By The Modern, Shweproperty.com
Updated at 1 July 2018
မြေကွက်ခွဲစိတ်တဲ့အခါ မြေအမျိုးအစားပေါ်မူတည်ပြီး သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မြေကွက်ခွဲစိတ်လို.ရနိုင်တဲ့ အမျိုးအစားတွေကတော့ မြေပိုင်မြေ၊ ဘိုးဘွားမြေ၊ ဂရန်ရှိမြေပိုင်မြေ နဲ. မြေငှားဂရန်မြေတွေကို မြို.ကွက်မြေပုံနှင့် မြို.စာရင်းတို.မှာ ခွဲစိတ်ပေးပါတယ်။
ခွဲစိတ်ရန်လျှောက်ထားတဲ့ မြေကွက်အတိုင်းအတာဟာ မျက်နှာစာဘက်မှာ အနည်းဆုံးပေ ၂၀ ရှိရမှာဖြစ်ပါတယ်။ မြေတစ်ကွက်လုံးရဲ. စုစုပေါင်း ဧရိယာအနည်းဆုံး ၁၂၀၀စတုရန်းပေရှိရမှာဖြစ်ပါတယ်။
ခွဲစိတ်ရန် လျှောက်ထားတဲ့ မြေကွက်တွေကို ဝင်ထွက်သွားလာရန်လုံလောက်တဲ့ လမ်းပါရှိရပါမယ်။ ကော်မတီပိုင်လမ်းမရှိပါက ကိုယ်ပိုင်လမ်း လျာထားပေးရပါမယ်။ မြေကွက်ခွဲစိတ်မျဉ်းနဲ. မြေပြင်ရှိ အဆောက်အအုံတို. ကင်းလွတ်မှုရှိရပါမယ်။
လျှောက်ထားလိုသူဟာဌာနမှသတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ.အတူ မြေတိုင်းလျှောက်ထားစဉ်က တင်ပြခဲ့တဲ့ အထောက်အထားတွေ အပြင် တစ်နှစ်အတွင်း သက်တမ်းရှိတဲ့ ဌာနက ထုတ်ပေးထားတဲ့ မြေကွက်ခွဲစိတ်ရန် မှန်ကန်ကြောင်းသက်သေခံတဲ့ မြေပုံနှင့် မြေရာဇဝင်မူရင်းအတိုင်းအတာ ပါတဲ့ မြေတိုင်းမြေပုံ မိတ္တူ၊ ကော်မတီက အသိအမှတ်ပြုမြေပုံ သုံးပုံနဲ. အသေးစိတ်တွက်ချက်မူပုံစံ သုံးစုံမူရင်းတွေ ရှိရပါတယ်။
လျှောက်ထားသူတင်ပြတဲ့ အထောက်အထားတွေ ပြည့်စုံမှကန်ပါမှ ဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးပါတယ်။ ကိုက်ညီမှန်ကန်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်ခွဲအတည်ပြုပုံစံနဲ. မြေကွက်ခွဲစိတ်တိုင်းတာတဲ့ မြေပုံတွေထုတ်ပေးပါတယ်။
ဌာနရှိမြို.ကွက်မြေပုံနဲ. မြို.မြေစာရင်းတို.မှာလည်း ဦးပိုင်အသစ်များ ခွဲစိတ်မှတ်သားထားပါတယ်။ ခွဲစိတ်တဲ့ မြေကွက်ဟာ ဂရန်မြေဖြစ်ပါက ဂရန်ခွဲ ဆက်လက်ဆောင်ရွက်ရန်နဲ. မြေပိုင်မြေဖြစ်ပါက အမှားပြင် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ