By Kumudra, Shweproperty.com
Updated at 3 July 2018
ကြိုပွိုင့်တိုက်ခန်းတွေနဲ့ပတ်သက်ပြီး ဝယ်ယူမယ့်သူတွေ သတိပြုရမယ့်အချက် အလက်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
တိုက်ခန်းဝယ်ယူမယ်ဆိုရင် စာချုပ်ချုပ်ဆိုတဲ့အခါ လိုအပ်တဲ့ အထောက်အထားတွေကို တောင်း ကြည့်ရမှာဖြစ်သလို မြေရှင်နဲ့ ကန်ထရိုက်ချုပ်ဆိုထားတဲ့ စာချုပ် မိတ္တူကိုလည်း တောင်းဖို့လိုအပ်ပါတယ်။ စာချုပ်ချုပ်ဆိုချိန်မှာလည်း မြေရှင်ကို အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းဖို့ လိုအပ်ပါတယ်။
ဝယ်ယူမယ်ဆိုရင်တော့ တိုက်ခန်းနဲ့ ပတ်သက်ပြီး အချက်အလက်အပြည့်အစုံကိုထည့်သွင်းချုပ်ဆိုဖို့ လိုအပ်သလို တိုက်ခန်းဆောက်လုပ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ရပိုင်ခွင့်၊ တိုက်ခန်းမှာပါဝင်ရမယ့် ဝန်ဆောင်မှုတွေကိုပါ ထည့်သွင်းချုပ်ဆိုသင့်ပါတယ်။
တိုက်ခန်းတွင်းပါဝင်သင့်တဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တိုက်ခန်း မျက်နှာစာမှာပါဝင်ရမယ့် ဝန် ဆောင်မှုများ၊ ဝယ်ယူထားတဲ့ တိုက်ခန်းရဲ့ အကျယ်အဝန်းအတိအကျ၊ တံခါးပေါက်အရေအတွက်နဲ့ အသုံးပြုမယ့်တံခါးအမျိုးအစား၊ လျှပ်စစ်မီးသွယ်တန်းမှု၊ မီးဖိုချောင်မှာပါဝင်မယ့် ဝန်ဆောင် မှု၊ မိမိအခန်းတွင်းအသုံးပြရမယ့် ရေစုပ်စက်၊ တိုက်ခန်းလှေကား အကျယ်အဝန်း၊ အရေးပေါ်လှေကား၊ အသုံးပြုရမယ့်ရေတိုင်ကီ အကျယ်အဝန်း၊ ကန်ထရိုက်နဲ့ ငွေပေးချေမှုကိစ္စကို အချိန်ကာလ သတ်မှတ်ချက်၊ လုပ်ငန်းပြီးစီးမှုနဲ့ ငွေပေးချေရမည့်ကဏ္ဍကို အတိအကျဖော်ပြရန်၊ ကန်ထရိုက်က မိမိအခန်းကို အပ်နှံရမယ့်အချိန် ကာလကို အတိအကျဖော်ပြရန်နဲ့ သတ်မှတ်ကာလအတွင်းမအပ်နှံပါက လျော်ကြေးပေးရန် စတဲ့အ ချက်အလက်တွေထည့်သွင်းချုပ်ဆိုသင့်ပါတယ်။
Ref : Kumudra
Photo Credit : Elespanol
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ