By ကျော်သိင်္ခ (ShweProperty.com), Shweproperty.com
Updated at 16 May 2018
အိမ်ခြံမြေရောင်းဝယ်ရေးတွေ ခေတ်စားလာတဲ့ ဒီနေ့အချိန်မှာ အရောင်းအဝယ်တွေ ခပ်သွက်သွက်ဖြစ်ဖို့ အရေးကြီးပါတယ်။တချို့ကအရောင်းအဝယ် မြန်မြန်ဖြစ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပေမယ့် အဆင်မပြေမှုတွေ ကြုံတွေ့ရတတ်ပါတယ်။
မိမိရောင်းလိုတဲ့ အိမ်ခြံမြေကို အမြန်ဆုံးရောင်းထွက်နိုင်ဖို့ လွယ်ကူတဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ဒီနည်းလေးအတိုင်းလုပ်ကြည့်ပါ။
- အိမ်ခြံမြေ အမြန်ရောင်းထွက်လိုသော် မိမိရောင်းထွက်လိုသော မြေပိုင်ရှင်၏ နာမည်ကို ပိတ်စ အနီပေါ်မှာရေးပါ။
- ပေ အကျယ်အဝန်းကိုလည်းရေးပါ။
- သင့်တော်တဲ့ ပေါက်ဈေးလိုချင်တဲ့ ဈေးနှုန်းကို ရေးပါ။
- အောင်ပါစေ ဟုရေးပါ။
- ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ပေါ်မှာတင်ပါ။
- ထိုပန်းကန်ပြားပေါ်မှာ ကွမ်းရွက်(၅) ရွက် ကွမ်းသီး (၅) စိပ်နဲ့ (၄)ပုံတင်ပါ။
- ပန်းကန်လုံးအသေးပေါ်တွင် ဆန်အပြည့်ထည့်ပါ။ ဆံနွမ်းဖြူးပါ။ဆန်မှာ ဖယောင်းတိုင်စိုက်ပြီး မီးထွန်းညှိပူဇော်ပါ။
- ခွက်ထဲရေအပြည့်ထည့်ပြီး အောင်သပြေ (၃) ခက်ထည့်ပါ။
- ဖယောင်းတိုင် ကုန်သွားရင် ကွမ်းသီး ကွမ်းရွက် တွေကိုရောင်းလိုတဲ့ မြေကွက်ရဲ့ လေးဖက်လေးတောင့်မှာ စွန့်ရမယ်။ တစ်ထောင့်ကို တစ်ပုံစီ စွန့်ရမယ်။
မှတ်ချက်။ ။ စနေနေ့ နံနက်(၇) နာရီတွင်ပြုလုပ်ရမည်။ (၃) ကြိမ်တိတိပြုလုပ်ရန်။အဲဒါဆိုရင်တော့ မိမိရောင်းလိုတဲ့ အိမ်၊ ခြံ၊ မြေတွေကို အလွယ်တကူရောင်းထွက်နိုင်ပြီပေါ့။
Written By : ကျော်သိင်္ခ (ShweProperty.com)
Photo Credit : Fitsmallbusiness
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ