By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 25 May 2018
ယခင်ကဝန်ကြီးများရုံးဆိုတာ…
ဗြိတိသျှခေတ်က ဝန်ကြီးများရုံးဆိုသည်မှာ ဗြိတိသျှတို့၏ အုုပ်ချုပ်မှုဆိုင်ရာများ ဆောင်ရွက်ရာ နေရာတစ်ခုဖြစ်ခဲ့ပြီး မြောက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် သိမ်ဖြူလမ်း၊ တောင်ဘက်တွင်မဟာဗန္ဓုလလမ်း၊ အနောက်ဘက်တွင် ဗိုလ်အောင်ကျော်လမ်းတို့ဖြင့် ပတ်ပတ်လည် ဝန်းရံခံထားရသော ရန်ကုန်မြို့၏ မြို့အလယ်တည့်တည့် ဗိုလ်တစ်ထောင်မြို့နယ်တွင် တည်ရှိပါသည်။
ကုန်ကျစရိတ်….
ဝန်ကြီးများရုံး၏ ပင်မဆောင်ကို (၁၉၀၂) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ အရှေ့ဘက်အဆောင်နှင့် အနောက်ဘက်အဆောင်ကို (၁၉၀၅)ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ခဲ့ပြီး စုစုပေါင်းကုန်ကျငွေ မြန်မာကျပ်ငွေ (၂.၅) မီလီယမ်ခန့်ကုန်ကျခဲ့သည်။
အတွင်းဝန်များရုံးဟုခေါ်တွင်ခဲ့…
ရန်ကုန်မြို့ရှေးဟောင်းသမိုင်းအမွေအနှစ်ဝင် ဝန်ကြီးများရုံးကို (၁၈၀၀) ခုနှစ် နှောင်းပိုင်းမှာ ဆောက်လုပ်ခဲ့ပြီး အဆောက်အအုံသက်တမ်းမှာ နှစ်ပေါင်း(၁၂၀)လောက်ရှိခဲ့ပြီဖြစ်ကာ (၁၉၇၂) ခုနှစ် အထိ ဝန်ကြီးများရုံး အဆောက်အအုံကို အတွင်းဝန်များရုံးဟု သုံးနှုန်းခဲ့ကြသည်။
လက်ရှိဘာတွေလုပ်နေလဲ…..
ယခုလက်ရှိမှာတော့ ဗြိတိသျှခေတ်၏ ရှေးဟောင်းလက်ရာများနှင့် သမိုင်းအမွေအနှစ်ဝင် ဝန်ကြီးများရုံးအတွင်းရှိ အဆောက်အဦး တစ်ချို့ကို ပြန်လည်မွမ်းမံပြင်ဆင်ရန် လုပ်ဆောင်နေကြပါပြီ။
ရှေးဟောင်းသမိုင်းဝင် ဝန်ကြီးများရုံးအဆောက်အဦးမှာ (၁၉)ရာစုခေတ်က မြန်မာဓာတ်ပုံဆရာများ ရိုက်ကူးခဲ့သော မြန်မာနိုင်ငံ၏မြင်ကွင်းများကို စုစည်းပြသသည့် Burmese Photographers Exhibition ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှ ယခု မတ်လအထိ Goethe-Institute Myanmar နှင့် Yangon Photo Festival တို့မှ ကြီးမှုးကျင်းပလျက်ရှိပါတယ်။
ကမ္ဘာလှည့်ခရီးသည်များ…
(၂၀၁၁၊၂၀၁၂) ခုနှစ်ခန့်က ကိုလိုနီခေတ် ဆောက်အဦးအဟောင်းများကို ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ပြောင်းလဲရန် အမျိုးသားရေးဆွေးနွေးဝိုင်းများအကြား ဆွေးနွေးခဲ့ရာတွင် ဝန်ကြီးများရုံးကို ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲရန် စမ်းသပ်လုပ်ဆောင်ခဲ့ကြသေးသည်။
အာဇာနည်(၉)ဦးကျဆုံးခန်း..
ဝန်ကြီးများရုံးသည် ရှေးဟောင်းအမွေအနှစ်အဆောက်အဦးဖြစ်သည့်အပြင်(၁၉၄၇)ခုနှစ် ဇူလိုင်(၁၉)ရက်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးအဖွဲ့ဝင် (၇)ဦးနှင့် သက်တော်စောင့်(၁)ဦးတို့ လုပ်ကြံခံခဲ့ရသော ဝမ်းနည်းစရာ အမှတ်တရတို့နှင့် ပြည့်နှက်နေသော နေရာတစ်ခုလည်းဖြစ်ပေသည်။ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးမရခင် ခြောက်လခန့်အလို ဝန်ကြီးများရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ စုဝေးကာ မြန်မာနိုင်ငံအရေး ဆွေးနွေးတိုင်ပင်နေစဉ်တွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါများ၏ လုပ်ကြံခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
Written By : Saint Sandi Htet (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ