By Home & Decor, Shweproperty.com
Updated at 29 September 2015
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်နှင့်Gantry ပလာဇာ ပန်းခြံအကြား East River ထဲ၌ အလျား ပေ ၁ဝဝ၊ အနံပေ ၂ဝဝ ရှိသည့် ကျွန်းစုလေး တစ်ခုရှိသည်။
ကျွန်းကလေး၏အမည်ကို မြန်မာနိုင်ငံသားတိုင်းသာမက ကမ္ဘာသူ ကမ္ဘာသားများပါ ပီသစွာ ခေါ်ဆိုနိုင်သည်။ ကျွန်းကလေး၏အမည်က ကုလသမဂ္ဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကို ဂုဏ်ပြုပြီးမှည့်ခေါ်ထားသည့် ဦးသန့်ကျွန်း ဖြစ်သည်။
လူလုပ်ကျွန်းကလေးဖြစ်သည့် အဆိုပါ ကျွန်းကလေး ကို ၁၉၇၇ ခုနှစ်မှာ ဦးသန့်၏ မိတ်ဆွေတစ်ဦးဖြစ်သူ ကုလသမဂ္ဂ၏ ဒဿနပညာရှင် ဆာချက်မွိုင်းနှင့် ဦးသန့် ကို ချစ်ခင်လေးစားသူများက အဆိုပြုခဲ့သောကြောင့် U Thant Island လို့ အမည်ပေးထားရခြင်း ဖြစ်သည်။
မြန်မာများအတွက်ရော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးအတွက်ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း အတွက် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာမှာ ပညာရှင် တစ်ယောက်ဖြစ်ခဲ့ပြီး ဦးနှောက်နှင့် နှလုံးသားပေါင်းစပ် ကာ ပဋိပက္ခများ ကိုဖြေရှင်းသူအဖြစ် ဦးသန့်သည် ရာဇဝင် မှတ်တမ်းဝင်သူတစ်ဦး ဖြစ်သည်။
ဦးသန့်သည် ၁၉၅ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ဦးနု ၏ အတွင်းရေးမှူး အဖြစ် နိုင်ငံတော်၏ အရေးကိစ္စ များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့စဉ်က ဝင်ဒါမီယာထဲမှ အိမ်ကလေးတစ်လုံး၌ နေထိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်း များအရ သိရှိရသည်။
ကမ္ဘာက အသိအမှတ်ပြုသလို နှစ်ရှည်လများ ချုံ နွယ်ပိတ်ပေါင်းများနှင့် ကာဆီးဟောင်းနွမ်းနေသည့် တိုက် အဝါလေးတစ်လုံးသည်လည်း မကြာသေးခင်နှစ်များဆီ က ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။ ယင်းအိမ်ကလေး ၌ နေထိုင်သွားသူမှာ မြန်မာ့သမိုင်း၏ ပထမဆုံးနှင့် တစ်ဦးတည်းသော ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်တာဝန်ကို ထပ်ဆင့်တာဝန်ယူခဲ့ဖူးသူ ဦးသန့်ဖြစ် သည်။
''ရှေးဟောင်းအမွေအနှစ်ဆိုတာ မဖြစ်မနေ ထိန်း သိမ်းကြရမှာဖြစ်ပါ တယ်။ ရှေးဟောင်းအမွေအနှစ်ဆို ရာမှာ ရုပ်ဝထ္ထုအပြင် တစ်ခါတစ်ရံမှာ ထင်ရှားကျော်ကြား ခဲ့သူတွေ၊ သမိုင်းကြောင်းတွေရဲ့ အထင်ကရ အခြေအနေ တွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ ခြေရာလက်ရာတွေဟာ လည်း မဖြစ်မနေ ရှာဖွေဖော်ထုတ်ထိန်းသိမ်းကြဖို့လို အပ်တယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။ ချုံနွယ်ပိတ်ပေါင်းများဖြင့် အိမ်မျက်နှာကွယ်လုနီးပါး ဖြစ်ကာ ဟောင်းနွမ်းနေ ရပြီဖြစ်သည့် ထိုနေအိမ်သည် မြန်မာကို ကမ္ဘာကပင် သိရှိကာ လေးစား ထိုက်သည့် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နေ ထိုင်ခဲ့ကြောင်းကို ပြုပြင်မှုမတိုင်မီက သိရှိသူ တဖြည်းဖြည်း နည်းပါး လာခဲ့ဖူးသည်။
ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်များကို ကာ ကွယ်ပေးရန် အတွက် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ကြိုးပမ်းလျက်ရှိသည့်အနက် ရန်ကုန်မြို့ ဝင်ဒါမီယာရပ်ကွက်ဟု ခေါ်တွင် ခဲ့သည့် အမှတ် ၃၁ ဦးသန့်နေအိမ်လမ်း(ပန်းဝါလမ်း) ကမာရွတ် မြို့နယ်မှ ဦးသန့်နေအိမ်သည် ယခုဆိုလျှင် ဦးသန့် မိသားစုဝင်များ၏ ကုန်ကျခံမှု၊ ရန်ကုန်ရှေးဟောင်းအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ နည်းပညာ အကူအညီများကြောင့် ရွှေဝါရောင်တောက်ပစွာ သစ်လွင် လှပလာခဲ့ပြီ ဖြစ်သည်။
အဆောက်အအုံကို ၂ဝ၁၂ ခုနှစ်ကုန်မှ စတင် ပြင်ဆင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလတွင် အပြီးသတ်ခဲ့ကာ ၂ဝ၁၄ နှစ်ဆန်းပိုင်းတွင် စတင်ဖွင့် လှစ်နိုင်ခဲ့သည်။ ''ကိုလိုနီခေတ်လက်ရာတစ်ခု ဖြစ်ပါတယ်။ သို့သော် ရှေးဟောင်းအမွေအနှစ်ဆိုတာထက် သမိုင်းဝင် အထင် ကရ ပုဂ္ဂိုလ်တစ်ဦးနေထိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်တာ ကြောင့် နောင်လာနောက်သားတွေသိရှိပြီး လေးစား ဂုဏ်ယူတတ်ဖို့ ရည်ရွယ်ချက်နဲ့ ပြုပြင်ရခြင်းဖြစ်ပါ တယ်။ ဒါ့အပြင် အဖွဲ့ရဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက နိုင်ငံတော် သမ္မတ ထံကို မေတ္တာရပ်ခံပန်ကြားကာ ပြတိုက် အဖြစ် အသုံးပြုခွင့်ရဖို့ ပန်ကြားခဲ့ပြီး သမ္မတကြီးကလည်း ဦးသန့်ရဲ့ နေအိမ်ကို ဦးသန့်ဘဝ အမှတ်တရဖြစ်စရာ သာမက အများပြည်သူတွေအတွက် အကျိုးရှိမယ့် ဆွေးနွေး ပွဲတွေ၊ ဟောပြောပွဲတွေကိုလည်း ကျင်းပသွား ဖို့အတွက် အသုံးပြုမယ်လို့ သိထားပါတယ်''ဟု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် နယူးယောက်မြို့ ၌ ကွယ်လွန်ခဲ့ပြီးနောက် ဦးသန့် ၏ နေအိမ်သည် လည်း နှစ်ကာလ ကြာမြင့်လာသည့် အတွက် ဟောင်းနွမ်းလာခဲ့ပြီး လူငယ်အများစုသည် ဦးသန့်နေထိုင်ခဲ့ခြင်းကိုလည်း မသိရှိတော့လောက်အောင် ဖြစ်ခဲ့ရကြောင်း ဦးသန့်နေအိမ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သူတစ်ဦးက ပြောပြသည်။ ''ဦးသန့်လို တည်ကြည်ခံ့ညားပြီး အများအကျိုးကို ဆောင်ရွက်လုပ်ကိုင်နိုင် တဲ့ နှလုံးလှပိုင်ရှင်လည်းဖြစ်၊ ဉာဏ်ရည်မြင့်မားတဲ့ စီမံခန့်ခွဲမှုပညာရှင် လည်းဖြစ်တဲ့ လူကို အခုခေတ် နိုင်ငံတည်ဆောက်နေတဲ့ အချိန် မှာ ပြန်မြင်တွေ့ချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့အတွက် ခက်ခဲနေ တဲ့ပြဿနာတွေ ပိုလွယ်ကူမယ်။ ဦးသန့်မရှိတော့ ပေမယ့် ဦးသန့်ရဲ့စိတ်ထားနဲ့ လူငယ်တွေ တက်ညီလက်ညီဆောင်ရွက်ကြဖို့လိုအပ်တယ်''ဟု ယူနီဆက်ဖ် (မြန်မာ)မှ ဌာနေကိုယ်စားလှယ်က ဆိုသည်။
''တိုင်းပြည်အုပ်ချုပ်ရေးစနစ်တွေအနက် ဒီမို ကရေစီစနစ်ဟာ အခက်ခဲ ဆုံးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အောင်မြင်ဖို့ ပြည်သူ ပြည်သားတွေဟာ အသိဉာဏ် ပညာနဲ့ဆင်ခြင်တုံတရား လုံလောက်စွာထားရှိရမယ်။ အသိÓဏ်ကင်းမဲ့တဲ့ နိုင်ငံမှာ ဒီမိုကရေစီဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေ လိမ့်မယ်''ဟု ပြောထားခဲ့သည့် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်တာဝန်ကို နှစ်ကြိမ်တိုင်ထမ်းဆောင်ခဲ့သူ ဦးသန့် ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏နေအိမ်ကို ပြုပြင်မွမ်းမံ ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ထံမှ သိရှိရသည်။
ရှေးဟောင်းအမွေအနှစ်ဆိုသည်မှာ မရွှေ့ပြောင်း နိုင်သည့် အမွေအနှစ်များ ရှိသကဲ့သို့ သမိုင်း၌ ထင်ရှား ကျော်ကြားသူများ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် အရာ များလည်း ပါဝင်သည်။
ထို့အတွက် ပြုပြင်ထိန်းသိမ်းမှုဖြင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ကာ သမိုင်းအမွေအနှစ် များကိုကြွယ်ဝစေရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။
Ref : Home & Decor
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ