By Sint Sint, Shweproperty.com
Updated at 27 January 2020
သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များပျက်ပြယ်ခြင်း
အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်စာချုပ်၊ အပေါင်စာချုပ်၊ပေးကမ်းခြင်းစာချုပ် အပါအဝင် စာချုပ်အမျိုးမျိုးချုပ်ဆိုကြရာ၌ အနည်းဆုံး အသိသက်သေနှစ်ဦးက သိရှိသူအဖြစ် လက်မှတ်ရေးထိုးကြရသည်။
တစ်ခါတစ်ရံတွင် စာချုပ် များကို အသိသက်သေများရှေ့၌ချုပ်ဆိုလက်မှတ်ရေးထိုးကြခြင်း မဟုတ်ဘဲ နောက်မှ အသိသက်သေ များကို ဖြည့်စွက်လက်မှတ်ရေးထိုးကြသည်လည်း ရှိသည်။
ဥပဒေအရ စာချုပ်ချုပ်ဆိုသူကာယကံရှင်တို့၏ ရှေ့တွင် မဟုတ်ဘဲ မျက် ကွယ်၌ အသိသက်သေလက်မှတ် ထိုးခြင်းမှန်ကန်ပါက အဆိုပါ စာချုပ်သည်တရားမဝင်ပျက်ပြယ်မည်ဖြစ်သည်။
သက်သေခံဥပဒေပုဒ်မ-၇ဝ တွင် အသိသက်သေလက်မှတ် ရေးထိုးထားသော စာတမ်း အမှတ်အသားကို ချုပ်ဆိုသူကိုယ်တိုင်က ချုပ်ဆိုခဲ့ကြောင်းဝန်ခံချက်သည် သက်သေသာဓကဖြစ်သည်ဟုဖော်ပြထားသည်။
ထို့ကြောင့်စာချုပ် ချုပ်ဆိုသူသည် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှဖြင့်မလုံလောက်ပေ။ အသိသက်သေ လက်မှတ်ရေးထိုးထား သော စာတမ်း အမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ လုံ လောက်သည့် ဝန်ခံချက်ဖြစ်ပေသည်။
”မောင်မိုးကြိုးပါ ၂ဦးနှင့် မောင်မင်းဒင်-၁၉၂၇ ခုနှစ်အတွဲ ၅ ရန်ကုန်စီရင်ထုံး-စာမျက်နှာ ၅၆၁” တွင်ပေါင်နှံသူက စာချုပ် ချုပ်ဆိုကြောင်းဝန်ခံသော်လည်း အပေါင်စာချုပ်ကို ဥပဒေနှင့်အညီ သက်သေများက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားခြင်းမရှိလျှင် သက်သေခံဥပဒေ ပုဒ်မ-၇ဝအရ ယင်းစာချုပ်သည် တရားဝင်ဖြစ်မလာနိုင်ကြောင်းညွှန်ပြ ထားသည်ကို တွေ့ရသည်။
သို့ဖြစ်၍ စာချုပ်ချုပ်ဆို ရာတွင် ချုပ်ဆိုသူများအနေဖြင့် အသိသက်သေတို့ရှေ့တွင်ချုပ်ဆို လက်မှတ်ရေး ထိုးကြရန်အထူးလိုအပ်ပေသည်။
”ဦးစိုးအောင်နှင့်ဒေါ်ခင်ခင်လှပါ ၂ ဦး (ကွယ်လွန်သူူဒေါ် ဖွားသက်၏ တရားဝင်ကိုယ်စားလှယ်များ) ၂ဝဝဝ ခုနှစ် မြန်မာ နိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၇၃ အမှုမှာ တနင်္သာရီတိုင်းတရားရုံး၌ ဒေါ်ဖွားသက်က ဦးစိုးအောင် အပေါ် နေအိမ်နှင့် မြေအပိုင်ပေးစာချုပ် အားပယ်ဖျက်ပေးစေလိုမှုစွဲဆိုခဲ့သည်။
တိုင်းတရားရုံးက ဒေါ်ဖွားသက်စွဲဆိုသောအမှုကို ပလပ်လိုက် သဖြင့် ဒေါ်ဖွားသက် က တရားရုံးချုပ်သို့ အယူခံဝင်ရောက်သည့်အခါ တရားရုံးချုပ်က တိုင်း တရားရုံး၏စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်ဖွားသက်စွဲဆို သည့်အတိုင်း အနိုင်ဒီကရီချမှတ်ပေးခဲ့သည်။ ယင်းအမိန့်ကို မကျေနပ်၍ ဦးစိုးအောင်က အထူးအယူခံ ဝင်လာခြင်းဖြစ်သည်။
အထူးအ ယူခံတင်သွင်းထားစဉ် ဒေါ်ဖွားသက် ကွယ်လွန်သွားသဖြင့် ဒေါ် ခင်ခင်လှ တို့က ဒေါ်ဖွားသက်၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။
အထူးအယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ ဤအမှုသည် ထားဝယ်မြို့၊ မြို့မရပ်ကွက်၊ အကွက်အမှတ် ၄၁ နှင့် ယင်းမြေ ပေါ်ရှိအိမ်ကို ဒေါ်ဖွားသက်က တူဖြစ်သူ ဦးစိုးအောင်အား အပိုင်ပေးကမ်းသည့်နေအိမ်နှင့် မြေအပိုင် ပေးကမ်းခြင်း စာချုပ်ကို ၂၃.၄.၉ဝ နေ့ စာချုပ်ဆိုခဲ့သည်။
ဒေါ်ဖွား သက်က ၎င်းအားလိမ်လည်လှည့် ဖြား၍ စာချုပ်လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်၍ ထိုစာချုပ်အား ပယ်ဖျက်ပေးစေလိုမှုကို ဦးစိုးအောင်အ ပေါ်စွဲဆိုခြင်း ဖြစ်သည်။
မေတ္တာဖြင့်ပေးသော စာ ချုပ်တွင် အနည်းဆုံး အသိသက်သေနှစ်ဦးက လက်မှတ်ရေးထိုးမှ သာ ထိုစာချုပ်သည် တရားဝင် မည်ဖြစ်သည်။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၃ တွင် မှန်ကန်ကြောင်းလက်မှတ်ရေးထိုးခြင်းဆိုသည်မှာ စာချုပ်စာတမ်း တစ်ခုကိုချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍ သက် သေ ၂ ဦးသို့မဟုတ် အများက ယင်းစာချုပ်စာတမ်းတွင် ချုပ်ဆို သူ လက်မှတ်ရေးထိုးသည်ကို အသီးသီး မြင်တွေ့ပြီးနောက်ဖြစ်စေ၊ စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသား မှန်ကန် ကြောင်း ဝန်ခံံပြောသဖြင့်ဖြစ်စေ၊ ယင်းသက်သေ အသီးသီးတို့က စာချုပ် ချုပ်ဆိုသူတို့၏ ရှေ့တွင် မှန် ကြောင်း၊ ဝန်ခံလက်မှတ်ရေး ထိုး ကြခြင်းကို ဆိုလိုသည်ဟုအဓိပ္ပာယ် ဖွင့်ဆိုထားပေသည်။
မှန်ကန်ကြောင်းလက် မှတ်ရေးထိုးခြင်းအထမြောက်ရန်မှာ-
၁။ အနည်းဆုံးသက်သေနှစ်ဦးရှိရမည်။ ၂။ သက်သေတိုင်းက စာချုပ်ချုပ်ဆိုသူ လက်မှတ်ရေးထိုးသည်ကို ဖြစ်စေ၊ အမှတ်အသားပြုသည်ကို ဖြစ်စေ တွေ့မြင်ရမည်။
သို့ိမဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ်သို့မဟုတ်် အမှတ်အသားဖြစ် ကြောင်းဝန်ခံပြောဆိုချက်ကို ကြားသိ၍ ဆောင်ရွက်ခြင်းဖြစ်ရမည်။
၃။ သက်သေတိုင်းက စာချူပ် ချုပ်ဆိုသူ၏ ရှေ့တွင်် လက်မှတ်ရေးထိုးရမည်ဖြစ်ပေသည်။
ဒေါ်ဖွားသက်က အချင်းဖြစ် မြေနှင့်အိိမ်ကို ဦးစိုးအောင်အား ပေးကမ်းသည့် စာချုပ်ချုပ် ဆိုိကြောင်းနှင့်စာချုပ်တွင် ၄င်း လက်မှတ်ရေးထိုးသည်ကို ဝန်ခံသည်။
သို့ရာတွင်စာချုပ်ပါ သက်သေလူကြီးများမှာ နောက်မှ၄င်း၏မျက်ကွယ်တွင် လက်မှတ်ရေးထိုးခြင်းဖြစ်၍ တရားမဝင်ကြောင်း အဆိုပြုထားသည်။
သက်သေလူကြီးများကလည်းဒေါ်ဖွားသက်ရှေ့မှောက်တွင်် လက်မှတ်ရေးထိုးခြင်း မဟုတ်ကြောင်း ဝန်ခံကြသည်။ထိုအချက်ကို ဦးစိုးအောင်ကိိုယ်တိုင်ကလည်း မငြင်းဆိုပေ။
စာချုပ်ကို မှတ်ပုံတင်ရာတွင်လည်း အသိိသက်သေလူကြီးများက မှတ်ပုံတင်ရုံးသို့လိုက်ပါခဲ့ခြင်းမရှိပေ။
သက်သေလူကြီးများ လက်မှတ်ရေးထိုးပြီးဖြစ်၍ မှတ်ပုံတင်အရာရှိက တစ်ခါတည်းမှတ်ပုံတင်ပေးလိုက်သည်ဟုဦးစိုးအောင်ကထွက်ဆိုသည်။
သက်သေခံဥပဒေပုဒ်မ ၇ဝတွင်် အသိသက်သေလက်မှတ်် ရေးထိုးထားသော စာတမ်းအမှတ် အသားကို ချုပ်ဆိုသူကိုယ်တိုင် ချုပ်ဆိုခဲ့ကြောင်း ဝန်ခံံချက်ဟုဖော်ပြထားရာ၊ ချုပ်ဆိုသူက ချုပ်ဆိုခဲ့ ကြောင်းဝန်ခံံရုံမျှဖြင့် မလုံလောက်ချေ။
အသိိသက်သေတို့ကိုယ်တိုင်် ရှေ့တွင် လက်မှတ်ရေးထိုးထားသော စာတမ်းအမှတ်အသားကို ချုပ်ဆိုပါသည်ဟု ဝန်ခံမှသာလုံလောက်သော ဝန်ခံချက်ဖြစ်သည်။
ယခုအမှုတွင် ပေးကမ်းခြင်းစာချုပ်ကို စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်က အသိသက်သေများ၏မျက်ကွယ်တွင်် လက်မှတ်ရေးထိုးခဲ့သည်။
ဦးစိုးအောင်က ဒေါ် ဖွားသက် လက်မှတ် ဖြစ်ပါသည်ဟု ပြောသည်ကို ယုံကြည်၍ သက်သေများက ဒေါ်ဖွားသက်မျက်ကွယ်တွင် လက်မှတ်ရေးထိုးပေးခဲ့သည်။
ထို့ကြောင့် သက်သေများသည် ဒေါ်ဖွားသက်က မိိမိ လက်မှတ် မှန်ကန်ကြောင်း၊ ပြောဆိုသဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်း မဟုတ်သည့်အပြင် စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်ရှေ့၌ လက်မှတ်ရေးထိုးခြင်းမဟုတ် သဖြင့်ပေးကမ်းခြင်းစာချုပ်သည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၃ပါပြဋ္ဌာန်းချက်များနှင့် မညီညွှတ်ကြောင်း တွေ့ရသည်။
စာချုပ်ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခြင်းကို ဝန်ခံံသော်လည်း၊ စာချုပ်တွင် သက်သေများက မှန်ကြောင်းနည်းလမ်း တကျလက်မှတ်ရေးထိုးထားခြင်း မရှိလျှင်် သက်သေခံ ဥပဒေ ပုဒ်မ-၇ဝပါ ပြဋ္ဌာန်းချက်အရ ယင်း စာချုပ်အားတရားဝင် စာချုပ်အဖြစ် လက်မခံနိုင်ပေ။
သို့ဖြစ်၍ ဒေါ်ဖွားသက် စွဲဆိုသည့်အတိုင်း နေအိိမ်နှင့် မြေအပိုင်ပေးကမ်းခြင်း စာချုပ်အား ပယ်ဖျက်စေလိုမှုကို ခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပေသည်။
အထက်ပါ ဥပဒေ အချက်အလက််၊ စီီရင်ထုံးများအရ စာချုပ်စာတမ်းများချုပ်ဆိုရာတွင် သက်သေအစုံအလင်ဖြင့် စာချုပ်ချုပ်ဆိုသူတို့ရှေ့မှောက်၌ အားလုံး ချုပ်ဆိုလက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်ခြင်းတို့ ပြုလုပ်မှသာ တရားဝင် စာချုပ်ဖြစ်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါသည်။
Ref : Theesaychin
Photo Credit : Mymoneymantra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ