By The Modern, Shweproperty.com
Updated at 10 July 2015
ကွန်ဒိုဆောက်လုပ်မှု များပြားလာသည်နှင့် အမျှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့က ဓာတ်လှေကား၊ အဆင့်မြင့်ရေကူးကန် စတာတွေပါရုံနဲ့ တိုက်ခန်းတွေကို ကွန်ဒိုဆိုပြီး ရောင်းချတာတွေရှိပါတယ်။ ဒါကြောင့် ကွန်ဒိုနဲ့ apartment တွေရဲ့ ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Apartment
Apartment တိုက်ခန်းအမျိုးအစားကို ရိုးရိုး Apartment ဆိုပြီး ခွဲခြားနိုင်ပါတယ်။ အဆင့်မြင့် Apartment မှာ အခန်းတိုင်းကို မျာက်နှာစာနှစ်ဖက်ရှိတဲ့ အခန်းတွေအဖြစ် ဖန်တီးတည်ဆောက်ထားပါတယ်။ အတက်အဆင်းလွယ်ကူအောင် ဓာတ်လှေကား တပ်ဆင်ထားတာ၊ ရေပူရေအေးစနစ် တပ်ဆင်ပေးထားတာ၊ လေအေးပေးစက်တွေ တပ်ဆင်ပေးထားတာ၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်တဲ့ စနစ် တပ်ဆင်ပေးထားတာ၊ အရန်သင့် သုံးနိုင်တဲ့ လျှစ်စစ်ဓာတ်အားပေး စနစ် တပ်ဆင်ပေးထားတာ၊ အ၀င်အထွက်ပေါက်တွေနဲ့ လှေကားခွင် ဧရိယာတွေမှာ စောင့်ကြည့်ကင်မရာစနစ် (CCTV) တပ်ဆင်ပေးထားတာ၊ လုံခြုံရေးဝန်ထမ်းတွေကို အချိန်ပြည့်ထားရှိ စောင့်ကြည့်စေတာစတဲ့ ၀န်ဆောင်မှုတွေ ပါဝင်ပါတယ်။
Apartment တိုက်ခန်းတွေကို ၀ယ်ယူနေထိုင်သူတွေက မိမိနေထိုင်ရာ အခန်းကို အပျောက်စနစ်နဲ့ ဝယ်ယူထားခြင်းသာ ဖြစ်ပါတယ်။ အဆောက်အအုံ တည်ရှိရာ မြေနေရာနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်၊ အရေးဆိုခွင့် မရှိတာကြောင့် သဘာဝဘေးအန္တရာယ်နဲ့ အဆောက်အအုံရဲ့ သက်တမ်းကုန်ဆုံး ဖြိုဖျက်ရတဲ့ အခါဖြစ်စေ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်ပါတယ်။
Condominium
ကွန်ဒိုမှာတော့ ပိုင်ရှင်ဆိုပြီး သီးသန့်မရှိပဲ Apartment Unit တွေကို ၀ယ်ယူထားသူတွေက မိမိတို့ အခန်းတစ်ခန်းချင်းစီသာမက ကွန်ဒိုတစ်ခုလုံးကို အများနှင့်သက်ဆိုင်တဲ့ common area များ၊ ကားပါကင်များ အပါအ၀င် အဆောက်အအုံ တည်ရှိရာ မြေနေရာကိုပါ အချိုးကျပိုင်ဆိုင်တာဖြစ်ပါတယ်။
ကွန်ဒို Apartment တိုက်ခန်းတွေကို ၀ယ်ယူနေထိုင်သူတွေဟာ အဆောက်အအုံ ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ တိုးချဲ့ခွင့်စတာတွေ အပါအ၀င် သဘာဝဘေး အန္တရာယ် အကြောင်းတစ်စုံတရာကြောင့် ကွန်ဒိုကို ပြန်လည်တည်ဆောက်ရမယ် ဆိုရင်လည်း မိမိရဲ့ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ခွင့်တွေကို လက်လွှတ်ဆုံးရှုံးမှု မရှိနိုင်ပါဘူး။
ဒါ့အပြင် ရောင်းချခွင့်၊ ၀ယ်ယူခွင့်၊ ပိုင်ရှင်အမည်ပြောင်းလဲခွင့်၊ ဘဏ်ချေးငွေ လျှောက်ထားရယူခွင့် အဆောက်အုံ ပြင်ဆင်မွန်းမံပြင်ဆင်ခွင့်၊ အဆောက်အအုံ မွန်းမံပြင်ဆင်ခွင့်၊ အဆောက်အအုံသစ် ဆောက်လုပ်ခွင့် စတဲ့ ကိစ္စတွေကို စီမံခန့်ခွဲရေးကော်မတီက စီစဉ်ဆောင်ရွတ်ပေးရမှာ ဖြစ်ပါတယ်။
ကွန်ဒိုနဲ့ အဆင့်မြင့် Apartment တွေရဲ့ မတူညီတဲ့အချက်က အဆင့်မြင့် Apartment တွေမှာ ယာဉ်ရပ်နားဖို့ နေရာကို တိုက်ခန်းဝယ်ယူထားတဲ့ သူတွေအတွက်သာ စီစဉ်ပေးတာ ဖြစ်ပါတယ်။ ကွန်ဒိုတွေမှာတော့ Apartment Unit တွေကို ၀ယ်ယူထးသူတွေအတွက် သာမက ဧည့်သည်တွေအတွက်ပါ ယာဉ်ရပ်နားရန် နေရာ စီစဉ်ပေးထားပါတယ်။
မြို့နယ် ဒါမှမဟုတ် ရပ်ကွက်တစ်ခုမှာ ဆောက်လုပ်ထားကြတဲ့ ကွန်ဒို Apartment နဲ့ အဆင့်မြင့် Apartment အဆောက်အအုံ နှစ်ခုတို့က ဆောက်လုပ်ထားတဲ့ အရည်အသွေး၊ အခန်းအကျယ်အ၀န်း တူညီရင်တောင်မှ ကွန်ဒိုနဲ့ အဆင့်မြင့် APartment တို့ရဲ့ တိုက်ခန်းဈေးနှုန်းက ကွာခြားပါတယ်။
ဒါကြောင့် အခန်းတစ်ခန်းချင်း သာမက မြေကိုပါ အချိုးကျ ပိုင်ဆိုင်ခွင့်ရှိပြီး အခန်းပိုင်ရှင်တို့ရဲ့ ဆန္ဒပြုခွင့်၊ တင်ပြခွင့်၊ ဆွေးနွေးခွင့် စီမံခန့်ခွဲခွင့် စတဲ့လုပ်ဆောင်ခွင့် ရရှိတဲ့ တိုက်ခန်းကသာ ကွန်ဒို အစစ် ဖြစ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ