By medialann, Shweproperty.com
Updated at 9 March 2020
ဝါးထရံအိမ် အစုတ်လေးနေရာမှ ဟီးဟီးထ တိုက်ကြီး နဲ့ ဖြစ်နေပြီဖြစ်တဲ့ လှိမ့်ဝင်တည်သုံးယတြာက ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းပါ......
တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင် တည်သုံးယတြာက ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။ လှိမ့် ဝင် တည် သုံး
၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက် တစ်လုံးတောင်ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို………
သူ့အိမ်ရှေ့အဝင်ဝမှာ လှိမ့်ဝင်စဉ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်…… မေးကြည့်တော့ လှိမ့်ဝင်တည်သုံးလေတဲ့…… စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ……
၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင်ရှိတယ် အရမ်းကိုရောင်းရတယ် အလှူပေးနေသလိုကိုရောင်းရတာ။သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါး အုတ်ခုံမှာ အဲဒီ လှိမ့်ဝင်အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ပုံလေး တင်ထားတာတွေ့ရပါတယ်။သူ့ထမင်းဆိုင်ကတော့ လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ။
၃။ အဲ ဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေ တစ်ယောက် နှစ်ယောက်ကို အဲဒီ အရုပ်လေး နှစ်ခုကို ထားဖို့ ပြောလိုက်တာ သူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဉ့်ကူးက စဉ်အိုးသည်တွေ လာတာနဲ့ အဲဒီ အရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ
အဲဒီ ၃ယောက်ဟာ ၆လအတွင်း လုံးဝ မဆပ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အကြွေးတွေ ကြေပြီး အဆင်ပြေ သူတွေဖြစ်နေပါပြီဗျာ………
အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင် ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီ ယတြာအကြောင်းပြောပြလိုက်တာ သူလည်း သဘောကျပြီး အဲဒါကို အားလုံး သိအောင် ဖေ့ဘွတ်ပေါ်တင်ပေးပါ လို့ ပြောလို့တင်ပေးရာကနေ လှိမ့်ဝင်တည်သုံး အိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့ တာပါပဲ ဗျာ ။
”လှိမ့်ဝင် တည်သုံး ” စဉ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ။ အဲဒီလှိမ့်ဝင် တည်သုံး အရုပ်လေးတွေ က ဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ ။ ပညှပ်သွားရာ ဓါတ်သက်ပါ ဆိုသလို လူအများသုံးစကား လှိမ့်ဝင် ဆိုတာကို ယူပြီး လှိမ့်ဝင် နေတဲ့ …အရုပ်ကလေး တွေ ကို စီရင်ပေးသွားတာပါ ။
အဲဒီမှာ စဉ့်အိုး လေး ကို လှိမ့်ဝင်နေတဲ့ ကောင်လေး( ၂ ၄ ) ပုံ လေးပါ ။ စဉ့်အိုးကို ဘာလို့သုံးလဲ . တစ်ခြားဟာတစ်ခုခုကိုလည်း လှိမ့်ဝင် လို့ ရတာပဲ လို့ တွေးမိတော့ .. စဉ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ် ထင်ပါ တယ် ။
လှိမ့်ဝင် ဆိုတာကတော့ဗျာ လှမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့..လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေ တစ်ရုပ်လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည် ။ ကျောင်းတည် ။ ဇရပ် တည် ။ သာသနာ တည် နိုင်တဲ့ အထိ သုံး နိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင် သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ ။
ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ ဗျာ။ ၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ်။ ကိုယ့်စီးပွားအတွက် အထွဋ် အမြတ်ဆောင် မည့် ပစ္စည်းဟာ ကားနဲ့သယ်လားရင် အမျိုးသား အမျိုးသမီး ကလေး လူကြီး ကျော်ခွသွားတာ မျိုး ၊ ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုး တွေရှိတတ်ပါတယ်။
အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံ ကို ဆား ၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ် ချောင်းက ဆေးဖြစ်စေ ဆိုပြီး ၃ ခါ ပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလို လက်ယာရစ် မွှေပြီး ပါးစပ်မှလည်း ““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီး မှ အဲဒီ အရုပ် များကို ၎င်းရေနဲ့ ဆေးပါ ။ ပြီးမှ ၎င်း အရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက် သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုး ကို အိမ်ဘက် အတွင်းသို့ ထားပြီး အိမ်ရှေ့မှာ ထားလိုက်ပါ ။
တည်သုံးအိုးလေးကိုတော့ အလုပ်စားပွဲ ၊ အိပ်ခန်းစားပွဲ ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ ။။။ ဘယ်နေ့ ဘယ် အချိန်မှာ ဆောင် တင်ထားရမလဲ မိမိမွေးနေ့မနက် 9း45 မှာ တင် ဆောင်ထားပါ လေ ။ လူ မ ဝင်သော ဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများလှိမ့်ဝင်လာ ပါလိမ့်မယ် ။ အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာတိုးတက်လာ တာကို တွေ့ရပါလိမ့်မည် ။
တစ်ပတ်လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်း ပါးသွားတာ မျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေး ကို မျက်နှာသစ်ပေးလိုက်ပါ ။ ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ ။ ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ်တီးပြီးပြောလိုက်ပါ ။ ဝင်လာပါလိမ့်မယ်ဗျာ .. ပထမဆုံး ဝင်သောငွေမှ အနည်းအကျင်းကို ဘုရားလှူ လိုက်ပါ ။ ပြီးမှ ကျန်တဲ့ ပိုက်ဆံကို သုံးပါလေ ။
ပထမ ဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။ နောက်ပြီး လာဒ်တိတ်စေ တဲ့ အကြောင်းတရားတွေ ကို ရှောင်ပေးရပါတယ်။ အရင် က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ် ဗျာ။ ၁။ မနက် အိပ်ယာထလျှင် အိမ်သာ ထဲသို တန်း မသွားရ ၊ မီးဖို ချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်းမလုပ်ရပါ။ လာဒ်တိတ်တတ်ပါသည်။
၂။ ထမင်းစားလျှင် ဘေးမှာကျနေသာ အမှိုက်များကို ထမင်းစားပြီး လျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။
၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ် ဆိုပြီး မီးဖို ချောင်ထဲမှာ မဆေးပဲ တစ်ညလုံး ပုံမထား သင့်ပါ ။
၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊ တဘက် ၊ ပုဆိုး အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ်မလုပ်ရပါ။
၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီး စကားများ ရန် မဖြစ်ရ။ မငြူစူးရ ၊ ဒေါသမဖြစ်ရပါ။ စောစော စီးစီး နိမိတ် မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ ။
အဲဒီ ၅ ချက် ၂ ချက်လောက် လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။
ထို့ကြောင့် အဲဒီ အချက်များ ကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေး ရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီး အလှူ အတမ်း ၊ ဘာသာရေး ၊ သာသာနာရေး ။ ပရဟိတ အရေး အတွက် တည်သုံးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း
Ref : Medialann
Photo Credit : Architecturaldesigns
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ