By Aye Mon, Shweproperty.com
Updated at 28 December 2015
ဈေးကွက်ထဲမှာ မကျွမ်းမကျင် မလည်မဝယ်နဲ့ လုပ်စားနေတဲ့ ပွဲစားတွေကို စားကွက်ချပြီး ခြားခံလုပ်ကြတာကို တချို့ကမသိဘဲ စာရွက်စာတမ်း အတုတွေ ယူလာပြရာကနေ အမှုဖွင့်ခံရတာတွေ ကြားထဲက ကြံရာပါအဖြစ် ခံရာတာတွေလည်း ရှိပါတယ်။ ဒါကြောင့်အရောင်းအဝယ် လုပ်ပေးနေတဲ့ အကျိုးဆောင်တွေလည်း သတိထားဖို့ လိုအပ်ပါတယ်။
အကျိုးဆောင်ဝိုင်းထဲကို ဈေးတန်တယ်ဆိုပြီး ဂရန်မိတ္တူကိုင်ကာ အရောင်းလာတင်တယ်။ ကိုယ်တွေကလည်း အရင်ကတည်းက ဂ၇န်တွေကိုင်ပြီး အရောင်းအဝယ် လုပ်လာတာဆိုတော့ ကွဲလွဲနေတဲ့ အချက်တွေ တွေ့ရတယ်။ ယူလာတဲ့ အမျိုးသမီးကိုတော့ မပြောပါဘူး။ ပိုင်ရှင်ကိုခေါ်လိုက်ပါဆိုပြီး ပြောတော့ သူ့ကိုခေါ်လာတဲ့ ပိုင်ရှင်ကို မတွေ့တော့ဘူး။ သည်လိုမျိုး ရရင်ရောင်းမယ် မရရင်ပြန်မယ်ဆိုပြီး ကြားပွဲစားတွေကို အသုံးပြုကာ ဈေးကွက်အတွင်း ဝင်လာတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ ရတဲ့ ဦးကျော်နိုင်က ပြောပါတယ်။
ပွဲစားအချင်းချင်းလည်း လိမ်
ဂရန်ကိုပဲ အစစ်နဲ့ ခွဲမရအောင်တူတာ တွေရှိသလို၊ တချို့က စကန် (scan) တောင်သေချာ မလုပ်ထားတဲ့ ဂရန်တွေ၊ စာရွတ်စာတမ်းတွေနဲ့ အရောင်းလာတင်တာတွေ လည်းရှိတယ်။ အကျိုးဆောင်အချင်းချင်း သည်အကွက်လေးတော့ လှည့်ယူပေးထားပါ။ ဈေးပေါပေါနဲ့ ဝယ်ထားပေးပါဆိုပြီး လာရောင်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "ဟိုတလောက အသိမိတ်ဆွေ အမျိုးသမီးပဲ အတုမှန်းသိသာနေတဲ့ ဂရန်ကြီးနဲ့ အတင်းလာရောင်းတာ၊ ကိုယ်လည်းအားမနာနိုင်ဘူး၊ အတုဖြစ်နေတယ် ပြောလိုက်တော့မှ မသိလို့ပါဆိုပြီး ပွဲပျက်ခဲ့တယ်၊ သတိထားဖို့ အချင်းချင်း ပြောထားရတယ်၊ အခုဟာက ကိုယ်မသိလိုက်ရင် ခံလိုက်ရမှာ"လို့ ပြောပါတယ်။
ပွဲစားလောကမှာလည်း အရင်ကလိုမဟုတ်တော့ဘဲ ပျံ့နှံ့လွယ်နေပြီး အချင်းချင်း သတိပေးကြတယ်။ Facebook နဲ့ Online မှာလည်း အချင်းချင်းသတိပေးနေ ကြပေမယ့်၊ လိမ်တဲ့သူတွေကလည်း ရှိနေတာကြောင့် အကျိုးဆောင်တွေ အနေနဲ့ သတိထားပြီး ရောင်းမှားဝယ်မှား မဖြစ်အောင် ဂရုစိုက်စိစစ် သင့်တယ်လို့ သိရပါတယ်။
Ref : Aye Mon
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ