By Wai Phyoe, Shweproperty.com
Updated at 27 October 2015
ကျွန်တော်တို့ Shweproperty.com ကို Facebook Page ကနေတဆင့်ကော ဖုန်းဆက်ပြီးတော့ မေးမြန်းထားကြတဲ့ သူများအတွက် အိမ်ခြံမြေဂဏ္ဍမှာ ဂရန်ကနေ ပါမစ်လျှောက်မယ်ဆိုရင်၊ ပါမစ်နဲ့ဝယ်ထားတဲ့ခြံကို ဂရန်ပြန်လျှောက်ရမယ်ဆိုရင် သိသင့်သာလေးတွေကို ကြိုးစားဖော်ပြပေးလိုက်ပါသည်။
မေး။ ။ ဂရန်လျှောက်တိုင်း ကျနိုင်ပါသလား။
ဖြေ။ ။ စည်းကမ်းနဲ့ မညီညွတ်ရင်တော့ လျှောက်တိုင်းလည်းမကျနိုင်ပါဘူး။
# အရှုပ်အရှင်းရှိနေတဲ့ ပါမစ်၊ စလစ်တွေနဲ့ ဂရန်လျှောက်တာ။
# ဘေးဘယ်ညာ မြေကွက်တွေနဲ့ အငြင်းပွားနေတာ။
# မြေပိုတွေထည့်ပြီး ဂရန်လျှောက်တာတွေက စပြီး တခုခု အမှားအယွင်းနဲ့ ဂရန်လျှောက်မယ်ဆိုရင် အလွယ်တကူ ဂရန်မကျနိုင်ဘူး။
# ပါမစ်ဝယ်ယူထားတဲ့ ဆက်စပ်စာချုပ်တွေ မမှန်ကန်တာ၊ ၎င်းအဆက်အစပ်မှာ ပိုင်ရှင်အမည် လွဲမှားနေတာ။
# ဖန်တီးထားတဲ့ စာချုပ်တွေနဲ့ တင်ခြင်း (သို့) မတင်ပြနိုင်ခြင်း ဖြစ်နေရင်။
# ပါမစ်ရှိပေမယ့် မြေခွန်ဆောင်ခွင့်မရှိ ဖြစ်နေတဲ့ မြေကွတ်တို့နဲ့ ပါမစ်အဝယ်စာချုပ်မှာ နှစ်ဦးအမည်ပေါက်ပြီး ဂရန်လှျှောက်ထားရာမှာ တစ်ဦးတည်းအမည်နဲ့ လျှောက်ထားရင်။
# ပါမစ်မှာရှိတဲ့ မြေအတိုင်းအတာနဲ့ ဂရန်လျှောက်ထားတဲ့ မြေအတိုင်းအတာတို့ ကွဲလွဲနေရင်။
# မခိုင်လုံတဲ့ ကျမ်းကျိန်လွှာ၊ အမွေဆက်ခံလွှာတို့နဲ့ လျှောက်ထားရင်။
# နိုင်ငံပိုင်မြေပေါ်မှာ ကျူးကျော်နေခြင်းနဲ့ အမှုအခင်းဖြစ်ပွားနေတဲ့ မြေကွက်တွေနဲ့ ဂရန်လျှောက်ထားခဲ့ရင် အလွယ်တကူ ဂရန်ကျလာမှာမဟုတ်ဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေငြာထားပါတယ်။
မေး။ ။ ပါမစ်နဲ့ဝယ်ထားတဲ့ခြံကို ဂရန်ပြန်လျှောက်နိုင်ပါသလား။
ဖြေ။ ။ ဂရန်လျှောက်လို့ရပါတယ်။ မြို့တော်စည်ပင်မှာ သွားလျှောက်ရမှာဖြစ်ပြီး လုပ်ကိုင်ပုံ အဆင့်ဆင့်ကို ဘုတ်တွေနဲ့ ထောင်ပြီး ရှင်းပြထားပါတယ်။
Written By : Wai Phyoe
Photo Credit : Irrawaddy
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ