By Kumudra, Shweproperty.com
Updated at 29 November 2019
#Unicode
တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်းက မြေရှင်ကို အမည်ပြောင်းခနဲ့ လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်းချုပ်ဆိုမှသာ နောက်ပိုင်းအငြင်းပွားမှု လျော့နည်းနိုင်မယ်လို့သိရပါတယ်။
တိုက်ခန်းဝယ်သူတချို.ကြုံတွေ.ရတဲ့ ပြသနာက တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးနှုန်းသေချာမသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင်တောင်းသလောက်ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။
အခုလိုပေးရတဲ့အပေါ် တချို့က ပေးစရာမလိုဘူး။ တချို.ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ် လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။
ရှေ့နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ဘာသဘောတူညီချက်မှ မြေရှင်နဲ့အိမ်ရှင်ကြား လုပ်ထားတာမရှိဘူးဆို အပျောက်ခန်းပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို့ပြောပါတယ်။
မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက်ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်း ရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ. ဖြစ်တာကြောင့် အမည်ပြောင်းခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို.မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေ ရှိသောကြောင့် ဖြစ်ပါတယ်။
အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်က ‘အများစုက ပထမစာချုပ်မှာ မြေရှင်နဲ. သဘောတူညီချက်တွေ ပါနေတာရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို.စာချုပ်မှာ နှုန်းထားတစ်ခါတည်း ထည့်မချုပ်တဲ့ အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။
တချို့ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကို ပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို့ ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို့သိရတယ်။
သည်နောက်ပိုင်းမှာတော့ တချို့နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက်ဆိုတာမျိုးထည့်ချုပ်ဆိုကြတယ်။
လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ့ ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို့သိရတယ်။
လှိုင်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘တချို့က လစဉ်ပေးရသလို တချို.က နှစ်ချုပ်နဲ.ပေးထားရတယ်၊ တစ်လကို ၃၀၀၀လောက်ပေးရတာ ပြသနာမဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ်ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေလိုအပ်မယ်လို့တော့ထင်တယ်’ လို.ပြောပါတယ်။
#Zawgyi
တိုက္ခန္းဝယ္ယူတဲ့အခါ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုကတည္းက ေျမရွင္ကို အမည္ေျပာင္းခနဲ႔ လခကို ဘယ္ေလာက္ႏႈန္းထားဆိုတာမ်ိဳး တစ္ပါတည္းခ်ဳပ္ဆိုမွသာ ေနာက္ပိုင္းအျငင္းပြားမႈ ေလ်ာ့နည္းႏိုင္မယ္လို႔သိရပါတယ္။
တိုက္ခန္းဝယ္သူတခ်ိဳ.ၾကံဳေတြ.ရတဲ့ ျပသနာက တစ္ဆင့္ျပန္ေရာင္းတဲ့အခါ ေစ်းႏႈန္းေသခ်ာမသတ္မွတ္ထားမိတာေၾကာင့္ အမည္ေျပာင္းခကို ေျမပိုင္ရွင္ေတာင္းသေလာက္ေပးၾကရသလို ေျမရွင္ကို ေပးေနရတဲ့ လစဥ္လခေၾကးေငြေတြေၾကာင့္လည္း အျငင္းပြားမႈေတြ ျဖစ္ေနၾကတာပါ။
အခုလိုေပးရတဲ့အေပၚ တခ်ိဳ႕က ေပးစရာမလိုဘူး။ တခ်ိဳ.ကလည္း ေပးရတယ္ဆိုၿပီး အေပ်ာက္စနစ္ အေရာင္းအဝယ္ လုပ္တဲ့အခါမွာ ေမးခြန္းတစ္ခု ျဖစ္ေနပါတယ္။
ေရွ႕ေနအသင္းဥကၠဌ ဦးေက်ာ္ေဇယ်က ‘အေပ်ာက္ခန္းအေရာင္းအဝယ္လုပ္တဲ့အခါမွာ ဘာသေဘာတူညီခ်က္မွ ေျမရွင္နဲ႔အိမ္ရွင္ၾကား လုပ္ထားတာမရွိဘူးဆို အေပ်ာက္ခန္းျပန္ေရာင္းတဲ့အခါမွာ အသိေပးစရာမလိုဘူး’ လို႔ေျပာပါတယ္။
ေျမရွင္ သေဘာတူညီမႈလိုတယ္ဆိုေပမဲ့ ကန္ထရိုက္တာက သူရတဲ့အခန္းကို ဝယ္သူကို တိုက္ရိုက္ေရာင္းတဲ့အခါ ေျမရွင္သေဘာတူညီမႈ မပါလည္း ရပါတယ္။ သည္လိုမ်ိဳးအခန္းဆို ပထမဆံုးခ်ဳပ္ဆိုတဲ့ စာခ်ဳပ္က ကန္ထရိုက္တာနဲ. ျဖစ္တာေၾကာင့္ အမည္ေျပာင္းခေပးစရာမလိုပါဘူး။ ဒါကလည္း အမည္ေျပာင္းခကို တခ်ိဳ.ေျမရွင္ေတြက မတန္မဆေတာင္းဆိုၾကတာေတြ ရွိေသာေၾကာင့္ ျဖစ္ပါတယ္။
အက်ိဳးေဆာင္ ေရွ႕ေန ဦးေမာင္ေမာင္က ‘အမ်ားစုုုက ပထမစာခ်ဳပ္မွာ ေျမရွင္နဲ. သေဘာတူညီခ်က္ေတြ ပါေနတာရွိတယ္၊ ဒါေပမဲ့ စာခ်ဳပ္မွာ ပါတဲ့ တန္ဖိုးအတိုင္း ေပးတာလက္မခံရင္ေတာ့ ဝယ္သူက ပ်က္ကြက္တာ မဟုတ္ေတာ့ဘူး၊ တခ်ိဳ.စာခ်ဳပ္မွာ ႏႈန္းထားတစ္ခါတည္း ထည့္မခ်ဳပ္တဲ့ အခါမွာ ျပႆနာရွိတယ္။ ေျမရွင္ေတာင္းသေလာက္ေပးရတာမ်ိဳးေတြ ရွိလာတယ္’ လို႕ေျပာပါတယ္။
တခ်ိဳ႕ဆို အေရာင္းအဝယ္ျဖစ္ၿပီးခါမွ စရန္ခ်ၿပီးမွ ေျမရွင္ကို ေပးရတဲ့ အမည္ေျပာင္းခအတြက္ ညိွႏႈိင္းမရလို႔ ပြဲပ်က္သြားတာမ်ိဳးလည္း ရွိတယ္လို႔သိရတယ္။
သည္ေနာက္ပိုင္းမွာေတာ့ တခ်ိဳ႕နားလည္သူေတြက အမည္ေျပာင္းခကို ဘယ္ေလာက္ဆိုတာမ်ိဳးထည့္ခ်ဳပ္ဆိုၾကတယ္။
လစဥ္ေျမရွင္ကို လာေပးရတာကလည္း ထံုးတမ္းစဥ္လာတစ္ခုလို ျဖစ္ေနၿပီး ဒါေတြက အေပ်ာက္စနစ္နဲ႔ ဝယ္ထားတာ ဆိုေပမဲ့ အိမ္ငွားအမ်ိဳးအစားထဲမွာ ပါတာေၾကာင့္လို႔သိရတယ္။
လႈိင္ၿမိဳ႕နယ္ေနထိုင္သူ အိမ္ရွင္မတစ္ဦးက ‘တခ်ိဳ႕က လစဥ္ေပးရသလို တခ်ိဳ.က ႏွစ္ခ်ဳပ္နဲ.ေပးထားရတယ္၊ တစ္လကို ၃၀၀၀ေလာက္ေပးရတာ ျပသနာမဟုတ္ေပမယ့္ အႏၱရာယ္ရွိ အေဆာက္အအံုျဖစ္လို႔ ၿဖိဳၿပီးရင္ ေျမပိုင္ရွင္က ေျမပိုင္ၿပီး သူေပးတဲ့အခန္းကို ျပန္ယူရမယ္ဆိုတာမ်ိဳးေတြက် မျဖစ္သင့္ဘူး၊ ဥပေဒလိုအပ္မယ္လို႕ေတာ့ထင္တယ္’ လို.ေျပာပါတယ္။
Ref : The Kumudra
Photo Credit : Tncashoffer
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ