By Hsu Myat May Zaw, Shweproperty.com
Updated at 9 April 2020
သင့်ရဲ့ အိမ်မျက်နှာစာမှာ မထားသင့်တဲ့ ပစ္စည်းအချို့ရှိပါတယ်။ ဒီပစ္စည်းတွေဟာ သင့်အိမ်ရဲ့ ဂေဟစနစ်ကို ပျက်ယွင်းစေတဲ့အပြင် အိမ်ရဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာအ၀၀ကို ပျက်ယွင်းစေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေပညာအရ အိမ်ရှေ့မျက်နှာစာမှာ မထားအပ်တဲ့ မပြုလုပ်အပ်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းရွှေပညာဆိုတာက တရုတ်လောကီပညာအရ အိမ်ခြံမြေနဲ့ မိမိနေထိုင်ရာ ဂေဟစနစ်ကို သဘာဝနဲ့ညီအောင်နေထိုင်နိုင်မယ့် ပညာရပ်တစ်ခုပါ။
အိမ်မျက်နှာစာမှာ မထားသင့်တဲ့အရာတွေကတော့ အမှိုက်တွေ၊ စာအုပ်၊ စက္ကူ အဟောင်းအစုတ်တွေ ပစ်ထားတဲ့ အစုအပုံတွေ၊ ရေမလုံတဲ့ရေပိုက်ခေါင်းတွေ၊ အိမ်ပေါက်ဝက သစ်ခြောက်ပင်တွေ၊ မီးချောင်း၊ မီးသီး၊ ဓာတ်ခဲ အဟောင်းအကျွမ်းတွေ၊ အိမ်မွေး တိရစ္ဆာန်အစာခွက် အညစ်အကြွေးခွက် ညစ်ပေနေမှုတွေ၊ ကျိုးပြဲ့ကွဲအက် ပျက်စီးနေတဲ့ ပစ္စည်းတွေ၊ ညှိုးခြောက်နေတဲ့ အပင်တွေ၊ အရိုးခေါင်းပုံ၊ စိတ္တဇပန်းချီ အနိဌာရုံ ပုံတွေ၊ ကွဲအက်နေသော မှန်ပြူတင်းတွေ မီးဖို အပျက်တွေကို လုံးဝမထားသင့်ပါဘူး။
အိမ်အဝင် မနက်ခင်း မင်္ဂလာကျက်သရေရှိတဲ့ချိန်မှာ ဆူညံတဲ့ တေးဂီတသံတွေကို မဖွင့်သင့်ပါဘူး။
ဒါတွေရှိနေခဲ့မယ်ဆိုရင် အခုပဲ ဖယ်ရှားရှင်းလင်းပြီး မင်္ဂလာကျက်သရေပြည့်စုံတဲ့ အိမ်ဖြစ်စေမယ့်အပြင် သင့်အိမ်ပတ်ဝန်းကျင်ကိုပါ သန့်ရှင်းသပ်ရပ်စေမှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ