By Kyi Soe (IC), Shweproperty.com
Updated at 13 June 2018
# အဲ့ဒီနည်းက "မိသားစုစီမံမှု"လို့ ခေါ်ပါတယ်။
# လုပ်နည်းက လွယ်လွယ်လေးပါ။ ( ဒါပေမယ့် သိပ်ပြီးတော့ ထိရောက်ပါတယ်)
# မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ်ခြံမြေအမွေမှု မဖြစ်နိုင်တော့ဘူး။
# ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်းခဲ့ ကြတယ်။ ပညာပေးခဲ့ကြတယ်။ အဲဒါနှစ် (၁၀၀) ကျော်တိုင်ခဲ့ပြီ။ (သို့သော် တချို့တချို့တွေက တော့ ဖုံးကြတယ်ဗျာ။ ဖွက်ကြတယ်ဗျာ။ ပညာပေးတဲ့သူကတစ်ဖွဲ့၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ)
# ပစ္စည်းရှင်ကွယ်လွန်ပြီးနောက် အိမ်ခြံမြေအမွေ များကို မည်သို့ ခွဲဝေယူကြ ရမည်ဆိုသော မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ်ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ၇၂၇၊ စီရင်ထုံးနှင့် ဒေါက်တာဦးမောင်မောင်၊ မြန်မာဓလေ့ထုံး ၁၉၆၃/၁၀၄ အပြင် စီရင်ထုံးများစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည်။
# မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါဝင်ချု့်ဆိုရေးသားခွင့် မရှိဟု ဦးညွန့်မောင်/ဒေါ်မြရွှေ ၁၉၇၄ တရားမဒုတိယ အယူခံ အမှတ်-၃၃ မှာလည်း စီရင်ထားပါတယ်။
မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့်မရှိ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း၊ မပန်းစီ/မလှရင်၊ ၁၉၆၃ မတစ၊ ၈၀၀(၈၀၈) တွင်ပါရှိပါတယ်။
# မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့်အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ/မစောရှင် ၁၉၄၉ မတစ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကိုတွေ့ နိုင်ပါသည်။
#မိသားစုဝင် အချင်းချင်း သဘောတူညီမှုရှိရန် လိုအပ်သည့်အပြင် မရွှေ့ ပစ္စည်းတွေကို ခွဲဝေကြရမှမို့ စာချုပ်စာတမ်း မှတ်ပုံတင်ရ့ုးမှာ မှတ်ပုံတင်ရန်လည်း လိုအပ်ပါသည်။
Ref : Kyi Soe (IC)
Photo Credit : Google
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ