By The Kumudra, Shweproperty.com
Updated at 18 June 2015
အထူးဂရန်ပေးရာမှာ မြေဧရိယာဟာ (၁၀၀၀၀) စတုရန်းပေထက် မကျယ်စေရပါ။ (၁၂၀၀) စတုရန်းပေထက် မကျဉ်းရပါ။ (၁၂၀၀) စတုရန်းပေထက် ကျဉ်းသော်လည်း အမှန်တကယ်အိမ်ရှိပြီး နေထိုင်နေပါက ခြွင်းချက်ဖြင့် ခွင့်ပြုပေးနိုင်ပေမယ့် (၁၀၀၀၀) စတုရန်းပေထက် လုံးဝကျယ်လို့ မရပါဘူး။
လူနေရပ်ကွက်များအတွင်း နောင်တချိန် ကစားကွင်း၊ ပန်းခြံ၊ ဓမ္မာရုံ၊ ဈေး၊ Recreation Center တည်ဆောက်ရန် ချန်ထားတဲ့ မြေကွက်လွတ်များ မဖြစ်ရပါ။ Public Utilities များထည့်သွင်း မြှုပ်နှံရန် ချန်လှပ်ထားတဲ့ မြေ များမဖြစ်ရပါ။
ပြင်ဆင်ထိန်းသိမ်းရန်အတွက် ကမ်းဖူးမြေ၊ ဆိပ်ကမ်းမြေ၊ မြစ်ကမ်းဘေးလူအများ စိတ်ကြည်လင်စွာ ခံစားနိုင်ရန် ချန်လှပ်ထားတဲ့ Free Space များ မဖြစ်ရပါ။
အချို့က ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ မြို့သစ်များအတွင်း လူနေရပ်ကွက်ပေါ်မှာ ကျန်ရှိနေတဲ့ (၂)ဧက (၃) ဧက မှ (၇) ဧက (၈) ဧက အထိ မြေကွက်လွတ်အကျန်တွေကို မူလပိုင်ရှင် လယ်သမားထံကနေ ဝယ်ယူပြီး ၎င်းမြေကွက်ကြီးကို အထူးဂရန်ပေးပါ ဆိုပြီး လျှောက်ထားလာတာတွေ ရှိလာပါတယ်။
ဒါ့အပြင် မြစ်ကြောင်းထိန်းသိမ်းရေးအတွက် အကွက်မရိုက်ဘဲ ချန်ထားတဲ့ ကမ်းနဖူးမြေ၊ ဆိပ်ကမ်းမြေတွေကို အထူးဂရန်လျှောက်ကြတာတွေ ရှိပါတယ်။ တချို့က တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတရပ်ကွက်မှာ Free Space အဖြစ်ထားရှိတဲ့ မြေကွက်တွေကို အထူးဂရန်လာရောက် လျှောက်ထားကြသူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ လူနေရပ်ကွက်တွေမှာ ဂရန်မြေမူရင်းရှိ ပေ (၆၀× ၈၀) မြေကွက်ဖြစ်ပေမဲ့ အစွန်ဆုံးအိမ်တွေဟာ ဘေးမြေပိုတွေကို ထည့်သွင်းအသုံးပြုထားကြတာ တွေလည်း ရှိပါတယ်။ ၎င်းအခြေအနေမျိုးကိုလည်း ဆက်စပ်မြေပိုကို အထူးဂရန်လျှောက်ထားခွင့်ပြုပြီး အထူးဂရန်လျှောက်ထားပေးတာမျိုးလည်း ရှိပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ