By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 30 May 2018
လယ်ယာမြေဥပဒေ၊ ပုဒ်မ ၁၉ အရ နိုင်ငံပိုင်လယ်ယာမြေများတွင် အစိုးရ၏ ခွင့်ပြုမိန့် မရှိဘဲ လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ကိုင်ရန်ဖြစ်စေ အသုံးပြုခွင့်မရှိပေ။ စိုက်ပျိုးရန်ခွင့်ပြုထားသော လယ်ယာမြေပေါ်တွင် အခြားနည်းတစ်ခုခုဖြင့် သုံးစွဲနေပါက သတ်မှတ်ထားသည့် ဒဏ်ကြေးပေးဆောင်စေခြင်း၊ လယ်ယာမြေပေါ်မှ ဖယ်ရှားခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦးများကို ဖြိုဖျက်ခြင်းများကို ပြုလုပ်နိုင်သည်။
(၂၀၁၂)ခုနှစ်က ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေတွင်မူ လယ်ယာမြေကို သီးနှံစားပင်စိုက်ပျိုးရန်မှလွှဲ၍ အသုံးပြုလိုပါက လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကို တင်ပြပြီး ခွင့်ပြုမိန့်ရယူရမည်ဖြစ်သည်။ ထိုသို့ ခွင့်ပြုမိန့်ရယူခြင်းမရှိဘဲ ကျူးကျော်ပါက အရေးယူနိုင်ပေသည်။
ထိုမြေပေါ်တွင် ကျေးလက်ဖွံ့ဖြိုးတိုုးတက်ရေးအတွက် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံု၊ ဆေးပေးခန်း၊ စာကြည့်တိုုက်၊ လမ်း၊တံတား၊ ဈေး၊ ဘာသာရေးအဆောက်အအုံု၊ သုုသာန်နှင့် အခြားအဆောက်အအုံုများဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီဌာနအသီးသီး၏ ခွင့်ပြုမိန်၊ ရန်ပုံငွေရရှိနိုင်မှု အခြေအနေရှိလျှင် ဆောက်လုပ်ခွင့်ရှိသည် ဟုဥပဒေတွင် ဖော်ပြထားသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Todayifoundout
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ