By Dream Home Guide, Shweproperty.com
Updated at 17 January 2019
ဟိန္ဒူရိုးရာဓလေ့ထုံးတမ်းနဲ့ ကိုက်ညီအောင် ရေးသားသတ်မှတ်ထားတဲ့ ဗိသုကာဒီဇိုင်းပညာ “Vastu Shastra” ရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေထဲက သင့်ရဲ့အိမ်ရှေ့မှာမထားသင့်တဲ့အရာဝတ္ထုတွေ၊ ပစ္စည်းတွေ၊ အပင်တွေ ကို အချက်(၈)ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆူးချွန်ပါတဲ့ အပင်မျိုးကို သင့်ရဲ့အိမ်ရှေ့မှာ မစိုက်ထားပါနဲ့။ သင့်ရဲ့ အိမ်ရှေ့မှာ စိုက်ပျိုးထားခြင်းဟာ သင့်အတွက် ရန်သူတွေ တိုးလာစေပါတယ်။ မိသားစုတွင်း ပြဿနာတွေ ဖြစ်လာနိုင်စေသလို၊ သင့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
(၂) အသုံးပြုပြီးသား ရေစိုးရေညစ်တွေ အိမ်ရှေ့ကို စုပုံမလာစေရန် ဂရုစိုက်ပါ။
(၃) Vastu ရဲ့ စည်းမျဉ်းအရ၊ ကျောက်တုံးတွေ ကျောက်စရစ်ခဲတွေ အိမ်ရှေ့မှာ စုပြုံမထားသင့်ပါဘူး။ တကယ်လို့ထားမယ်ဆိုရင် ဘဝတိုးတက်မှုအတွက် အချိန်ကာလတွေ နှောင့်နှေးတတ်သလို အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
(၄) အမှိုက်စွန့်ပစ်ဖို့ အမှိုက်ပုံးကို အိမ်ရှေ့တွင်မထားပါနဲ့ ၊ သင့်မိသားစုရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။
(၅) သင့်အိမ်ရှေ့မှာ ဓာတ်မီးတိုင်ရှိနေခြင်းဟာလည်း သင့်ဘဝမှာ အခက်အခဲ၊ အကျပ်အတည်းတွေကို ကြုံတွေ ရနိုင်ပါတယ်။
(၆) အရိပ်ရနိုင်တဲ့ သစ်ပင်ကြီးတွေလည်း အိမ်ရှေ့မှာ မစိုက်ထားပါနဲ့။
(၇)နွယ်ပင်ကဲ့သို့ တွားသွားပင်တွေ ရှိနေခြင်းကို ရှောင်ကျဉ်ပါ။
(၈) အိမ်ရဲ့ မြေညီကြမ်းပြင်ပိုင်းဟာ အိမ်ရှေ့မှာရှိတဲ့ လမ်းမထက်ကို ပိုပြီးမြင့်နေအောင် တည်ဆောက်ထား ရပါမယ်။ တကယ်လို့ လမ်းနဲ့ တပြေးညီဖြစ်နေမယ်ဆိုရင် မိသားစုရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်အမျိုးသမီးတွေကို ပိုပြီး ထိခိုက်စေပါတယ်။
Ref : Dream Home Guide
Translate by: Wut Yee Htun (Shweproperty.com)
Photo Credit : Houzz
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ