By Myanmar Builders Guide, Shweproperty.com
Updated at 28 May 2019
ခြံစည်းရိုးကာရံခွင့်လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများနှင့်ထောက်ခံချက်များကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဌာနမှသတ်မှတ်လျှောက်လွှာ
(က) ခြံစည်းရိုးကာရံခွင့် လျှောက်လွှာပုံစံ။
(ခ) ခြံစည်းရိုးကာရံခြင်းအား ကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာမှ တင်ပြရန်။
(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်။
(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်တင်ပြရန်။
(င) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်။
(စ) ခြံစည်းရိုးကာရံခြင်းနှင့် ပတ်သက်၍ ဆက်စပ်မြေကွက်ပိုင်ရှင်များ၏ ကန့်ကွက်ရန် မရှိကြောင်း တင်ပြရန်။
(ဆ) မိမိပိုင်နယ်နိမိတ်၌သာ ကာရံမည်ဖြစ်ကြောင်း မြေရှင်၏ ခံဝန်ကတိတင်ပြရန်။
၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ်/အောက်ကူးရန်)။
၃။ သက်ဆိုင်ရာဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော ခြံကာရန် မြေပုံ၊မြေရာဇဝင်မူရင်း(C/Map)။
၄။ ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ(D/Map)မိတ္တူ (မိတ္တူမှန်ဖြစ်ရန်အတွက် မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)။
၅။ လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ(A3 Size) တို့ဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ