By Sint Sint, Shweproperty.com
Updated at 20 November 2020
Unicode Version
သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန်ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ ။
မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင် ဖြစ်လိုပါက ......
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှ ၎င်း တစ်နေရာတွင် သီးသန့်ထား၍သော်၎င်း တစ်ယောက်စာ တစ်ပန်းကန်စာကို ဟင်းအားလုံး စုပုံထည့်ကာ ခက်ရင်း ဇွန်းတပ်ပြီး လက်နှင့် ကိုင်မြှောက်ကာ ” ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ ရဟန္တာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော ဝိဇ္ဇာထိုရ်သူတော်ကောင်း အပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။ သုံးဆောင်တော်မူကြပါဟု ” ပင့်ဖိတ်၍ အလှုဒါနပြုပေးပါ။ သောက်တော်ရေ (သို့) ရေနွေး ကြမ်းတစ်ခွက်စီ ချ၍ ကပ်လှုပေးပါ။
ကပ်လှုထားသော ပန်းကန် ၂ ခုထဲတွင် အချိူ ပွဲပါစုပုံပြီး ကပ်လှုပါ။မိမိ ထမင်းစား ပြီးဆုံးပါက မြတ်ဗုဒ္ဓ နှင့်ရဟန္တာများ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာတို့အတွက် အလှုဒါန ပြုထားသော ပန်းကန်များကိုကိုင်ပြီး မြေကြီး အလွတ်တစ်နေရာ မြေပြင်ပေါ် တွင် ဘာမှမခင်းရပါ။ ” သစ္စာ ” ပြုကာ တပည့်တော် တစ်ခါမှ မလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ။
ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ မြေကြီးပေါ်မှာ စား၊ မြေကြီးပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့်အတွက် ” အသင်” မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။
ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ်မင်း နှင့် မြေကြီးပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုုင်ပါစေ။
ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ။ သာယာကြပါစေ ။ ကျန်းမာကြပါစေ ။ ချမ်းချမ်း သာသာ စားသောက် နိုင်ကြပါစေဟု“သစ္စာပြုဆုတောင်းကာ ” အရင်ကပ်လှုထားသောထမင်းဟင်း ၂ ပွဲ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ ။ အလှုဒါနပြုပါ ။ ဆွေတော်မျိူးတော် အပေါင်းနှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်းနှင့် (၃၁) ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။ သုံးဆောင်တော်မူကြပါ ။
ဤကဲ့သို့ ကုသိုလ်ကောင်းမှုထူးကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့် “ဘုရားတပည့်တော်( နာမည်) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ ။ အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသား” ဟု ဆုတောင်း သစ္စာပြုပါ။ ကျန်တစ်ဝက်ကို မိမိစားပါ။ ရောဂါ ပျောက်ပါစေ ။ ကျန်းမာပါစေ ။ လာ်လာဘပွင့်ပါစေ ။ ဝင်ငွေတိုးပါစေဟုပြော၍ လက်တွေ့ဆောင်ရွက် လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ် ဝယ်သင့်၊ ဆောက်သင့်သော နှစ်အပိုင်းအခြားများ
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ
အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ
Zawgyi Version
သစ္တံခါးဆရာေတာ္၏ ေရးသားေဖာ္ျပခ်က္အား အဓိ႒ာန္က်င့္ေဆာင္ပုံ တင္ျပေပးျခင္းပါ ။
မိမိမွာ အိမ္ပိုင္ရွင္ ေျမပိုင္ရွင္ ျဖစ္လိုပါက ..
ေန႔စဥ္ေန႔တိုင္း ထမင္းစားေသာက္သည့္အခါ မိမိစားသုံးေနေသာ စားပြဲမွ ၎ တစ္ေနရာတြင္ သီးသန႔္ထား၍ေသာ္၎ တစ္ေယာက္စာ တစ္ပန္းကန္စာကို ဟင္းအားလုံး စုပုံထည့္ကာ ခက္ရင္း ဇြန္းတပ္ၿပီး လက္ႏွင့္ ကိုင္ေျမႇာက္ကာ ” ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူၿပီးၾကေသာျမတ္ဗုဒၶအဆူဆူတို႔အား တစ္ပြဲ ရဟႏၲာ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ ျမတ္မ်ားႏွင့္ သံဃာေတာ္အေပါင္း အရိယာဝိဇၨာဓမၼဝိဇၨာထြက္ရပ္လမ္း စေရာက္ေတာ္မူၾကေသာ ဝိဇၨာထိုရ္သူေတာ္ေကာင္း အေပါင္း အရွင္ေကာင္း တို႔အား ကိုယ္တိုင္ ႂကြေရာက္၍ ဘုန္းေပးေတာ္မူၾကပါ။ သုံးေဆာင္ေတာ္မူၾကပါဟု ” ပင့္ဖိတ္ ၍ အလႈဒါန ျပဳေပးပါ။ ေသာက္ေတာ္ေရ (သို႔) ေရေႏြး ၾကမ္းတစ္ခြက္စီ ခ်၍ ကပ္လႈေပးပါ ။ကပ္လႈထားေသာ ပန္းကန္ ၂ ခုထဲတြင္ အခ်ိဴ ပြဲပါစုပုံၿပီး ကပ္လႈပါ။
မိမိ ထမင္းစား ၿပီးဆုံးပါက ျမတ္ဗုဒၶ ႏွင့္ရဟႏၲာမ်ား အရိယာ ဝိဇၨာ ဓမၼဝိဇၨာတို႔အတြက္ အလႈဒါန ျပဳထားေသာ ပန္းကန္မ်ားကို ကိုင္ၿပီး ေျမႀကီး အလြတ္တစ္ေနရာ ေျမျပင္ေပၚ တြင္ ဘာမွမခင္းရပါ။
” သစၥာ ” ျပဳကာ တပည့္ေတာ္ တစ္ခါမွ မလႉဒါန္းဖူးေသာ အလႈဒါနကို လႈဒါန္းပါ၏ ။ဘုရားတပည့္ေတာ္သည္ ေျမႀကီးေပၚမွာေန ေျမႀကီးေပၚမွာ စား၊ ေျမႀကီးေပၚမွာ က်င္ႀကီး က်င္ငယ္ စြန႔္ကာ ေနထိုင္သည့္အတြက္ ” အသင္” ေျမႀကီးသည္ ေက်းဇူးႀကီးမားလွပါသည္။
ဤကဲ့သို႔ ေက်းဇူးႀကီးမားလွေသာေၾကာင့္ ” ဤ ေျမႀကီးကို ေစာင့္ေရွာက္ေနပါေသာ ” ဝသုႏၵေရ ” ေျမေစာင့္နတ္မင္း ႏွင့္ ေျမႀကီးေပၚတြင္ရွိၾကကုန္ေသာ ” ပု႐ြတ္ဆိတ္” တီေကာင္ ပိုးေကာင္မႊားေကာင္ အစရွိေသာ သတၱဝါ မွန္သမွ်တို႔သည္ ဘုရားတပည့္ေတာ္ စားသလိုစားႏိုုင္ပါေစ။
ဘုရားတပည့္ေတာ္ ျပည့္ျပည့္ဝဝ စုံစုံလင္လင္ သုံးေဆာင္ရသလို သုံးေဆာင္ရပါေစ။ ေအးခ်မ္းၾကပါေစ။ သာယာၾကပါေစ ။ က်န္းမာၾကပါေစ ။ ခ်မ္းခ်မ္း သာသာ စားေသာက္ ႏိုင္ၾကပါေစ ဟု“သစၥာျပဳဆု႔ေတာင္းကာ ” အရင္ ကပ္လႈထားေသာထမင္းဟင္း ၂ ပြဲ ေရ တို႔ကို တဝက္စီခြဲ၍ ေျမႀကီးေပၚပုံပါ ။ အလႈဒါန ျပဳပါ ။ ေဆြေတာ္ မ်ိဴးေတာ္ အေပါင္းႏွင့္ ျမင္အပ္ေသာ ပုဂၢိဳလ္ မျမင္အပ္ေသာ ပုဂၢိဳလ္ ” ဝသုႏၵေရ ” နတ္မင္းႏွင့္ (၃၁) ဘုံသား သတၱဝါမ်ား စားသုံးေတာ္မူၾကပါ။ သုံးေဆာင္ေတာ္မူၾကပါ ။
ဤကဲ့သို႔ ကုသိုလ္ေကာင္းမႈထူးကို ျပဳလုပ္ရပါေသာေကာင္းက်ိဴးမ်ားေၾကာင့္ “ဘုရားတပည့္ေတာ္( နာမည္) သည္ ” ေျမပိုင္ရွင္ႀကီး အိမ္ပိုင္ရွင္” သူေ႒းႀကီး မေၾကာင့္မၾက မေတာင္းတရပဲ ျဖစ္ႏိုင္ပါေစ ။ အျမန္ျဖစ္၍ ဘာသာအက်ိဴး သာသနာအက်ိဴး သာသနာျပဳႏိုင္ပါေစသား” ဟု ဆုေတာင္း သစၥာျပဳပါ။ က်န္တစ္ဝက္ကို မိမိစားပါ။ ေရာဂါ ေပ်ာက္ပါေစ ။ က်န္းမာပါေစ ။ လာ္လာဘပြင့္ပါေစ ။ ဝင္ေငြတိုးပါေစဟုေျပာ၍ လက္ေတြ႕ေဆာင္႐ြက္ လက္ေတြ႕ အက်ိဴးေပးေသာေၾကာင့္ ေသခ်ာေဆာင္႐ြက္ၿပီး အဓိ႒ာန္ လုပ္ၾကည့္ၾကပါ အစစအရာရာ အဆင္ေျပ၍ ေအာင္ျမင္လာပါလိမ့္မည္။
ဖတ္ရႈမႈအမ်ားဆုံး အိမ္ၿခံေျမဗဟုသုတမ်ား
အိမ္ ဝယ္သင့္၊ ေဆာက္သင့္ေသာ ႏွစ္အပိုင္းအျခားမ်ား
အိမ္ေတြမွာ အိမ္ေျမႇာင္စုတ္ထိုးသံၾကားရင္ဘာေတြျဖစ္မွာလဲ
အိမ္အသစ္ေဆာက္မည့္သူမ်ား အိမ္ခိုက္တာအခုလိုေလွခါးထစ္နဲ႔ဆိုင္လားမဆိုင္လားဗဟုသုတအေနျဖင့္ဖတ္ပါ
အိမ္နံပါတ္နဲ႔ ပတ္သတ္ၿပီး ထူးျခားတဲ့အေၾကာင္းအရာမ်ား
Credit : Manawmayajournal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ