်းကို ပြောင်းပြန်ထောင်၍ မထားကောင်းပါ။
၂၇။ အိမ်ရှေ့မျက်နှာစာကို သန့်ရှင်းအောင် ထားပါ။
၂၈။ နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံများ ရှိမနေစေပါနှင့်။
၂၉။ ပစ္စည်းအစုတ်အပြတ်၊ အကွဲအပြဲများ ကို ဖယ်ရှားပစ်ပါ။
၃၀။ အိမ်ဦးခန်း၌ ထဘီမလှမ်းကောင်းပါ။
၃၁။ အိမ်ရှေ့၌ မီးဖိုမထားကောင်းပါ။
၃၂။ အိုးမှောက်၊ ခွက်မှောက် မထားကောင်း ပါ။
၃၃။ အိမ်ဥပစာနှင့် အိမ်လှေကားကို သန့်ရှင်း နေပါစေ။
၃၄။ ပြတင်းပေါက်မှန်ကွဲများ မထားသင့်ပါ။
၃၅။ တံခါးမကြီး၏ တံခါးချက် မပျက်ပါစေ နှင့်။ ပျက်လျှင် ပြင်ပါ။
၃၆။ ဖိနပ်များ တစ်ဖက်ပေါ်တစ်ဖက် ထပ် မနေပါစေနှင့်။
၃၇။ ဖိနပ်များ မှောက်မနေပါစေနှင့်။
၃၈။ လူကြီး၊ မိဘ၊ ခင်ပွန်းများ၏ ဖိနပ်ပေါ် တွင် ကလေးဖိနပ်တွေ အတင်မခံပါနှင့်။
၃၉။ နေအိမ်ဧည့်ခန်းကို လင်းလင်းချင်းချင်း ရှိပါစေ။ မင်္ဂလာရှိအောင် ထားပါ။
၄၀။ အမြင်မတော်သည့် ဓာတ်ပုံများ၊ ကိုး ယို့ကားရားရုပ်ပုံ၊ ပိုစတာများ၊ ကျက်သရေကင်းမဲ့ သော ပုံများ၊ ထိတ်လန့်သွေးပျက်ဖွယ်ကားချပ်များ လုံးဝမချိတ်ပါနှင့်။ မကပ်ပါနှင့်။
၄၁။ ကိုယ်၊ လက်၊ ဦးခေါင်း တခြားစီ ဖြစ် နေသော အင်္ဂါမစုံသည့် ရုပ်တုများ မထားပါနှင့်။
၄၂။ ဖမ်းလှောင်ထားသော သတ္တဝါများကို မထားရ။
၄၃။ အိမ်ထဲ၌ ကြိုးတန်းများ ရှုပ်ရှက်ခတ် မနေပါစေနှင့်။
၄၄။ အခြေမခိုင်၊ ယိမ်းယိုင်သောအိမ်၌ မနေကောင်းပါ။
၄၅။ လူကြီးမိဘတို့၏အဝတ်များကို အိမ် နောက်ဖေး၌ မလှမ်းပါနှင့်။
၄၆။ မြင့်သောနေရာ၌ ပုဆိုး၊ ထဘီတို့ကို မလှန်းပါနှင့်။
၄၇။ အိမ်အတွင်းခန်း၌ ထဘီမလှန်းပါနှင့်။
၄၈။ နံနက်မိုးသောက်အရုဏ်တက်ချိန်၌ ဆူညံဆူညံ ကက်ဆက်ဇာတ်လမ်းများ၊ ဆူညံ ပေါက်ကွဲသီချင်းများ၊ အလွမ်းအဆွေးသီချင်းများကို မဖွင့်ပါနှင့်။ မင်္ဂလာရှိသော တေးများ၊ တရားဓမ္မ တိပ်ခွေများသာ ဖွင့်သင့်ပါသည်။
၄၉။ သွားတိုက်ပြီးမှ အိပ်ရာဝင်ပါ။
၅၀။ ခြေဆေးပြီးမှ အိပ်ရာဝင်ပါ။
အစရှိသော ဆင်ခြင်ဖွယ်ရာ အချက်၅၀ကို အကြမ်းဖျဉ်း သတိထားလျက် ပြုမူသင့်သည်ကို ပြုမူ၊ ရှောင်ရှားသင့်သည်ကို ရှောင်ရှားခြင်းဖြင့် သာ ယာသော သီရိဂေဟာ ဖြစ်လာလိမ့်မည်ဟု အကြံပြု တင်ပြလိုက်ရပါသည်။
Ref : Manarmaya Journal
Photo Credit : Shwelikes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ