By Myanmar Property News, Shweproperty.com
Updated at 12 June 2018
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုများပြားလာသည်နှင့်အမျှ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်းတို့သည်လည်း အငှားပို၍ သွက်လာကြသည်။ ထိုအချက်ည် တန်ဖိုးကြီး လုံးချင်းအိမ်များနှင့်ကွန်ဒိုတိုက်ခန်းများတွင် သိသာလှပါသည်။ ထိုသို့ငှားရမ်း ရာတွင် ကြုံတွေ့ရလေ့ရှိသည်။ အကြောင်းအရာကို ခြုံငုံ၍ ဖော်ပြလိုက်ရပါသည်။
အိမ်ငှားဆင်းသွားသောအခါ အိမ်ကိုပြန်လည်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပေးရသည်မှာ အိမ်ရှင်တို့၏ တာဝန်ဖြစ် သည်။ အချို့အိမ်ရှင်များသည် အိမ်ငှားဆင်းသွားသည် နှင့် ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်၊ ဆေးသုတ်ရန် လိုလျှင် ဆေးသုတ်ပေး၍ အိမ်ကိုအသစ်နီးပါးဖြစ်အောင် ပြင်ဆင်ကာငှားရမ်းကြသည်။
အချို့မှာ အနည်းငယ်သာ ပျက်စီးနေ လျှင် ပြန်ပြင်မပေးတော့ဘဲ အိမ်ငှားအသစ်ကို ဈေးလျှော့ပေး၍ ငှားကြသည်လည်းရှိသည်။ အချို့အိမ်ရှင်များမှ လုံးဝပြင်ဆင် ခြင်းမရှိဘဲ ထားကြသည်များလည်းရှိသည်။ အိမ်ငှားအသစ်ဘက်မှနေရာ၊ အခန်းအနေအထားကို ကြိုက်ပါမှ အိမ်ငှားသူ သူ့စိတ်ကြိုက်ပြန်လည်ပြင်ဆင်ပေးလိုကြခြင်းဖြစ်သည်။
အိမ်ငှားအသစ်ဘက်မှနေရာ၊ အခန်းအနေအထားကိုကြိုက်ပါမှ အိမ်ငှားသူစိတ်ကြိုက်ပြန်လည်ပြင်ဆင်ပေးလိုကြခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် တစ်ခါတစ်ရံအခက်အခဲ လေးများရှိတတ်သည်။ အိမ်ငှားလိုသူအများစုသည် လက်ရှိအခြေအနေကိုကြည့်၍ ဆုံးဖြတ်တတ်ကြသည်။ မည်မျှပင်နေရာ အနေအထားကောင်းစေကာမူ အခန်းမှာအခြေအနေ ဆိုးရွားနေလျှင် သေချာပင်မကြည့်တော့ဘဲ ပြန်ကြသူများလည်းရှိသည်။
အခန်းယူဖြစ်လျှင်အိမ်ရှင်မှ ပြင်ဆင်ပေးမည်ဆိုသောအချက်ကိုပင် ထည့်သွင်းမစဉ်းစားမိတော့ပေ။ တစ်ခါတစ်ရံအိမ်ရှင် အိမ်ငှါးဈေးတည့်သွား၍အိမ်ငှားစိတ်ကြိုက်ပြင်ဆင်ပေးနေ ရင်းမှ မူလမျှော်လင့်ထားသော ကုန်ကျစရိတ်ထက်အများကြီးပို နေ၍ အိမ်ရှင်ဘက်မှ ကတိဖောက်ဖျက်သည့်ကိစ္စများလည်းရှိတတ်သည်။ပြင်ဆင်ပေးထားသော်လည်း အိမ်ငှားစိတ်ကြိုက် မဖြစ်တော့ချေ။
ထိုအခါမျိုးတွင် ပွဲမပျက်သည့်တိုင်အောင် အိမ်ရှင်အိမ်ငှားနှစ်ဦးနှစ်ဖက်မပြေမလည်ဖြစ်ရတတ်သည်များ လည်း ရှိသည်။ သို့ဖြစ်၍ အိမ်ပိုင်ရှင်များအနေဖြင့် ပထမအိမ်ငှားဆင်း၍ အိမ်ပြန်ငှားရန် စီစဉ်သည့်အခါ ပြန်လည်ပြင်ဆင့်၊ မပြင်ဆင်သည့်ကို စဉ်းစာဆင့်ချိန်နိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ