By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 19 September 2018
''ကိုးကွယ်ရာ ဘာသာခြားမိဘများရဲ့ အမွေကို ဗုဒ္ဓဘာသာ ကိုးကွယ် သူ သားသမီးများက ရပိုင်ခွင့်မရှိဆို တာ ဟုတ်ပါသလား ဆရာ''ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာ ရောက်ဆွေးနွေးပါသည်။
''ပုံသေသဘောမျိုး သတ်မှတ် ထားချက်မရှိပါဘူး။ ဘာသာကူး ပြောင်း ကိုးကွယ်မှုအပေါ် အခြေ တည်ပြီး ပြောင်းလဲသွားတာဖြစ်တယ်။ ဘယ်လို ပတ်သက်မှုရှိနေလို့လဲ''
စာရေးသူက ပြန်လည်မေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်။
''ကျွန်တော့်သားက အိမ်တစ်လုံး ဝယ်ဖို့ သွားကြည့်တယ် ဆရာ။ အစ ကတော့ ကိုးကွယ်ရာဘာသာကို သတိ မပြုမိဘူးဆရာ။ မြေကွက်ကလည်း ပေ ၄ဝ x ပေ ၆ဝ ဆိုတော့ အတော် ရှားတာနဲ့ စရန်ငွေပေးခဲ့တယ်''
''စရန်ငွေပေးပြီးသားဆိုတော့ ခရီးတစ်ဝက်ရောက်နေပြီပဲ။ အခုမှ ကန့်ကွက်သူပေါ်လာတာပေါ့''
''ဟုတ်ပါတယ်။ ကျွန်တော်တို့က သတင်းစာမှာ ကန့်ကွက်ရန်သူရှိ မရှိ ကြေညာလိုက်တယ်။ အဲဒီမှာပဲ ကန့် ကွက်သူပေါ်လာတာပါ''
''မြေကွက်က ဂရန်မြေအမျိုးအ စားလား။ အမည်ပေါက်ကိုယ်တိုင် ရောင်းမှာလား''
''မြေကွက်က ဂရန်မြေအမျိုးအ စားဖြစ်ပြီး အမည်ပေါက်က မိခင် အမည်ပေါက်ဖြစ်တယ်။ သားနှစ် ယောက်ရှိတယ် ပြောပါတယ်။ သား တစ်ယောက်ကတော့ ရောင်းမယ့်မြေ ရဲ့ တစ်ထပ်တိုက်မှာနေပါတယ်။ ကျန် သားတစ်ယောက်က သီးခြားနေ တယ်။ ဒါပေမယ့် စရန်ငွေပေးစဉ်က ညီအစ်ကိုနှစ်ယောက်လုံး လက်မှတ် ရေးထိုးယူတာပဲ ဆရာ''
''ကန့်ကွက်သူကဘာတော်စပ် သလဲ။ မွေးစားသားသမီးပေါ်လာလို့ လား''
''မွေးစားသမီးတော့ မဟုတ်ဘူး ဆရာ။ သမီးအရင်းလို့ ပြောပါတယ်''
''ဒါဆိုရင် မောင်နှမသုံးဦး ကျန် ရှိခဲ့တဲ့ သဘောပေါ့''
''ဟုတ်ပါတယ်။ ဒါပေမယ့် နှမ ဖြစ်သူက ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ် လို့ အမွေရပိုင်ခွင့်မရှိဘူးလို့ ပြောပါ တယ်။ ဟုတ်ပါသလား ဆရာ။ ကျွန် တော်တို့ ဘာဆက်လုပ်ရမလဲ''
''မိဘတွေက မကွယ်လွန်မီ ဘယ် ဘာသာကို ကိုးကွယ်ယုံကြည်ခဲ့သလဲ''
''အိမ်ထောင်မကျမီအချိန်က မိခင်ဖြစ်သူမှာ ဗုဒ္ဓဘာသာဝင်တစ် ယောက်ဖြစ်တယ်လို့ ပြောပါတယ်။ အစ္စလာမ်ဘာသာကိုးကွယ်သူနဲ့ အိမ် ထောင်ကျပြီးနောက်မှာ အစ္စလာမ် ဘာသာကို ပြောင်းလဲကိုးကွယ်ခဲ့တာ ကွယ်လွန်တဲ့အချိန်ထိဖြစ်တယ်လို့ သိရပါတယ်''
''နာရေးကိုလည်း အစ္စလာမ် ဘာသာထုံးတမ်းစဉ်လာအတိုင်း ဆောင်ရွက်ခဲ့တယ်ပေါ့''
''ဟုတ်ပါတယ် ဆရာ''
''ဒါဆိုရင် အမွေဆက်ခံခြင်း ဥပဒေအရ အစ္စလာမ်ဘာသာကိုး ကွယ်သူရဲ့ အမွေပစ္စည်းဖြစ်လို့ အစ္စ လာမ်ဥပဒေအရသာ စဉ်းစားရမှာ ဖြစ်တယ်''
''သူတို့ပြောတာတော့ နှမဖြစ်သူ က ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် အစ္စလာမ်ဥပဒေအရ အမွေရပိုင်ခွင့် မရှိဘူး။ ခွဲပေးစရာမလိုဘူးလို့ ပြောပါ တယ်''
''နှမဖြစ်သူက ဘယ်ကာလမှာ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲကိုး ကွယ်တာလဲ။ သိတတ်တဲ့အရွယ်က စပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည် ခဲ့တာလားဆိုတဲ့ အချက်တွေကို လေ့ လာဖို့ လိုပါတယ်''
''အစ်ကိုဖြစ်သူတို့ရဲ့ ပြောစကား အရတော့ ဗမာဗုဒ္ဓဘာသာ အမျိုး သားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက် ပိုင်းမှာ ခင်ပွန်းသည်ရဲ့ ဗုဒ္ဓဘာသာ ကို ကူးပြောင်းကိုးကွယ်ခဲ့တယ်လို့ သိ ရပါတယ်''
''ဒါဆိုရင် နှမဖြစ်သူက အိမ် ထောင်မကျမီမှာတော့ မိဘတို့ ကိုး ကွယ်ယုံကြည်တဲ့ အစ္စလာမ်ဘာသာ ပဲ ကိုးကွယ်ခဲ့တဲ့ သဘောရှိနေတယ်''
''ဟုတ်ကဲ့၊ အိမ်ထောင်ကျသွားမှ ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ် တာဆိုတော့ မူလက အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်မယ် ဆရာ''
''သိပ်တော့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မာလာပါ ငါးဦးနှင့် ဒေါ်မြင့်မြင့် ခိုင်ပါ လေးဦး၊ ၂ဝဝ၅ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၁) အမှုမှာ သမီးဖြစ်သူသည် မူလက အမွေရှင်မိခင်နည်းတူ အစ္စလာမ် ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ လျှင် ထိုသို့ ပြောင်းလဲကိုးကွယ်မှု ကြောင့် မိခင်ထံမှ အမွေရပိုင်ခွင့် မဆုံးရှုံးနိုင်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဘာသာကူးပြောင်း ကိုး ကွယ်ခြင်းကြောင့် မူလကိုးကွယ်သည့် ဘာသာအရ အမွေဆက်ခံရရှိခွင့်ကို ဆုံးရှုံးခြင်းမရှိကြောင်း တွေ့ရတယ်''
''အခုကိစ္စမှာလည်း သမီးဖြစ်သူက မူလက အစ္စလာမ်ဘာသာကို ကိုး ကွယ်ပြီး အိမ်ထောင်ပြုမှ ဗုဒ္ဓဘာသာ ကူးပြောင်းခဲ့တာမှန်တယ်ဆိုရင် အမွေဆက်ခံခွင့်ရှိတယ်ပေါ့''
''မှန်ပါတယ်။ ဒါပေမယ့် အစောက ပြောခဲ့သလို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာကိုးကွယ်ခဲ့သူဖြစ်ရင်တော့ အမွေရခွင့် ဆုံးရှုံးမှာဖြစ်တယ်''
''ဗဟုသုတအဖြစ် သိထားဖို့ ရှင်းပြပေးပါ ဆရာ''
''အခုကိစ္စမှာ မိခင်ဖြစ်သူမှာ မူလက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်နဲ့ အိမ်ထောင် ကျလို့ အစ္စလာမ်ဘာသာသို့ ကူး ပြောင်းခဲ့တယ်လို့ ဆိုတယ်။ တကယ် လို့ မိခင်ဖြစ်သူက အစ္စလာမ်ဘာသာ သို့ ချက်ခြင်းကူးပြောင်းခြင်းမရှိခဲ့ဘူး။ ဒါကြောင့် သမီးက မိခင်ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ငယ်စဉ်ကပင် သက် ဝင်ကိုးကွယ်ခဲ့မယ်။ အိမ်ထောင်ကျ လည်း ဗုဒ္ဓဘာသာဝင်အဖြစ် ဆက် လက်ခံယူမယ်။ သားနှစ်ဦးက ဖခင် ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာကို ကိုး ကွယ်ကြမယ်။ နောက်ပိုင်းမှ မိခင်က အစ္စလာမ်ဘာသာကို ပြောင်းလဲ ကိုး ကွယ်ပြီး ကွယ်လွန်ခဲ့မယ်ဆိုရင် အစ္စလာမ်ဘာသာဝင်မိခင်ရဲ့ အမွေ ကို ငယ်စဉ်ကပင် ဗုဒ္ဓဘာသာကိုး ကွယ်သူ သမီးက အမွေရခွင့်မရှိ တော့ပါဘူး''
''တချို့ မိသားစုတွေမှာ သေတမ်းစာရေးသွားချင်လို့ မကွယ်လွန် မီ ကျန်းမာနေစဉ် ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ဘာသာသို့ ကူးပြောင်း ကိုး ကွယ်ကြတာကို တွေ့ဖူးတယ် ဆရာ''
''ယခုကိစ္စမှာတော့ သမီးဖြစ်သူက မူလအစ္စလာမ်ဘာသာမှ ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းယူသူဖြစ်လို့ အမွေဝေစုရထိုက်ခွင့်ရှိပါတယ်။ ညှိ နှိုင်းလို့ အဆင်ပြေရင်တော့ အရောင်း အဝယ်ဆက်လုပ်ပါ။ အမှုအခင်းဖြစ် ဖို့ရှိရင်တော့ စရန်ငွေပြန်ယူလိုက်တာ ကောင်းမယ်''ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေ အတိုင်ပင်ခံ)
Photo Credit : Shqiperia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ