By Sint Sint, Shweproperty.com
Updated at 22 November 2020
Unicode
ယခုခေတ်မှာ လူတော်တော်များများဟာ ခေတ်မှီနည်းပညာတွေနောက်ကို လိုက်နေကြတဲ့ အတွက် အတိတ်နမိတ်တွေနဲ့ ပက်သက်လာရင် သိတဲ့သူ အလွန်နည်းလှပါတယ်နော်။
ချစ်ပရိတ်သတ်ကြီးအတွက် ဗဟုသုတရအောင် ပျားနဲ့ ပက်သက်တဲ့ အတိတ်နမိတ်တွေကို တင်ပေးလိုက်ပါတယ်နော်။
(၁) ဘယ်ဘက်လက်၌ ပျားစွဲပါက ငွေဝင်မှာဖြစ်ပါတယ်။
(၂) ညာဘက်လက်၌ ပျားစွဲပါက စီးပွားပျက်တတ်ပါတယ်နော်။
(၃) အိမ်ခေါင်မိုး ထုတ်တန်းမှာ ပျားစွဲပါကစီးပွားပျက်တတ်ပါတယ်။
(၄) ရေအိုး၌ ပျားစွဲပါက သူဌေးဖြစ်မှာပါ။
(၅) အဝတ်ပုဆိုး၌ ပျားစွဲပါက ချမ်းသာမှာ ဖြစ်ပါတယ်။
(၆) အိပ်ရာအောက် ၊ သင်ဖြူးဖျာအောက်၊ ထမင်းအိုး၌ ပျားစွဲပါက ကောင်းသောနိမိတ်ဖြစ်ပါတယ်။
(၇) အထက်ဖျားဝါးပေါ်၌ ပျားစွဲပါက ရှိသမျှ စည်းစိမ်ဥစ္စာကုန်တတ်ပါတယ်။
(၈) အရှေ့မှလာပြီးပျားစွဲပါကအငြင်းအခုံ ကြုံရတတ်ပါတယ်နော်။
(၉) အရှေ့တောင်ကနေ လာပြီးတော့ ပျားစွဲပါက ငွေဝင်ပါတတ်ပါတယ်။
(၁၀) တောင်မှလာပြီး ပျားစွဲပါက ပျက်စီးဆုံးရှုံးမည်။
(၁၁) အနောက်မှလာပြီးပျားစွဲပါကအိမ်ထောင်ကျမည် ။
(၁၂) အနောက်မြောက်မှ လာပြီး ပျားစွဲပါက ငွေရမည်။
(၁၃) အနောက်တောင်မှ လာပြီးပျားစွဲပါက သူခိုးခိုး ခံရမည် ဖြစ်ပါတယ်။
စာဖတ်ပရိတ်သတ်ကြီး အားလုံးအတွက်ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။စာဖတ်ပရိတ်သတ်ကြီး အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဗဟုသုတများ
တိုက်နဲ့ပဲနေနေ၊ တဲနဲ့ပဲနေနေ လုံးဝ မလုပ်မိကြပါစေနဲ့
တိုက်အိမ်လေးဆောက်မယ်ဆိုရင် ကုန်ကျမည့်အရေအတွက်ကို ကိုယ်တိုင် အကြမ်းဖျင်းခန့်မှန်းနည်း
အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ
အိမ်နံပါတ်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အကြောင်းအရာများ
Zawgyi
Credit : Popularpostnews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ