By Manawmaya, Shweproperty.com
Updated at 27 February 2020
နေစရာအိမ်နဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ် ဘုန်းကြီးရဲ့ ဒကာတစ်ယောက်မှာ အိမ်နဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတော့ ဘုန်းကြီးက စဉ်းစားပေးတယ်။
တစ်ဖက်သားကို နေစရာချမ်းသာပေးရမယ်၊ သူ့မှာကလည်း သူများအိမ်ဌားနေရတာဆိုတော့ ပေးစရာက မရှိ ဘာလုပ်ရမလဲ စဉ်းစားပြီး စာကလေးတွေအတွက် အိမ်ဆောက်ခိုင်းလိုက်တယ်။
အိမ်ဆောက်တဲ့အခါ နုလုံးသွင်းရမှာက အပေးနဲ့သွားရမယ် စာကလေးတွေမှာ မိုးကလာမှာဆိုရင် နေစရာမရှိလို့ မိုးတွေကစိုလို့ တချို့စာကလေးတွေမှာ သစ်ကိုင်းမှာ နားနေရင်းနဲ့ အအေးပတ်ပြီး ပြုတ်ကျသေတာ ရှိသေးတယ်။ အင်မတန် ဆင်းရဲရှာတယ်။
အဲဒီတော့ အိမ်ကလေးတွေ ဆောက်ပေးရအုံးမယ်ဆိုတဲ့ စေတနာအပြည့်နဲ့ အမိုးလေး၊ အကာလေးနဲ့ ကပြင်လေးနဲ့၊ စားစရာနေရာလေးနဲ့ အိမ်လေးကို သေချာစဉ်းစားပြီးတော့ ဆောက်ပါ ဆောက်ပြီးတော့ ကျကျနနအိမ်အဖြစ် လှူပေးပါ။
အဲဒီလို အကြိမ်ရေများစွာ လှူပေးပြီး စာကလေးတွေလည်း နေဖြစ်ပြီဆိုရင် ဝမ်းသာပီတိဖြစ်ရမယ် အဲဒီလို ပုဂ္ဂိုလ်ဆိုရင် သတ္တိကိန်းတာနဲ့ တစ်ပြိုက်နက် သူ့အတွက် နေစရာပူမနေရဘဲ ရလာမယ် ရမှာအမှန်ပဲဆိုတာ နားလည်ကြ၊ သဘောပေါက်ကြပါ။
Ref : Manawmaya
Photo Credit : Pinterest
Posted By : Wai Phyoe (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ