By Lae' Moe, Shweproperty.com
Updated at 19 August 2015
အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အမေးများတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ ခြံပြေစာတွေမှာ ဦးပိုင်အမှတ် N နဲ့ စရင် /N ပါရင် ဘာဖြစ်လို့ ပုံစံ (၇) စာအုပ်မထွက်တာလဲ သိချင်ပါတယ်။ N ဆိုတဲ့ခြံတွေကို ပိုင်ဆိုင်မှုလုပ်ပိုင်ခွင့်ရအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ခြံပြေစာတွေရဲ့ ဦးပိုင်အမှတ်မှာ N ပါရင် "မမြဲဦးပိုင်" လို့ အဓိပ္ပာယ်ရပါတယ်။ လက်ရှိဥပဒေအရ မမြဲဦးပိုင် မြေကွက်တွေကို ပုံစံ (၇) လျှောက်ထားခြင်း ခွင့်မပြုပါဘူး။ ဒါပေမယ့် ပိုင်ဆိုင်မှု ခိုင်မာအောင် မမြဲဦးပိုင် မြေကွက်မှာ လေးငါးနှစ်လောက် ဆက်တိုက် စိုက်ပျိုးရေးလုပ်မယ်ဆိုရင် "မြဲဦးပိုင်" လျှောက်လို့ရတယ်လို့ ရပါတယ်။
ခြံကွက်အတွင်း နှစ်ရှည်ပင်များ စိုက်ပျိုးထားသင့်ပါတယ်။ ခြံကို ခြံစည်းရိုးခတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ မြဲဦးပိုင်ကျပြီးမှ ကျန်တာတွေကို ဆက်လျှောက်လို့ အဆင်ပြေမှာပါ။ မြဲဦးပိုင် လျှောက်မယ်ဆိုရင် အခွန်ဆောင်ထားတဲ့ မြေခွန်ပြေစာနဲ့ ရပ်/ကျေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ကို မြဲဦးပိုင်ရအောင် လျှောက်ရမှာဖြစ်ပြီး စိစစ်လို့ဥပဒေနဲ့ ညီညွတ်ရင် မြဲဦးပိုင် ချပေးပါတယ်။
မေး။ ။ ဘယ်လိုစာချုပ်တွေကို မှတ်ပုံတင်ဖို့ လိုပါသလဲ။
ဖြေ။ ။ "မရွေ့" ပစ္စည်းအိမ်ခြံမြေနှင့် ပတ်သက်ပြီး အရောင်းအဝယ် စာချုပ်ချုပ်တဲ့အခါ၊ စွန့်လွှတ်/လက်ခံ စာချုပ်ချုပ်တဲ့အခါ၊ စာချုပ် အမှားပြင်ဆင် ချုပ်ဆိုတဲ့အခါ၊ ပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ်ချုပ်တဲ့ အခါတွေမှာ မှတ်ပုံတင်ဖို့ လိုပါတယ်။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို သွားရောက်မှတ်ပုံတင်ခြင်း ပြုလုပ်မှသာ တရားဝင်ပါလိမ့်မည်။
မေး။ ။ အပျောက်တိုက်ခန်းဝယ်တဲ့ စာချုပ် မှတ်ပုံတင်လို့ ရပါသလား။
ဖြေ။ ။ ဥပဒေအရတော့ မှတ်ပုံတင် စာချုပ် မလုပ်လည်းဖြစ်တယ်။ ဒါပေမဲ့ စုပေါင်းမြေ ပိုင်ဆိုင်မှု ရရှိထားတဲ့ အပျောက်တိုက်ခန်း ပိုင်ရှင်တွေနဲ့ ကွန်ဒိုပိုင်ရှင်တွေကတော့ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း ပြုလုပ်ထားသင့်ပါတယ်။
မေး။ ။ မြေပုံရာဇဝင်ကို ဘယ်အခါ လိုအပ်ပါသလဲ။
ဖြေ။ ။ တိုက်သစ်အိမ်သစ် ဆောက်ရင်၊ အကြီးစားပြင်ဆင်ရင်၊ မှတ်ပုံတင် စာချုပ်ချုပ်ရင်၊ အဝီစိတွင်းတူးရင်၊ မြေကွက်ခွဲချင်ရင်၊ မှတ်တမ်းထားချင်ရင် မြေပုံရာဇဝင် လိုပါတယ်။
Ref : Lae' Moe
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ