By Aye Mon, Shweproperty.com
Updated at 10 January 2018
အများစုက လယ်မြေဝယ်ယူရင် အရှုပ်အရှင်းတွေများပြီး ခိုင်မာမှုအားနည်းတယ်လို့ ထင်ကြပေမယ့် အဓိကအချက်သုံးချက် ခိုင်မာရင် စိုးရိမ်စရာမရှိပဲ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
လယ်မြေ၊ ယာမြေစတဲ့ စိုက်ပျိုးရေးအတွက် ချထားပေးတဲ့ မြေတွေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုရမယ်လို့ လယ်ယာမြေဥပဒေမှ ပါဝင်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်တော့တဲ့ မြေတွေကို မြေအမျိုးအစား ပြောင်းလဲလျှောက်ထားခွင့် တင်လို့ရတယ်လို့ အကျိုးဆောင်ရှေ့နေတစ်ဦးထံမှ သိရပါတယ်။
မြေဈေးကြီးလာတာနဲ့အမျှ လယ်မြေတွေကို အကွက်ရိုက် ပိုင်းခြားပြီးရောင်းလာတာတွေ များလာပါတယ်။ စာရွတ်စာတမ်း လိမ်လည်မှုတွေ၊ ပိုင်ရှင်မဟုတ်ပဲ လိမ်ရောင်းတာ၊ အစိုးရရဲ့ စီမံကိန်းနေရာဖြစ်နေတာတွေကို ဝယ်မိခဲ့လို့ နစ်နာခဲ့တဲ့သူတွေလဲ ရှိပါတယ်။ အခုလို လယ်မြေတွေကို အကွက်ရိုက်ရောင်းတာတွေကို ဝယ်ယူသူတွေနေနဲ့ အခြားနည်းနဲ့ အသုံးပြုခြင်းဖြင့် အရောင်းအဝယ်လုပ်ကြတာများပါတယ်။ ဒါတွေဟာ ဥပဒေအရ ခိုင်မာမှုမရှိလို့ တရားမဝင်ဘူးလို့ သိထားကြတာဖြစ်ပါတယ်။
လက်မြေဝယ်ယူချင်တဲ့ သူတွေအနေနဲ့ ဝယ်မယ်ဆိုရင် စိုးရိမ်ပူပန်မှု၊ အလိမ်ခံရတာတွေ မရှိအောင်ပြုလုပ်ရမယ့် အချက်တွေရှိပါတယ်။ ဝယ်မဲ့မြေရဲ့ ပုံစံ (၇)ကို မြေစာရင်းစိစစ်ရေးဌာနမှာ စစ်ဆေးရမှာဖြစ်ပါတယ်။ မူရင်းပုံစံ (၇) တွေ့ရှိမှသာ စရန်ငွေကိုပေးချေသင့်ပါတယ်။ ပြီးရင် ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌ၊ ရပ်ရွာအုပ်ချုပ်ရေးမှုးစတဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ငွေအကြေမချေခင်မှာ ပုံစံ (၁၀၅) ပိုင်ရှင်ကနေ ဝယ်ယူတဲ့သူကို SP ( အထူးကိုယ်စားလှယ် လွှဲစာ) လွှဲပေးတာလဲ ရှိရမှာ ဖြစ်ပါတယ်။ ပုံစံ (၇) မူရင်းကိုလည်း တောင်းရမှာဖြစ်ပါတယ်။
ကိုယ်ဝယ်ယူလိုက်တဲ့မြေပေါ်မှာ ကျူးကျော်တဲတွေ ရှိနေတာကြောင့် ဖယ်ရှားရခက်သူတွေ၊ လျော်ကြေးပေးပြီး ဖယ်ခိုင်းရတာတွေ ရှိတာကြောင့် လက်ရောက်ရယူထားဖို့ လိုအပ်တယ်လို့ ရှင်းပြပါတယ်။
အကျိုးဆောင်ရှေ့နေဦးဝင်းမောင်က "အပေါ်ကပြောတဲ့ အချက်တွေကိုသာ သေချာစိစစ်ပြီး ဝယ်မယ်ဆို စိုးရိမ်စရာမရှိပါဘူး၊ ဝယ်ယူပြီးရင် တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကြေးတို့ကို ပေးဆောင်ပြီး မြို့နယ်စာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာ၊ ဒါတွေအားလုံးပြီးသွားရင် အမည်ပေါက် ပြောင်းလို့ရပါပြီ"လို့ ပြောပါတယ်။
Written By : Aye Mon
Photo Credit : Irrawaddy
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ