By Myanmar Property News, Shweproperty.com
Updated at 26 December 2018
ယခုခေတ်သည် မြေကွက်အရောင်းအဝယ်တွင်ကျယ်သော ကာလဖြစ်ပြီး ငွေပိုငွေလျှံ ရှိသူများအဖို့ မြေကွက် ဝယ်ရောင်းခြင်းမှာ စီးပွားရေးတစ်ရပ်သဖွယ် ဖြစ်လာပါသည်။
အများဆုံး အရောင်း အဝယ်ဖြစ်သည့် မြေကွက်များမှာ ပါမစ်မြေ၊ ဂရန်မြေများ ဖြစ်ကြပါသည်။ ဂရန်မြေအား ဝယ်ယူရာတွင် မိမိ အမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ခြင်းမပြုသည့်တိုင် စာချုပ်အား ခိုင်မာစွာ ချုပ်ဆို၍ အထူး ကိုယ်စားလှယ်လွှဲစာ (SP) အား ယူထားလေ့ရှိပါသည်။
သို့ရာတွင် ပါမစ်မြေအား ယင်းသို့ အထူးကိုယ်စားလှယ်လွှဲစာ (SP) ရယူ၍ ဝယ်ယူ၍ မရနိုင်ပါ။ အမည်ပေါက်ဖြစ်သူထံ အထွေထွေကိုယ်စားလှယ်စာ (GP) အားလည်း တော်ရုံဖြင့် လွှဲအပ်ပေး လေ့ မရှိကြပါ။ ဝယ်ရောင်းပြုသူများအနေဖြင့် အဆိုပါမြေတွင် အဆောက်အဦ ဆောက်လုပ်နေထိုင်ရန် အစီအစဉ်မရှိသူများဖြစ်၍ အဆိုပါမြေနှင့် စပ်လျဉ်း၍ ပြဿနာသော်လည်းကောင်း၊ အခြားနည်း ဆောက်ရွက်ခြင်းများသော်လည်းကောင်း တစ်ဦးတစ်ယောက်မျှ ပြုလုပ်ထားခြင်း ရှိမရှိအား အစဉ်တစိုက် နားဖွင့်ရမည့် အနေအထားဖြစ်ပေါ်နေရပါသည်။
သို့ဖြစ်၍ ပါမစ်မြေအား ဝယ်ယူပိုင်ဆိုင်ထားသူများအနေဖြင့် သက်ဆိုင်ရာ ရုံးဌာနများတွင် ကြိုတင်ကန့်ကွက်တင်ပြမှုလေး ပြုလုပ်ခြင်းဖြင့် မလိုလားအပ်သည့် ပြဿနာရပ်များအား သိရှိ၍ ကာကွယ်ခုခံမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။
နောက်ဝယ်လက်သို့ ပြန်လည်ရောင်းချသည့်အခါတွင် ယင်းသို့ ကြိုတင်ကန့်ကွက်မှုအား ပြန်လည်ရုတ်သိမ်းပေးဖို့ လိုအပ်ပါတယ်လို့ ထပ်မံအကြောင်းကြားအပ်ပါသည်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ