By Zaygwet, Shweproperty.com
Updated at 13 August 2018
အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေ ကြမ်းကို နိုင်ငံပိုင် သတင်းစာများတွင် ဇွန် ၁၅ ရက်က ဖော်ပြခဲ့ကြသည်။ ပြည်သူအများ သိရှိလေ့လာအကြံပြု နိုင်ရန် အကြံပြုစာများကို ပြည် ထောင်စုလွှတ်တော်သို့ လိပ်မူပြီး ပေး ပို့နိုင်ရန်ဟု ဖော်ပြထားသည်။ အိမ် ခြံ မြေဝန်ဆောင်မှု ဥပဒေသည် အများနှင့် တိုက်ရိုက်သက်ဆိုင်သော ဥပဒေအမျိုးအစားဖြစ်သည်။ ယင်း ဥပဒေသည် အများနှင့် သက်ဆိုင်သ ဖြင့် ပြည်သူအများက စိတ်ဝင်စားကြ ပါလိမ့်မည်။ အထူးသဖြင့် မြို့ကြီးများ တွင် နေထိုင်ကြသည့် ပြည်သူများ ပိုမိုစိတ်ဝင်စားကြပါလိမ့်မည်။ လက် ရှိကာလသည် မြို့ကြီးအများစုတွင် အိုးပိုင်အိမ်ပိုင်ဖြင့် အတည်တကျနေ ခွင့်မရဘဲ အိမ်ငှားဘဝဖြင့် ခြောက်လ တစ်ခါ၊ တစ်နှစ်တစ်ခါ ပြောင်းရွှေ့ နေကြရသော ရွှေ့ပြောင်းအိမ်ငှား သမားများ အထူးတိုးပွားသထက်တိုး ပွားနေသဖြင့် အိမ် ခြံ မြေ ဝန်ဆောင် မှုဥပဒေကို အထူးစိတ်ဝင်စားမှု ရှိကြ ပါလိမ့်မည်။
အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေ မျိုးကို အိမ် ခြံ မြေ ဝန်ဆောင်မှုပေး နေသူ မည်သူမဆို ကုမ္ပဏီများ၊ အဖွဲ့ များ၊ အရပ်ပွဲစားများကလည်း စိတ် ဝင်စားကြပါလိမ့်ဦးမည်။ သူတို့ပြီး လျှင် ပြည်တွင်းဆောက်လုပ်ရေး လုပ် ငန်းရှင်များ စိတ်ဝင်စားမှု ပိုကြပါ လိမ့်ဦးမည်။ မည်သို့ဖြစ်စေ၊ အိမ် ခြံ မြေဝန်ဆောင်မှု ဥပဒေဟူသည် အိမ် ငှားဘဝဖြစ်စေ၊ အိမ်ပိုင်ဘဝဖြစ်စေ အများပြည်သူတို့၏ လူမှုစီးပွားဘဝ ဖြစ်သော အိမ် ခြံ မြေ ရောင်း၊ ဝယ်၊ ငှားရမ်း၊ ပေါင်နှံ၊ ပေးကမ်းခြင်းများ အတွက် ဥပဒေနှင့်အညီ လုပ်ကိုင်နိုင် ရန် ပေါ်ပေါက်လာသည်ဖြစ်၍ အများပြည်သူတို့အဖို့ သိသင့်သိထိုက် သည့် ဥပဒေတစ်ခုဟု ဆိုချင်သည်။ အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေကြမ်း ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ခေတ်ကာလိုအပ်ချက်အရ ရေးဆွဲခဲ့ ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းတွင် အခန်း ၁၃ ခန်းပါဝင်သည်။ အခန်း (၁) အမည် စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်များ၊ အခန်း (၃) ဗဟို ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ၊ အခန်း (၄) တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာ ဝန်များ အခန်း (၅) ဝန်ဆောင်မှုပေး သူ၏ အရည်အချင်း သတ်မှတ်ချက် များ၊ အခန်း (၆) ဝန်ဆောင်မှုပေး သူက လိုက်နာရမည့် စည်းကမ်းများ၊ အခန်း (၇) ဝန်ဆောင်မှုပေးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၈) ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ၊ အခန်း (၉) မှတ်ပုံ တင်ခြင်း ယာယီလိုင်စင်နှင့် လိုင်စင် ထုတ်ပေး၊ခြင်း၊ အခန်း (၁ဝ) ရန်ပုံငွေ ထူထောင်ခြင်း၊ အခန်း (၁၁) ဝန် ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ၊ အခန်း (၁၂) အရေးယူဆောင်ရွက် ခြင်း၊ အခန်း (၁၃) အထွေထွေတို့ဖြစ် သည်။
ဥပဒေကြမ်းတွင် ဖော်ပြထား သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဦးစွာ ကောက်နုတ်တင်ပြပါမည်။ 'အိမ် ခြံ မြေ' ဆိုသည့် စကားရပ်ကို လူနေထိုင် ရန် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ရန် ဆောက်လုပ်ထားသည့် အိမ်၊ အိမ် ခန်း၊ တိုက်၊ တိုက်ခန်း၊ ကွန်ဒို၊ စက်ရုံ၊ သိုလှောင်ရုံ၊ ပြခန်း၊ ဟိုတယ်ခန်း၊ တည်းခိုခန်း၊ ဆိုင်ခန်း စသည့် အ ဆောက်အအုံ များနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ ယင်းတို့၏ ဥပစာ များ အိမ်မြေ၊ ခြံမြေ၊ စက်မှုလုပ်ငန်း မြေ၊ စီးပွားရေး လုပ်ငန်းသုံးမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်း ရောင်းချ ခွင့်ရှိသော မြေအမျိုးမျိုးကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ထားသည်။
'ဝန်ဆောင်မှု' ဆိုသည်ကိုလည်း အိမ် ခြံ မြေ တစ်ခုခုကို ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ဘဏ်ချေးငွေရရှိရန် ဆောင်ရွက်ခြင်း၊ အတိုင်ပင်ခံခြင်း၊ တန်ဖိုးသတ်မှတ်ခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်း အပ်နှံသူကိုယ်စား ကိုယ်စား လှယ်အဖြစ် ဆောင်ရွက်ခြင်း အစရှိ သော လုပ်ငန်းစဉ် တစ်ရပ်ရပ်တွင် ဝန်ဆောင်ခရယူ၍ ပါဝင်ဆောင်ရွက် ခြင်းကို ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆို ထားသည်။
ထို့နောက် 'ဝန်ဆောင်မှု ပေးသူ' စကားရပ်၏ အဓိပ္ပာယ်ကိုလည်း ဖွင့် ထားပါသေးသည်။ 'ဝန်ဆောင်မှုပေး သူ' ဆိုသည်မှာ အိမ် ခြံ မြေ ဝန် ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ပေး သော ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း သို့ မဟုတ် ကုမ္ပဏီတစ်ခုခုကို ဆိုသည်။ ယင်းစကားရပ်တွင် လိုင်စင်ရရှိသူနှင့် လိုင်စင်ရရှိသူက သဘောတူစာချုပ် တစ်ရပ်ရပ်ဖြင့် စည်းကမ်းများ သတ် မှတ်၍ အိမ် ခြံ မြေ အကျိုးဆောင် ပိုင်ခွင့် ပေးအပ်ခြင်းခံရသော အကျိုး ဆောင်ကိုယ်စားလှယ်လည်း ပါဝင် သည်ဟု ဆိုထားသည်။ ဝန်ဆောင်မှု ပေးသူထဲတွင် အရပ်ပွဲစားများလည်း ပါဝင်သည်ဟု မှတ်ယူရပါမည်။ တစ် ဆက်တည်း 'ဝန်ဆောင်ခ' စကားရပ် ကိုလည်း အဓိပ္ပာယ်ဖွင့်ထားသည်။ 'ဝန်ဆောင်ခ' ဆိုသည်မှာ အိမ် ခြံ မြေ ဝန်ဆောင်မှုပေးသူက ရပိုင်ခွင့်ရှိ သော အဖိုးအခကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ထားသည်။ အခန်း (၁) အဓိပ္ပာယ်ဖော်ပြချက် အခန်းတွင် ပုဒ်မ ၃ (ဈ) နှင့် (ည) တို့ကို အိမ် ခြံ မြေ ဝန်ဆောင်မှုပြုလုပ်နေသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် အရပ်ထဲက ပွဲစားများ မဖြစ်မနေသိ ထားသင့်သည်ဟု ယူဆသည်။
ပုဒ်မ ၃(ဈ) 'လိုင်စင်' ဆိုသည် မှာ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်ကြီးကြပ်ရေးကော်မ တီက ဥပဒေနှင့်အညီ ထုတ်ပေးခွင့် ပြုလက်မှတ်ကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ထားသည်။ ပုဒ်မ ၃(ည) တွင်လည်း 'ယာယီလိုင်စင်' ကို အဓိပ္ပာယ်ဖွင့်ပြ ထားသည်။ 'ယာယီလိုင်စင်' ဆိုသည် မှာ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်ကြီးကြပ်မှုကော်မတီ က ဥပဒေနှင့်အညီ ထုတ်ပေးသည့် ယာယီခွင့်ပြုလက်မှတ်ကိုဆိုသည်။ ထို့ကြောင့် အိမ် ခြံ မြေ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ချင်သည့် အရပ် ပွဲစားများ၊ တစ်နိုင်တစ်ပိုင်လုပ်ကိုင် နေသည့် ရပ်ကွက်ထဲက အိမ် ခြံ မြေ ဝန်ဆောင်မှုအဖွဲ့များ၊ အကျိုးဆောင် ပေးနေသူများကအစ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်းကို တရားဝင် ရုံးခန်းဖွင့်လုပ်ကိုင်နေသည့် အဖွဲ့အ စည်းနှင့် ကုမ္ပဏီများအားလုံးဥပဒေ နှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် လက် မှတ်လိုင်စင်များ လျှောက်ထားကိုင် ဆောင်ကြရတော့မည်ဖြစ်သည်။ အ တည်ပြုလိုင်စင်မရခင် အကြိုယာယီ လိုင်စင်အရင်လျှောက်ထားရမည်ဟု လည်း ထင်မြင်သည်။ယင်းအချက်ကို ရပ်ထဲရွာထဲက အရပ်ပွဲစားများ သိထားကြဖို့ အထူးလိုသည်။
လိုင်စင်မရှိဘဲ အရပ်ထဲ တိုးတိုးတိတ်တိတ်ကြိတ်ပြီး အိမ်ပွဲစား၊ မြေပွဲစား လိုက်လုပ်နေလျှင် ယင်းဥပဒေအတည်ပြုပြီး တစ်ယောက်ယောက်က ထောင်လိုက်ပါက တရားမဝင်လိုင်စင်မရှိဘဲ အိမ် ခြံ မြေ ဝန်ဆောင်မှုပြု လုပ်မှုဖြင့် ထောင်တန်းကျသွားနိုင်သည်။ မည်သူမျှ ယာယီလိုင်စင် သို့မဟုတ် လိုင်စင်မရှိဘဲ အိမ် ခြံ မြေဝန်ဆောင်မှု လုပ်ငန်းကို အသက် မွေးဝမ်းကျောင်းအဖြစ် ပြုလုပ်လျှင် ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ် ကျပ်သိန်း ၃ဝ ချမှတ်နိုင်ကြောင်း ဥပဒေကြမ်း အခန်း (၁၂) အရေးယူ ဆောင်ရွက်ခြင်း ပုဒ်မ ၂၆ တွင် ဖော်ပြထားသည်။ ပုဒ်မ ၂၇ ကတော့ မည်သူမဆို ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက် များကို လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို တရားအကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ အရေးယူဆောင်ရွက်ရမည်ဟု ဆိုထားသည်။
အိမ် ခြံ မြေ ဝန်ဆောင်မှုပေးသူများ လိုင်စင်လျှောက်ထားရန်အတွက် ဥပဒေကြမ်း အခန်း (၃) တွင် ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များနှင့် အခန်း (၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ရေးဆွဲပြဋ္ဌာန်းထားသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များကို အခန်း (၄) ပုဒ်မ ၈ တွင် ဖော်ပြထားသည်။
(က) ဗဟိုကော်မတီက ချမှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (ခ) အိမ် ခြံ မြေ ဝန်ဆောင်မှု အသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊ (ဂ) အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် ပုဂ္ဂိုလ်သို့မဟုတ် ကုမ္ပဏီများအား ကြီးကြပ်ခြင်း၊ (ဃ) အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ် ငန်းဆိုင်ရာ သတင်းအချက်အလက်နှင့် အခက်အခဲများကို ဗဟိုကော်မတီ သို့ တင်ပြခြင်း၊ (င) ယာယီလိုင်စင် လျှောက်ထားချက်များကို စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ယာယီလိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းဆိုခြင်း၊ (စ) လိုင်စင်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ (ဆ) လိုင်စင် လျှောက်ထားချက်များကို စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းဆိုခြင်း၊ (ဇ) ဝန်ဆောင်မှုပေးသူအား တိုင် ကြားလာပါက မှန်ကန်မှုရှိ မရှိ စိစစ်ဆုံးဖြတ်ခြင်းနှင့် လိုအပ်သော အရေး ယူမှုများ ဆောင်ရွက်ခြင်း၊ (ဈ) လိုင်စင်စည်းကမ်း ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိလျှင် လိုင်စင်ကို ကန့်သတ်ထားသည့်ကာလအတွင်း ယာယီ ရပ်ဆိုင်းခြင်း သို့မဟုတ် လိုင်စင်ရုပ်သိမ်းခြင်း စသည်ဖြင့် ရေးဆွဲထား သည်ကို တွေ့ရသည်။
ကြည့်ရသည်ကတော့ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် လိုသူသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သတ်မှတ်နေရာများ၌ ဖွင့်ထားသည့် ကြီးကြပ်ရေးကော်မတီ ရုံးများတွင် ယာယီလိုင်စင်စတင် လျှောက်ထားရမည်။ ပြီးလျှင် သက်ဆိုင်ရာ အဖွဲ့အစည်းက ဖွင့်လှစ်ပို့ချ ပေးမည့် လိုင်စင်ဆိုင်ရာ သင်တန်းများတက်ရောက်ရမည်။ ယင်းသင် တန်းဆင်းလက်မှတ်ရှိမှ လိုင်စင်လျှောက်ထားခွင့်ရှိမည်။ ထိုသဘော မျိုးသွားချင်ပုံရသည်။ နိုင်ငံတကာတွင်လည်း အိမ် ခြံ မြေ ဝန်ဆောင်မှု သင်တန်းတက်ပြီး၊ ကျွမ်းကျင်ပြီးမှ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည်။ မြန်မာနိုင်ငံတွင် အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းသည် ပြည်တွင်းရှိ အိမ် ခြံ မြေ ဝန်ဆောင်မှုအကျိုးဆောင် များ ပရော်ဖက်ရှင်နယ်အဆင့်ဝင်လာရေးအတွက် ရည်ရွယ်ထားပုံရသည်။ ယခုမူကြမ်းအဆင့်တွင် လွှတ်တော်၌ ဝိုင်းဝန်းဆွေးနွေးအတည်ပြု ချက်ယူ ကြဦးမည်။ အကြံÓဏ်သစ်များလည်း ထွက်ပေါ်လာနိုင်ပြီး ထပ်မံဖြည့် စွက်ကြလိမ့်ဦးမည်။ လွှတ်တော်က အပြီးသတ် အတည်ပြုပြီးလျှင် သုံးလ အတွင်း နည်းဥပဒေများ ရေးဆွဲကြမည်။ လာမည့် ၂ဝ၁၉ ခုနှစ်ထဲမှာတော့ ယင်းဥပဒေကြမ်းကို အပြီးသတ်အတည်ပြုနိုင်မည်ဟုလည်း ခန့်မှန်းနေ ကြသည်။
ယင်းဥပဒေပေါ်ပေါက်လာပြီဆိုလျှင် ဥပဒေ၏ အထိန်းအကျောင်း အောက်တွင် အိမ် ခြံ မြေ ရောင်းမှား၊ ဝယ်မှားများ၊ အိမ် ခြံ မြေ အလိမ် အညာအရောင်းအဝယ်အရှုပ်အရှင်းများ၊ အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်း ကို ဗန်းပြကာ လိမ်ညာစားနေသူများ အတော်အတန်တော့ ကင်းစင်ငြိမ် သက်သွားလိမ့်မည်ဟု ထင်မြင်မိပါကြောင်း။
Ref & Photo Credit : Zaygwet
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ