By ShweLaYaung, Shweproperty.com
Updated at 29 June 2018
ဒါက ဓာတ်ယတြာဖြစ်တာကြောင့် ယုံကြည်မှုရှိမှ လုပ်ကိုင်ပါ။ ယတြာကို အားကိုးပြီး မိမိကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်မှုမရှိပါကလည်း မဖြစ်နိုင်ပါချေ။
မိမိကိုယ်တိုင်ကလည်း အိမ် ခြံ ရဖို့ ကြိုးစားအားထုတ်ပါ။ ဒီယတြာ အစီအရင်လည်း လုပ်မည်ဆိုပါက တစ်နှစ်ကျော် သုံးနှစ်အတွင်း အိမ်ပိုင်ဖြစ်စေပါသည်။ လက်တွေ့ အသုံးတည့်ခဲ့သော အစီအရင်တစ်ခုဖြစ်တာကြောင့် ယုံကြည်မှသာ လုပ်ကိုင်ပါ။
ရွှေထီးနှစ်လက်ဝယ်ပါ။ မိမိတို့ အိမ်ရှိ ဘုရား၏ ဘေးတဖက်စီတွင် တည့်မတ်စွာထောင်ထားပါ။ ကတ္တီပါ အနီစ တတောင်ခန့်ဝယ်ပါ။ ဘုရား၏ အောက်တွင်ခင်းပါ။သကြားဆွမ်းကပ်လှူ ပါ ဆွမ်းပေါ်တွင် အုန်းသီးစိပ်တင်၍သော်လည်းကောင်း ၊ အုန်းထမင်း ဖြစ်စေ ကပ်လှူပေးပါ။
တနင်္ဂနွေနေ့မနက် ၆ နာရီ မှ စပါ။ ဦးစွာပုံမှန်လုပ်နေကြ ပရိကံယူ ၍ သီလဆောက်တည်ပါ။ မေတ္တာသုတ်တော်ကို (၇)ခေါက်ပူဇော်ပါ။ သရဏဂုံ ပုတီးသုံး ပါတ်စိပ်ပြီးလျှင် ” အရဟံ သိဒ္ဓိ ” ဂုဏ်တော်အား ပုတီးကိုးပါတ် စိပ်ရပါမည်။
ပြီးလျှင် ယနေ့ပြုသော ကုသိုလ်ဘာဝနာတို့သည် အိုးအိမ်စည်းစိမ်ကိုပေးသော နတ်မြတ်နတ်ကောင်းတို့နှင့်အဘ သိကြားဝိဇ္ဇာများပါမကျန် သိစေကြားစေ အပ်ပါသည်။ မြန်စွာ မနှေး ကိုယ်ပိုင်အိမ်ဖြင့်နေရပါလို၏ ဟု ဆုတောင်းပါ။
မှတ်ချက်။ ။ ဘုရားကန်တော့ပြီးလျှင် ဤနေ့ဤရက်မှစ၍ ကိုယ်ပိုင်အိမ်ဖြင့် နေလိုပါ၍ အဓိဌာန်ဝင်ခြင်းဖြစ်ပါသည်ဟု အဓိဌာန်ပြုရပါမည်။ မိမိ မွေးနေ့မှလည်း စတင်ပြုလုပ်နိုင်သည်။
မနက်ပိုင်းအချိန်မရသူများ ညပိုင်း ၉ နာရီ သို့မဟုတ် ၉း ၄၅ တွင် စတင်ပါ။ တစ်လ နှစ်လ သုံးလ စသဖြင့် အဓိဌာန် ဖြင့်လုပ်ပါ။ လက်တွေ့အကျိုး ဖြစ်ထွန်းပါသည်။ ကိုယ်ပိုင်အိမ်ဖြင့် နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါသည်။
Ref : Shwe La Yaung
Photo Credit : Realtor
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ