By Shwe Kyaw, Shweproperty.com
Updated at 15 June 2020
အပျောက်တိုက်ခန်း ဆိုတာကတော့ တန်ဖိုးငွေပေးချေပြီး နေထိုင်ခွင့်၊ ထပ်ငှားရမ်းခွင့်ရရှိတဲ့ တိုက်ခန်းအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာလည်း အပျောက်တိုက်ခန်းငှားရမ်းနေထိုင်သူ ပိုမိုများပြားလာပါတယ်။
အပျောက်တိုက်ခန်းငှားရမ်းတဲ့အခါ နေထိုင်ခွင့်အတွက် အိမ်ပိုင်ရှင်ကို ငွေပေးချေပြီး မြေပိုင်ရှင်( တိုက်ပိုင်ရှင်)ကိုလစဉ်အိမ်လခကို သက်သက်ပေးချေရပါတယ်။
အပျောက်တိုက်ခန်းဝယ်ယူရာမှာ သတိထားရမှာတွေကတော့ …
• အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ချုပ်ဆိုလို့ မရပါဘူး။
• နိုင်ငံခြားသားကို တစ်နှစ်ထိသာ ငှားရမ်းခွင့် ရှိပါတယ်။ နိုင်ငံသားကိုတော့ ပြန်လည်လွှဲပြောင်းခွင့်ရှိပါတယ်။
• အခန်းကို အသေးစားပြင်ဆင်ခွင့် မရှိပါဘူး။
• တိုက်ပိုင်ရှင်ကို လစဉ်အိမ်လခ ပုံမှန်ပေးရပါမယ်။
• ဘဏ်မှာ ပေါင်နှံ၍ မရပါ။
• အကန့်အသတ်ရှိ လယ်ဝယ်ထားပိုင်ခွင့် ရှိပါတယ်။
• အဆောက်အအုံဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးပြိုလဲခဲ့ပါက အချိန်အကန့်အသတ်မရှိ ပြန်လည်ရရှိနိုင်ပါသည်။
နှစ်ချုပ်၊ စပေါ် အငှားတိုက်ခန်း ဆိုတာကတော့ အိမ်ပိုင်ရှင်ကို စပေါ်ငွေတင်ကာ လစဉ်အိမ်ငှားခ ပေးချေပြီး စာချုပ်ချုပ်ဆို၍ နေထိုင်နိုင်သော အခန်းအမျိုးအစား ဖြစ်ပါတယ်။
ရင်းနှီးငွေရှိသူအများစုမှာ တိုက်ခန်းများကို နှစ်ချုပ်၊စပေါ်အငှားစာချုပ်ဖြင့်သာ ငှားရမ်းနေထိုင်ကြပါတယ်။ စပေါ်ငွေတင်ရတဲ့ တိုက်ခန်းအများစုဟာ လစဉ်အိမ်ငှားခလည်း သက်သာပါတယ်။
နှစ်ချုပ်၊စပေါ်ဖြင့် ငှားရမ်းနိုင်မည့် အခန်းတွေကို ငှားရမ်းနေထိုင်ရာမှာ သတိပြုရမယ့် အချက်တွေကတော့
• တိုက်ခန်းကို တရားဝင်ပိုင်ဆိုင်ခွင့် မရှိပါ။
• အိမ်ငှားရမ်းခ ကို လစဉ်ပေးရပါတယ်။
• နေထိုင်သုံးစွဲခွင့်ကာလ၊ လက်ဝယ်ထားပိုင်ခွင့်ကို သတ်မှတ်ထားပါတယ်။
• နိုင်ငံသားကို ငှားရမ်းနိုင်ပါတယ်။
• ပြန်လည် ငှားရမ်းခွင့် မရှိပါဘူး။
• တစ်နှစ်ထက်ပိုသော အိမ်ငှားရမ်းခကို စာချုပ်ချုပ်ဆိုရပါမယ်။
• အဆောက်အအုံဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးပြိုလဲခဲ့ပါက အငှားစာချုပ်သက်တမ်းအတွင်းတွင်သာ ပြန်လည်ရရှိနိုင်ပါတယ်။
နှစ်ချုပ်၊ စပေါ် အငှားတိုက်ခန်းတွေနဲ့ အပျောက်တိုက်ခန်းတွေဟာ ငှားရမ်းမှုပုံစံခြင်းတူပေမယ့် တစ်ခုနဲ့တစ်ခု ကွာခြားချက်၊ အားသာချက်၊ အားနည်းချက်တွေရှိတာကြောင့် မိမိနဲ့ အဆင်ပြေသလို ငှားရမ်းနိုင်ပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ