By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 11 May 2018
မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း၏ ဗဟိုကော်မတီအထောက်အပံ့များ ရရှိရေးအတွက် ဆောက်ရွက်ပေးရမည်ဟု မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေတွင် ဖော်ပြထားသည်။
မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများအား ပံံ့ပိုးဆောင်ရွက်ခြင်း
၂၃။ ဗဟိုကော်မတီသည် -
(က) မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူက စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ငန်းအတွက် နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် အခြားပံ့ပိုးမှုများကို ဆက်သွယ်တောင်းခံလာလျှင် လိုအပ်သလို ကူညီပံ့ပိုးပေးနိုင်သည်။
(ခ) မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူက ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေများရရှိလိုလျှင် လည်းကောင်း ပံ့ပိုးပစ္စည်းနှင့် ဝန်ဆောင်မှုအကူအညီရရှိလိုလျှင် လည်းကောင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းသို့ စိစစ်ထောက်ခံပေးနိုင်သည်။
(ဂ) မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူက လုပ်ငန်းအကောင်အထည်ဖော် ဆောက်ရွက်ပြီးနောက်၊ မုန်တိုင်းကျရောက်ခြင်း ကဲ့သို့သော သဘာဝဘေးအန္တရယ်ကြောင့် ကြီးမားသည့် ပျက်စီးဆုံးရူံးမှုများ ဖြစ်ပေါ်ပါက နိုင်ငံတော်မှ အထူူးချေးငွေ ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်ထောက်ခံပေးနိုင်သည်။
၂၄။ ဗဟိုကော်မတီသည် သတ်မှတ်ကာလအတွင်း စည်းကမ်းချက်များနှင့်အညီ ပြီးစီးသည်အထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သော မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရသူများအား အာမခံကြေး ပြန်လည်ထုန်ပေးရမည်။
၂၅။ ဗဟိုကော်မတီသည် -
(က) မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရသူက လုပ်ငန်းများ အကောင်အထည်ဖော် ဆောက်ရွက်ရာတွင် ဒေသခံတောင်သူလယ်သမားများနှင့် အငြင်းပွားခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း၊ ကျူးကျော်ဝင်ရောက် လုပ်ကိုင်ခြင်း၊ အကျိုးပျက်ဆီးခြင်းများ ပြုလုပ်ခံရကြောင်း၊ တင်ပြလာလျှင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဦးစွာညှိနှိုင်းပေးရမည်။ ညှိနှိုင်း၍ မရပါက ဥပဒေအတိုင်း ဆောင်ရွက်ရမည်။
(ခ) မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ချထားပေးသော မြေဧရိယာအပေါ်တွင် ယခင်ကတည်းက လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင်လုပ်ကိုင်ခွင့် ရရှိထားခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ ဆန္ဒအပေါ် ညှိနှိုင်းဆောက်ရွက်ပေးရမည်။
(ဂ) မြေလွတ် မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့် ချထားပေးသော မြေဧရိယာပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့်ရရှိထားပြီးသော တောင်သူလယ်သမားများရှိပါက ၎င်းတို့ှနှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်စေရမည် ဟု မြေလွတ် မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ အခန်း(၈) တွင် ဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Homelands
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ