By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
ပါမစ်မြေ
ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသော နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့် အိမ်ရာ၊ အဆောက်အဦး ဆောက်လုပ်ခွင့်ပြုသော မြေဖြစ်သည်။
ကျူးကျော်မြေ
မြေငှားစာချုပ်လည်းမရှိ နေထိုင်ခွင့်ပြုမိန့် တစ်စုံတစ်ရာမရှိပဲ အသုံးမပြုပဲထားသည့် အစိုးရပိုင်မြေပေါ်တွင် ကျူးကျော်ဆောက်လုပ်နေထိုင်သော မြေဖြစ်သည်။ ဂရန်ကိုင်မဟုတ်၊ စကွာတာမြေလည်း မဟုတ်ပဲ စည်ပင်သာယာအဖွဲ့ပိုင်မြေပေါ်တွင် ခွင့်ပြုမိန့်တစ်စုံတစ်ရာမရှိပဲ နေသူကို ENCROACHER ဟုခေါ်သည်။ ENCROACHER သည် TRESPASSER ပင်ဖြစ်သည်။ မြေငှားစာချုပ်လည်းမရှိ၊ မြို့ရွာနှင့် အိုုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှလည်း အသိအမှတ်မပြုပဲ ကျူးကျော်သူအဖြစ် ဒဏ်သဘော အခွန်တော် စည်းကျပ်ထားသောမြေ (ယခု ကျူးကျော်ခွန် မကောက်တော့ချေ) ဖြစ်သည်။
ကျူးကျော်သူသည် မူလက TRESPASSER အဖြစ်မှ TENANT AT WILL အဖြစ်သို့ရောက်ရှိသည်။ မြေခကို သုံးလ တစ်ပတ် ပြေစာဖြတ်ပိုင်းဖြင့် ယူနေသည်ဖြစ်ရာ လည်းကောင်းတို့ကို မြေပေါ်မှ ဖယ်ရှားခိုင်းလိုလျှင် မရွှေ့ပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၁၀၆ အရ ၁၅ ရက်ထက်မနည်း နို့တစ်ပေးပြီး ဖယ်ရှားနိုင်ပေသည်။
အဆိုပါကျူးကျော်မြေအား နိုင်ငံတော်အနေဖြင့် လိုအပ်ပါက ဖယ်ရှားခံရမည်ဖြစ်သည်။ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း ပြုလုပ်၍ မရသော မြေဖြစ်သည်။
ဂရန်ရှိသော မြေပိုင်မြေ
ဘိုးဘွားပိုင် (မြေပိုင်မြေ) ကဲ့သို့သော မြေဖြစ်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ