By Sint Sint, Shweproperty.com
Updated at 18 December 2020
အိမ်တစ်အိမ်မှာ ကျက်သရေပြည့်စုံဖို့ရော ကြီးပွားဖို့ စီးပွားတက်ဖို့လည်း လိုတာပါ။ ဒါဆိုရင်တော့ အိမ်မှာ ချမ်းသာခြင်း သုခတွေကိုလည်း အပြည့်အဝခံရရှိမှာပါ။လက်ရှိမှာနေထိုင်နေတဲ့အိမ်ဟာဘယ်အမျိုးအစားထဲပါနေလဲဆိုတာ သိရှိထားဖို့တော့ လိုပါတယ်နော်။အိမ်တစ်အိမ်သာယာဖို့ဆိုတာ မိမိတို့တစ်အိမ်တည်းကိုပဲ ပြုပြင်နေလို့တော့ မရပါဘူးနော်။ဘေးပတ်ဝန်းကျင်အိမ်ရဲ့ အနေအထားကိုလည်း သိရှိထားရပါမယ်။အိမ်၏ခေါင်းရင်းနေအိမ်သည် မိမိအိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည်အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟုခေါ်သည်။ နေသောမိသားစုသည်စီးပွားတက်၏။ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည် ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည်ကိုယ့်အိမ်က အလယ်မှအမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။လူကြီးမိဘတို့ကိုခေါင်းရင်းဘက်ထား၍ ပြုစုလုပ်ကျွေးပါက အထူးကောင်းမွန်၏။ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ကိုယ့်အိမ်၏ ခြေရင်းကကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည်။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ခြေရင်းအိမ်ကမြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ ရေဆန်အိမ်ဟုခေါ်သည်။ရှေးလူကြီးများကမဝယ်သင့်ဟုဆိုကြ၏။ကိုယ့်အိမ်၏ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း သို့မဟုတ် အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏။ မကျန်းမမာဖြစ်တတ်၏။ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည်။ သတိထားရပါမယ်။ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကားပြင်းသော အသံချဲ့စက် ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။အမင်္ဂလာအသံကြားတွင် ညပ်နေ၍ဖြစ်၏မေတ္တသုတ်မပြတ်သရဇ္ဈယ်အပ်၏။အလွန်စပ်စပ် စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့် နေထိုင်ရပါက မရှိပါဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလမလုံသောကံကို စီရင်ဖန်တီးမိနေတတ်ပါတယ်။ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြော ရတတ်၏။ ဝစီဗေဒထိတိုင်းရှဟူသည်နှင့်အညီ ကိုယ်ပါဆင်းရဲနွမ်းပါးလာတတ်၏။ကြီးပွားမယ့် စီးပွားတက်မယ့်အိမ်ဆိုတာလည်း လာဘ်ပွင့်ဖို့လည်း လိုပါသေးတယ်။
အိမ်မှာ လာဘ်ပွင့်ငွေဝင်အိမ်အေးချမ်းအောင်ဒါတွေ လုပ်ဆောင်ပါ
(၁)ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ဘုရားပန်းအိုးထဲမှရေများမပူပါစေနဲ့။ သောက်တော်ရေကိုသတိရတိုင်းကပ်ပါ။
(၂)ဘုရားရှိခိုးလျင်အိမ်စောင့်နတ်ခြံစောင့်နတ်အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ေ ကာင်းများမြင်အပ်မမြင် အပ်သတ္တဝါများ အားလုံးကိုမေတ္တာပို့အမျှဝေပါ။
(၃)အလွန်ကံညံ့ လာဘ်ပိတ်နေလျင်ညသန်းခေါင်ပရိတ်ရွတ်ပါ။ ည 12နာရီနော က်ပိုင်းသည်နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင်ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄)အိမ်မှာအဟောင်းအစုတ်တွေမထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီးထားတတ်ကြတာတွေရှိပါတယ်။ ပုလင်းကွဲတွေဒန်အိုးေ ပါက်တွေအဝတ် အစားစုတ်တွေဘယ်လိုမှသုံးမရတာတွေလွှတ် ပစ်လိုက်ပါ။ အိမ်မှာလိုအ ပ်တာတွေသာအဓိက ထားပါ။
(၅)အိမ်ကိုတံမြ က်စည်းလှည်းလျင်နံနက် လှည်းလျှင်အိမ်ရှေ့မှ အိမ်နောက်သို့လှ ည်းပါ။ ညနေနှင့်ညဘက်လှည်းလျှင်အိမ် နောက်မှ အိမ်ရှေ့သို့လှည်းပါ။
(၆)မီးဖိုချောင်တွင်ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။
(၇)အိမ်ရှိေ လှကားများ ကျိူးပျက်နေသည်ကိုပြုပြင်ပါ။ လှေကားများကျိူးပျက်နေခြင်းကလာဘ်တိတ်စေသ လိုမကောင်းသောအန္တ ရာယ်များကို ဖိတ်ခေါ်စေပါတတ်ပါတယ်။
ဒါလေးတွေကိုတော့ တက်နိုင်သမျှ ရှောင်ကြည်ရမှာပါနော်။ နောက်ထပ်ပြောပြချင်တာလေးကတော့ မိမိအိမ်မှာလာဘ်ပွင့်ငွေဝင်အိမ်အေးချမ်းအောင်လုပ်ရမယ့် အရာလေးတွေလည်း ရှိနေပါသေးတယ်။အိမ်ကအေးချမ်းနေရင် စိတ်ချမ်းသာရမှာပဲ မဟုတ်လား။ ရှေးက အယူတွေကလည်းသ ည်း စရာမလိုဘဲ ယုံကြည်မှုလေးနဲ့လည်း လုပ်ဆောင်မယ်ဆိုရင် မမြင်နိုင်တဲ့ ကံတရားကိုလည်း ပြုပြင်ပေးရာလည်းရောက်တယ်လို့ လူကြီးသူမတွေရဲ့ ပြောစကားကိုမှတ်သားဖူးပါတယ်။အယူအဆဆိုတာက မြန်မာလများအလိုက် နေဝင်ချိန်ဟူ၍ အချိန်နာရီကို သတ်မှတ်ထားတက်ပါတယ်။ထိုနေဝင်ချိန်တွေမှြ ဘုရားမီး ပူဇော်ခြင်း၊ အိမ်မီးများ ထွန်းညှိခြင်းအားဖြင့် နေဝင်မီးလက် စီးပွားတက်ဟူသော ဆိုထုံးနှင့်အညီ စီးပွား တက်စေနိုင်တယ်ဆိုတာ သင်တို့ကြားဖူးကြမှာပါ။မိမိတို့၏ အိမ်ခန်းအလုပ်ခန်း၊ ရုံးခန်းများ တွင် ညနေစောင်း နေဝင်ချိန်၌ ဘုရားမီးပူဇော်၍ ဆုတောင်းခြင်း၊ အိမ်မီးများ၊ ဆိုင်မီးများဖွင့်၍ ဆုတောင်း ခြင်းများ ပြုလုပ်နိုင်ကြပါစေရန် ရှေးမြန်မာ ဆရာကြီးတို့ သတ်မှတ်ခဲ့သော လအလိုက် နေဝင်ချိန်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
မြန်မာတို့ရဲ့ လအလိုက် နေဝင်ချိန်များ
၁။ တန်ခူးလ – ညနေ ၆းဝဝ နာရီ
၂။ ကဆုန်လ – ညနေ ၆း၁၀ နာရီ
၃။ နယုန်လ – ညနေ ၆း၂၀ နာရီ
၄။ ဝါဆိုလ – ညနေ ၆း၃၀ နာရီ
၅။ ဝါခေါင်လ – ညနေ ၆း၂၀ နာရီ
၆။ တော်သလင်းလ – ညနေ ၆း၁၀ နာရီ
၇။ သီတင်းကျွတ်လ – ညနေ ၆းဝဝ နာရီ
၈။ တန်ဆောင်မုန်းလ – ညနေ ၅း၅၀ နာရီ
၉။ နတ်တော်လ – ညနေ ၅း၄၀ နာရီ
၁၀။ ပြာသိုလ – ညနေ ၅း၃၀ နာရီ
၁၁။ တပို့တွဲလ – ညနေ ၅း၄၀ နာရီ
၁၂။ တပေါင်းလ – ညနေ ၅း၅၀ နာရီ တို့ ပဲဖြစ်ပါတယ်။
နေထွက်ချိန်နံနက်ခင်းတွေမှာလည်း ကောင်းသော အပြုအမှုများပြုလုပ်ခြင်း တရားစာ ဘုရားစာများရွတ်ဖတ်ခြင်းသည်လည်း စီးပွားတက်စေမှာ ဧကန်မလွဲပါဘူး။
နေထွက်ချိန်လေးတွေကတော့
လတိုင်း
တန်ခူးလ နှင့် သီတင်းကျွတ် (၅းဝဝ)
ကဆုန်လ နှင့် တော်သလင်းလ (၄း၅ဝ)
နယုန်လ နှင့် ဝါခေါင်လ (၄း၄၀)
ဝါဆိုလ (၄း၃ဝ)
တန်ဆောင်မုန်း နှင့် တပေါင်းလ (၅း၁ဝ)
နတ်တော်လ နှင့် တပို့တွဲလ (၅း၂ဝ)
ပြာသိုလ (၅း၃ဝ) လို့မှတ်သားရပါမယ်။
အိမ်တစ်အိမ်ရဲ့ မြေဆိုတာကလည်း အရေးပါလွန်းပါတယ်။အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။ မြေရွေ ပြီး တိုင်ထူရင်ရှောင်ရမယ့် အရာ သစ်သားရွေးချယ်ခြင်းပဲဖြစ်ပါတယ်။မသုံးသင့်တဲ့အသားတွေလည်း ရှိပါတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊သီးသား၊သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊လဲဝါတို့ဖြစ်ပါတယ်။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲရှိပါသေး တယ်။ အဲဒါတွေကတော့ -အိမ်ဖြစ်တဲ့အတွက်တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ရှိနေရင် ဖြတ်ပစ်ရမယ်။ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ်တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ဆိုပါတယ်။အိမ်အကာအကွယ် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ —
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ –
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
အဲဒီစာတွေရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ အဲဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပြီး ကြီးပွားချမ်းသာမယ့် နမိတ်ကိုဆောင်ခြင်းပဲဖြစ်ပါတယ်။စီးပွားတက်မယ့်အိမ်အကြောင်း ပြောရင်းနဲ့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့ အရာလေးတွေက ရှိပါသေးတယ်။
တနင်္ဂနွေနေ့ အိမ်ဆောက်လျှင်ဆင်းရဲမည်။ တနင်္လာနေ့အိမ်ဆောက်လျှင်ဥစ္စာစီးပွားတတ်မည်။အင်္ဂါနေ့အိမ်ဆောက်လျှင်အရာရာအောင်မြင်မည်။ဗုဒ္ဓဟူးနေ့အိမ်ဆောက်လျှင်သောကများပြီးစီးပွားရေးမတည်မငြိမ်ဖြစ်မည်။ကြာသပတေးနေ့အိမ်ဆောက်လျှင်စီးပွားရေးတိုးတတ်ပြိးအရာရာအဆင်ပြေမည်။သောကြာနေ့အိမ်ဆောဘက်လျှင်အိမ်တွင်း ပူပင်သောကများမည်။ ဥစ္စာဓနတိုးပွားမည်။စနေနေ့အိမ်ဆောက်လျှင်အချင်းချင်း စကားငြင်းခုံရတတ်သည်။အဆင်မပြေမှုများပူပင်သောကများအလိုလိုဝင်လာတတ်သည် စတဲ့နေ့နံအလိုက်တွေကိုလည်း မှတ်ထားထားသင့်ပါတယ်နော်။ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့အကြောင်းအရင်း (၅)ချက်ကို ပြန်လည်မျှဝေပေးပါရစေ။အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။အိမ်သူအိမ်သားအားလုံးက .....
၁။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး၊
၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊
၃။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရားသိပ်ကောင်းကြတယ်။
၄။ မုသားလည်းမပြောကြဘူး၊
၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊
အဲဒီလိုဆိုရင်တော့ မိသားစုတွေဟာ စိတ် ချမ်းချမ်းသာသာ နေလို့ရနေတာပေါ့။ အိမ်တစ်အိမ်မှာချမ်းသာသလို မိမိကိုယ်တိုင်ကလည်း ကံငါးပါးကို လုံတယ်ဆိုရင်တော့ အဲဒီအိမ်ဟာအမြဲအိမ်တံခါးဖွင့်ထားလို့ရနိုင်ပြီးတော့ စီး ပွားတွေဆိုတာလည်း တလဟော ဝင်လာနီုင်တော့မှာပေါ့။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
အိမ်နှင့်မြေ ဝယ်ရင် ဘာတွေအလေးအနက်ထားရမလဲ
လယ်မြေပုဒ်မ ၇ (က)နဲ့ ၇ (ခ)အကြောင်း တစေ့တစောင်း
ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက်များ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ