By Fbatinsone, Shweproperty.com
Updated at 21 January 2020
(က) မြေပိုင်မြေ
(ခ) ဘိုးဘွားပိုင်မြေ
(ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
(၃) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှအမွေဆက်ခံပိုင်ဆိုင်သူထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
မှတ်ချက်
(မြေအမည်ပေါက်ထံမှအမွေဆက်ခံသူမသေဆုံးမီနှင့်လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(၈)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီးမှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။
“မြေငှားဂရန်မြေ”
မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန်ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှအထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(မြေအမည်ပေါက်မသေဆုံးမီနှင့်လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွင်း)။
(၆) မြေအမည်ပေါက်၏အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)အထူးကိုယ်စားလှယ် လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(ရောင်းချသည့်အစိတ်အပိုင်းအတွက်ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့် စတုရန်းပေ(၁၂၀၀)ရှိရန်လိုသည်။)
(၁၀)မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။
“ပါမစ်မြေ”
စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့်သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။
(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့်ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူကမြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။
“လိုင်စင်မြေ”
မြို့နှင့်ရွာများအက်ဥပဒေအရသတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့်ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေ၊လယ်ယာမြေများသည်လိုင်စင်မြေများဖြစ်ပါသည်။လယ်ယာမြေတွင်အသုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့်အိမ်ယာမြေသတ်မှတ်သည့်၃(ခ)ထွက်ရှိ မြေများကို မြေငှားဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေးပါသည်။
“အိမ်အမျိုးအစားများ”
၁။ Hall Type – အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN – အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ်တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကိုခေါ်သည်။
၄။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကိုခေါ်သည်။
Ref : Fbatinsone
Photo Credit : dotproperty
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ