By Myanmar Builders Guide, Shweproperty.com
Updated at 30 April 2018
၁။ အပျောက်တိုက်ခန်း
အပျောက်တိုုက်ခန်းဆိုသည်မှာယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍နေထိုုင်ခွင့်နှင့် ထပ်ဆင့်လွဲှပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသောအိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။
၁၉၆ဝ ပြည့်နှစ်၊ မြို.ပြဆိုုင်ရာဌားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သဖြင့်ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်ယင်းဥပဒေကိုု လိုုက်နာရပါမည်။ ယခုုအခါ နေအိမ် တိုုက်ခန်းများကို အပျောက်စနစ်ဖြင့် ဝယ်ယူနေထိုုင်လျက် ရှိကြသည်။
အပျောက်စနစ်ဖြင့် ဝယ်ယူသူသည် အပျောက်ငွေကို အခန်းလက်ရှိနေသူသိုု့ ပေးချေကာ အခန်းကိုု လက်ပြောင်း လက်လွဲှ ရယူနိုုင်သည် ။
နေထိုုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကိုု လွဲှပြောင်းရယူသည့် စနစ် ဖြစ်သည်။ တိုုက်ခန်းကို လုံုးဝပိုင်ဆိုင်ခြင်း မဟုတ်ဘဲ တိုုက်ခန်းပိုုင်ရှင် ရှိပေသည်။
တိုုက်ခန်းကိုု ရောင်းမည်ဆိုုလျှင် တိုုက်ခန်းပိုုင်ရှင်ကိုု အသိပေးပြီး ရောင်းခွင့်ရှိသည်။ ထိုုသိုု့ အခန်းကိုုလက်ပြောင်း လက်လွဲှပြုရာတွင် အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။ သတ်မှတ်သည့် အိမ်လခ ရှိ၍ အဆိုုပါ အိမ်လခကို တိုက်ရှင်သို့ ပေးဆောင်ရသည်။
ထိုုကဲ့သိုု့ တိုုက်ခန်းကိုု အပျောက်စနစ်ဖြင့် ရောင်းချရာတွင် အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကိုု ရယူရန်အတွက် ရောင်းသူက အမည်ပြောင်းခ အဖြစ် အိမ်ရှင်သိုု့ ပေးရသည်။
ထိုုအခါတွင်မှ အိမ်ရှင်က နောက်ဝယ်သူကိုု အသိအမှတ်ပြုသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသော်လည်း ဝယ်သူသည် အိမ်ဌားသာလျှင် ဖြစ်သည်။
အပျောက်တိုုက်ခန်း ပိုင်ဆိုုင်သူမှာ နေထိုုင်ခွင့်နှင့် ထပ်ဆင့်လွဲှပြောင်းဌားရမ်းပိုုင်ခွင့် ရှိသော အိမ်ဌားတစ်ဦးပင် ဖြစ်သည်။ အပျောက်တိုုက်ခန်း ဝယ်ယူရာတွင် မြေပိုုင်ဆိုုင်မှုမပါဝင်သဖြင့် ဝယ်ယူသူသည် မြေပိုုင်ရှင် ( တိုုက်ပိုင်ရှင်) အား အိမ်လခပေးရသော အိမ်ဌားတစ်ဦးသာ ဖြစ်သည်။
အပျောက်စနစ်ဖြင့် တိုုကခန်းဝယ်ယူရာတွင် မြေပိုုင်ရှင် (တိုုက်ပိုုင်ရှင်) ၏ လက်မှတ်ပါဝင် ရေးထိုုးပေးရန် အရေးကြီးသည်ဖြစ်ရာ မြေပိုုင်ရှင် ၊ တိုုက်ပိုုင်ရှင်ဖြစ်ကြောင်း ၊ ၎င်းကိုုင်ဆောင်သည့် မှတ်ပုံုတင်နှင့် အတူ ပြသ စိစစ် စုံစမ်းနိုင်ရန်နှင့် အရောင်းအဝယ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပေးနိုုင်ရန် ရောင်းချသူအနေဖြင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရန် လိုုအပ်ပါသည်။
၂။ အပျောက်တိုုက်ခန်းအမျိုးအစားများ
(က) ပုုဂ္ဂလိကတိုုက်ခန်း
ပုုဂ္ဂလိကပိုုင်မြေကွက်ပေါ်တွင် ပုုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊ကန်ထရိုုက်တာနှင့် အခန်းပေး အခန်းယူဆောက်လုုပ်သည့်တိုက်ခန်းများဖြစ်ပြီး၊မြေရှင်အား အိမ်လခပေးနေရသော အခန်းများ ဖြစ်ပါသည်။ အိုုးအိမ်မှ ပုုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းချသောအခန်းများလည်း ပါဝင်ပါသည်။
ယင်း တိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်း မပြုပါ။
ဇူလိုင်လတွင် စတင်အသုံးပြုနိုင်မည့် သာကေတတံတားသစ်နှင့် တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ***သင်စိတ်ဝင်စားနိုင်သော ဇူလိုင်လတွင် စတင်အသုံးပြုနိုင်မည့် သာကေတတံတားသစ်နှင့် တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ***
(ခ) ပြည်သူပိုုင်မှ ပြန်ပေးသောတိုက်ခန်း
ပြည်သူပိုုင် သိမ်းယူသောတိုုက်ခန်းများအနက်နိုင်ငံတော်မှ အသုံုးပြုရန် မလိုအပ်သည့် အခန်းများအားပြန်လည်စိစစ်၍ မူလပိုုင်ရှင်များအား ပြန်လည်လွဲှပြောင်းပေးအပ်လိုုက်သည့် အခန်းအမျိုးအစား ဖြစ်ပါသည်။
(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုုက်ခန်း
တိုုက်ခန်းနေထိုုင်သူမှ ကြွေးမဆပ်နိုုင်သဖြင့်စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊ စည်ပင်ကြွေးကို အိမ်ဌား (တိုုက်ခန်းအပျောက်ဝယ်သူ) မှပေးဆပ်ရပြီး တိုုက်ပိုုင်ရှင်သိုု့ အိမ်လခပေးရန်
မလိုဘဲစည်ပင်ခွန်များကိုုသာ ပေးဆောင်နေရသည့်အခန်းအမျိုးအစား ဖြစ်ပါသည်။
(ဃ) ဘာသာရေးပိုုင်အခန်းများ
ဗလီဝကဖ်အခန်းများ၊ဟိန္ဒူဘုုရားကျောင်းပိုင်အခန်းများ၊တရုုတ်ဘုံုကျောင်းပိုင်အခန်းများအားအပျောက်စနစ်ဖြင့်ရောင်းချပြီးရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံုငွေအဖြစ် အသုံုးပြုသည့်အခန်းများ ဖြစ်ပါသည်။
အဆိုုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ပိုင်ဆိုင်မှု အမည်ပြောင်းခြင်းများကို သက်ဆိုင်ရာဂေါပကအဖွဲ့ လူကြီးများက စီမံခန့်ခွဲကြပါသည်။
(င) ပြည်သူပိုင် (သိုု့) အစိုုးရပိုင်အခန်းများ
(၁)အိုုးအိမ်ခန်း
နိုု်င်ငံတော်ပိုုင်မြေပေါ်တွင် နိုုင်ငံတော်ပိုုင်ငွေဖြင့်ဆောက်လုုပ်ပြီးဝန်ထမ်းများအား နေထိုုင်ခွင့် အဌားချထားသောအခန်းမျိုးဖြစ်သည်။ ၎င်း အပြင် ယခင်တိုုင်းပြညသူ့ ကောင်စီမှထိန်းသိမ်းထားသော ပြည်သူပိုုင် အခန်းများအားအိုးအိမ်သိုု့ လွဲှအပ်ပေးလိုက်သော အခန်းများ ပါဝင်ပါသည်။
(၂) ဌာနဆိုင်ရာအခန်းများ
အစိုုးရဌာနဆိုုင်ရာ အဖွဲ.အစည်းအသီးသီးတိုု့မှမိမိတို့ဝန်ထမ်းများ နေထိုုင်ရေးအဆင်ပြေစေရန် အတွက်နိုုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသောအဆောက်အဦးတိုုက်ခန်းများ ဖြစ်ပါသည်။ ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသော အခန်းများပါဝင်ပါသည်။
(၃) တိုင်းချခန်း
ယခင်တိုုင်းလုံုခြုံရေးနှင့် အုုပ်ချုပ်မှုုကော်မတီ၊တစ်ဖန် တိုင်းပြည်သူ့ကောင်စီသည် တိုုင်းအဆင့်စီမံခန့်ခွဲမှှု၊အုပ်ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအားချပေးသောအခန်း ဖြစ်ပါသည်။
(၄) နိုုင်ငံခြားပြန် အခန်း
နိုုင်ငံခြားသားပိုုင် အခန်းဖြစ်ပြီး မိမိတိုု့၏နိုုင်ငံသိုု့အပြီးအပိုုင် ပြန်ကြရာတွင် ယင်းအခန်းများကိုုနိုုင်ငံတော်သိုု့ အပ်နံှခြင်း(သိုု့) နိုုင်ငံတော်မှ သိမ်းယူထားသော အခန်း ဖြစ်သည်။
(၅)စည်ပင်ယာယီထိန်းအခန်း
စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊ဥပဒေပြဌာန်းချက်များနှင့် မကိုုက်ညီခြင်း ညွှန်ကြားချက်များအားမလိုုက်နာခြင်းတိုု.ကြောင့်စည်ပင်သာယာရေးကော်မတီမှယာယီထိန်းသိမ်းထားသော အခန်း ဖြစ်ပါသည်။
(၆) အခြားအခန်းများ
ပြစ်မှုဆိုုင်ရာဥပဒေတစ်ရပ်ရပ်အရ(မူးယစ်ဆေးဝါး၊ ချဲထီစသည်)အရေးယူခံရပြီး နိုုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့်အခန်းများ ဖြစ်ပါသည်။
(၇) DB တိုုက်ခန်းများ
အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building)မှာအချိန်မရွေး ပြိုကျနိုုင်ပြီး နေထိုုင်သူနှင့်အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကိုုထိခိုက်စေနိုုင်သည့် အဆောက်အဦကို ခေါ်ပါသည်။
အန္တရာယ်ရှိအဆောက်အဦကိုု အိမ်ရှင်ဖြစ်စေ၊ နေထိုုင်သူဖြစ်စေ၊ပတ်ဝန်းကျင်မှဖြစ်စေ မြို.တော်စည်ပင်သာယာရေးကော်မတီသိုု့လျှောက်ထားနိုုင်ပါသည်။
လျှောက်ထားမှုုအပေါ် ရှေးဦးစွာ ပဏာမအဖွဲ့ဖြင့်စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သိုု့)အကြီးစားပြင်ဆင်ရန်ဆုံုးဖြတ်ပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ